Saturday, June 18, 2011

Happy Birthday ပါ ဖွားဖွားစု !!!






























ဒီနေ့ ဇွန်လ (၁၈) ရက်နေ့ တွင် ရန်ကုန် လှိုင်သာယာမှ အမေ့အိမ် ပညာဒါနကျောင်းလေးမှာ ပညာသင်ယူနေကြတဲ့ အတန်းစုံက ကလေးငယ်တွေအားလုံး စုပေါင်းပြီး သူတို့ ချစ်တဲ့ ဖွားဖွားစုရဲ
့(၆၆) နှစ်မြောက်မွေးနေ့ အကြို ဆုတောင်ပွဲလေးတစ်ခုကို ပျော်ရွှင်စွာ ကျင်းပပြုခဲ့ကြပါတယ်။

အခမ်းအနားမှာ ..... ဖွားဖွားဒေါ်အောင်ဆန်းစုကြည်ရဲ့  ကျေးဇူကြောင့် ဒီအမေ့အိမ်ကျောင်းလေး ပေါ်ပေါက်လာရပုံကို ဆရာ ဦးအေးဘိုက ကလေးများကို ရှင်းလင်းပြောပြပြီး၊ ကဗျာဆရာကြီ ဦးတင်မိုးရဲ့ ''မွေးနေ့ မင်္ဂလာ'' ကဗျာကို ဆရာမ ဒေါ်စပါယ်က ကလေးများနဲ့ အတူ သံပြိုင် ရွတ်ဆိုပြီး ဖွားဖွားစု အတွက် မွေးနေ့ ဆုတောင်းမေတ္တာများ ပို့ သခဲ့ကြပါတယ်၊

''Happy Birthday ဖွားဖွားစု'' သီချင်းကိုတော့ ဆရာ ဦးဥာဏ်ဝင်းအောင်က ဂီတာတီးပေးပြီး ကလေးများနဲ့ ဆရာ ဆရာမများအားလုံး ပါဝင်သီဆိုပြီး Birthday cake ကို တပျော်တပါး လှီးခဲ့ကြပါတယ်၊ နောက်ဆုံး အစီအစဉ်အနေနဲ့  ကလေးများကို မုန့် နဲ့  လက်ဆောင်ပစ္စည်းလေးများ ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။



ထို့ အပြင် UAE နိုင်ငံမှ ကိုနေမိုးဝင်းနှင့် သူငယ်ချင်းတစ်စုက
အမေစုမွေးနေ့ အမှတ်တရ ကောင်းမူပြုသည့် အနေဖြင့် အလှူငွေ ကျပ် ၃၀၀၀၀၀ိ/ ( သုံးသိန်း)ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူဒါန်းပြီး ကလေးများနဲ့ အတူ အမေ့မွေးနေ့ ပွဲကို ပျော်ရွှင်စွာ
ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

မနက်ဖြန် ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်မယ့် အမေ့မွေးနေ့ မှာလည်း ကလေးများအားလုံးရဲ့  ရင်ထဲက စကားလုံးလေးတွေကို သူတို့ ကိုယ်တိုင် မညီမညာလက်ရေးလေးတွေနဲ့  ရေးသားထားတဲ့ ''အမေ့အိမ်မှ ဆုတောင်းသံ'' စာအုပ်ကို အမေ့စုထံ မွေးနေ့ လက်ဆောင်အဖြစ် ပေးအပ်မှာ ဖြစ်ပါတယ်။

အမေ့ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ .....

အမေ့ရဲ့ သားသမီးနှင့် မြေးများ၊
အမေ့အိမ် ပညာဒါနကျောင်း၊
လှိုင်သာယာ၊ ရန်ကုန်။

No comments: