Thursday, June 2, 2011

Mr John McCain မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများအား တွေ့ ဆုံ

အမေရိကန် အထက်လွှတ်တော်အမတ် Mr John McCain မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဝင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့ ဝင်များနှင့် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများအား တွေ့ ဆုံ။






































































































































































တောင်ဒဂုံမြို့နယ်၊ အမှတ် (၃၇၆)၊ ကမ္ဘောဇ (၂) လမ်း၊ရှိ HIV/AIDS Prevention and Care Section သို့ အမေရိကန် အထက်လွှတ်တော်အမတ် Mr John McCain နှင့် သံရုံးတာဝန်ခံ မစ္စတာဒင်္ဂါနှင့် အဖွဲ့ဝင်(၇)ဦး တို့ နံနက် ၉နာ၇ီ တွင် လာရောက်ခဲ့သည်။

ထိုသို့လာရောက်ရာတွင် HIV/AIDS Prevention and Care Section မှ တာဝန်ရှိသူများဖြစ်ကြ သော မဖြူဖြူသင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဒေါ်မေ၀င်းမြင့်၊ တနသာင်္ရီတိုင်းတာဝန်ခံ ဦးလှမင်း၊ ရန်ကုန်တိုင်းစည်းအဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့မှ လက်ခံတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် လွတ်တော်အမတ် Mr John McCain အနေဖြင့် မဖြူဖြူသင်း မှ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထိုနောက် Mr John McCain နှင့် အဖွဲ့သည် လူနာများအား ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံ ကြည့်ရူ့အားပေးခဲ့ကြပြီး လူနာများနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ ယင်းနောက် မဖြူဖြူသင်းနှင့် (၅) မိနစ်ခန့်သီးသန့်တွေ့ဆုံခဲ့ရာ အထွေထွေအတွင်းရေး ၊ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့်အခါ လုပ်ငန်းကိစ္စများကို ဆက်လက်ပြောပြပေးမည်ဟု မဖြူဖြူသင်းအား ပြောကြားခဲ့သည်။

ယင်းနောက် မဖြူဖြူသင်းမှ အမှတ်တရ လက်ဆောင်ပြန်လည်ပေးခဲ့သည်။ ထိုနောက် Mr John McCain နှင့်အဖွဲ့အား လူနာများမှ စားသောက်စရာများနှင့် တည်ခင်းဧည့်ခံပြီး နံနက် (၁၀းဝ) နာရီတွင် အဆိုပါ နေအိမ်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။

ထိုအပြင် Mr John McCain နှင့် အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရုံးတွင် ဒုဥက္ကဌ ဘဘ ဦးတင်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဝင်များအားလည်း တွေ့ ဆုံခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ သွားရောက်ကာ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များအားလည်း တွေ့ ဆုံခဲ့ပါသည်။

(သတင်းပေးပို့ လာသူများနှင့် ပြန်လည်မျှဝေသူ ဒီမိုဝေယံတို့ အား ကျေးဇူးတင်ရှိပါသည်)။

No comments: