Sunday, July 31, 2011
Saturday, July 30, 2011
Friday, July 29, 2011
ဘောလုံးပွဲလာကြည့်တဲ့ ပရိသတ် မြန်မာပြည်သူပြည်သားတွေကို မဖမ်းနဲ့ ၊ အရင် ဖမ်းရမှာ ဇော်ဇော်ဘဲ။
မနေ့ က ဖြစ်ပွားခဲ့တဲ့ ဘောလုံးပွဲ ပဋိပက္ခမှာ မြန်မာပြည်သူပြည်သား ပရိသတ်တွေထဲက အချို့ ကို ဖမ်းဆီးထိန်းသိမ်းထားတယ်တဲ့ဗျာ။ ဆိုးသွမ်း သောင်းကြန်းခဲ့ကြတဲ့ ပရိသတ်တစ်ချို့ ဆိုပြီး ပြောဆိုထိန်းသိမ်းတာ အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့ ရဲ့  မြန်မာပြည်သူအပေါ်မှာ မိုက်ရိုင်းစော်ကားပြတာဘဲ။
နောက်ပြီး ပြောထားတာက “ဆိုးသွမ်းတဲ့ ပရိသတ်တွေက ကွင်းအတွင်းကို ဂျင်ဂလိတွေ၊ လေးခွတွေ ယူလာခဲ့လို့ ” တဲ့။ စီစီတီဗွီကနေ ဆက်လက်ဖေါ်ထုတ်ဦးမယ်တဲ့။ ဒီလိုဖြစ်အောင် လုံခြုံရေးတာဝန် ယူထားပါတယ်ဆိုတဲ့ လက်နက်အားကိုးသမားတွေက မစစ်ဆေးခဲ့ဖူးလား၊ အရက်သေစာ သောက်စားလို့ ရအောင် ရောင်းချပေးနေတာကို သိသိကြီးနဲ့  ခွင့်ပြုနေခဲ့တာ တာဝန်ရှိတဲ့ ဇော်ဇော်တို့ ကအစ မသိချင် ယောင်ဆောင်နေခဲ့တာ မဟုတ်ပါလား။
နောက်ဆုံး ကိုယ့်မြန်မာပြည်သူပြည်သားတွေကို အာဏာရူး သန်းရွှေ သိန်းစိန်တို့ က ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ် FIFA ကို ပြန်ချော့ဖို့ အတွက် ထိုးကျွေးပါတော့မယ်။ ဘယ်လောက် မိုက်ရိုင်းလိုက်တဲ့ သန်းရွှေ သိန်းစိန်တို့ ရဲ့ လုပ်ရပ်လည်း၊ တရုတ်အစိုးရနဲ့  ပတ်သက်ရင်လည်း ကိုယ့်မြန်မာလူမျိုးတွေဘဲ ခံရ၊ အခုလည်း ဘောလုံးပွဲကိစ္စနဲ့ ပတ်သက်ရင်လည်း လာပြန်ပြီ၊ မြန်မာပြည်သူပြည်သားတွေ ခံရပြန်ဦးမယ်။
အခုလို ဘောလုံးပွဲပဋိပက္ခအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ် FIFA ကနေ ဒေါ်ဘာ (၅) သောင်းအထိ ဒါဏ်ရိုက်နိုင်တာကြောင့်၊ FIFA ဘောလုံးပွဲတွေအတွက် အိမ်ရှင်နိုင်ငံအဖြစ် လက်မခံနိုင်တော့မှာကြောင့်ဆိုပြီး ကိုယ့်မြန်မာလူမျိုးအချင်းချင်း ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ အာဏာရူး သန်းရွှေ သိန်းစိန်တို့ က ဖမ်းဆီးအရေးယူပါမယ်တဲ့။ ကောင်းကြသေးရဲ့ လားဗျာ။ သန်းရွှေ သိန်းစိန် အမျိုးသားသစ္စာဖောက်တွေ မိုက်ရိုင်းပြဦးမှာပါ။ တကယ်တမ်း အရင်ဆုံး ဖမ်းဆီးအရေးယူရမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ် ဇော်ဇော်ပါ၊ ဘောလုံးပွဲ ၀ါသနာရှင် မြန်မာပြည်သူပြည်သားတွေ မဟုတ်ပါဖူး။ “အရင်းစစ်တော့ အမြစ်ကဆိုသလို ပဋိပက္ခတွေ ကြီးထွားရခြင်း အခြေခံကတော့ … http://niknayman-niknayman.blogspot.com/2011/07/blog-post_29.html” ဆိုတာ သေသေချာချာ ဖတ်ကြည့်ရင် အရင်ဆုံး ဖမ်းဆီးအရေးယူရမှာ ဇော်ဇော် ဆိုတာရယ်၊ နောက် ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်ရမှာ အာဏာရူး သန်းရွှေ သိန်းစိန်တို့ ဘဲ။
ဒါနဲ့ များ ဘာတဲ့လည်း သိန်းစိန်တို့ ရဲ့  သန့် ရှင်းအစိုးရဆိုတာ။ ပြည်သူကို သတ်လိုက် ပြည်သူကို နင်းခြေလိုက်နဲ့ ။
မနေ့ က ကိစ္စနဲ့  ပတ်သက်ပြီး အာဏာရူး သန်းရွှေ သိန်းစိန်တို့ က မြန်မာပြည်သူပြည်သား ဘောလုံးဝါသနာရှင်အချို့ ကို ဖမ်းဆီးထားပါတယ်ဗျာ။
အရင်းစစ်တော့ အမြစ်ကဆိုသလို ပဋိပက္ခတွေ ကြီးထွားရခြင်း အခြေခံကတော့ …
မြန်မာနိုင်ငံမှာ ဘယ်နေရာဘဲဖြစ်ဖြစ် ဘယ်အကြောင်းအရာဘဲဖြစ်ဖြစ် လက်နက်ကိုင်အင်အားတွေနဲ့  ထိန်းချူပ်မယ်၊ လက်နက်အားကိုးနဲ့  ဖြေရှင်းရင် ရတာဘဲဆိုတဲ့ အာဏာရူးအုပ်စုတွေရဲ့  လမ်းစဉ်အတိုင်း ကျင့်သုံးမှုဟာ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ်ဆိုတာ လက်တွေ့ သဓကတွေ ပြတာများပါပြီ။
မနေ့ က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံအတွင်းက မြန်မာဘောလုံးအသင်းနဲ့  အိုမန်ဘောလုံးအသင်းတို့ ရဲ့  ယှဉ်ပြိုင်ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမျိုးဟာလည်း ဒီဘောလုံးပွဲစဉ်တစ်ခုထဲမှာမှ စဖြစ်တာ မဟုတ်ပါဖူး။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကစပြီး ဘောလုံးပွဲဆိုတာ မြန်မာလူမျိုးတို့ ရဲ့  အမျိုးသားတစ်ရပ်လုံး နှစ်ခြိုက်ဝါသနာကြီးမားလှတဲ့ အားကစားတစ်ရပ်ပါ။ ဒီလို မြန်မာလူမျိုးတွေရဲ့  ဘောလုံးပွဲ နှစ်သက်မှုကို ခုတုံးလုပ်ပြီး အာဏာရူးတွေဟာ ပြည်သူပြည်သားတွေ နိုင်ငံရေးစိတ်ပါဝင်စားမှုတွေ လျှော့ပါးစေအောင် အာရုံလွှဲရာ နည်းလမ်းတစ်ခုအနေနဲ့  သုံးလာခဲ့ပါတယ်။ ဘောလုံးပွဲတွေကို ပိုမိုဆောင်ရွက်ပေးတယ် အမျိုးသားအားကစားကို တိုးတက်မြင့်မားစေရေး လုပ်ဆောင်ပေးတယ်လို့  အသံကောင်းဟစ်ပြီး အမှန်တကယ်မှာတော့ လာဘ်စားမှုတွေ ပိုမိုများပြားလာတယ်၊ လောင်းကစားမှုတွေ အရှိပြင်းပြင်း ကြီးထွားလာတယ်။ မြန်မာ့ဘောလုံးတင်မက အားကစားတွေမှာ အရည်အချင်းတွေကျတော့ ကျဆင်းသထက် ပိုမိုကျဆင်းလာတယ်ဆိုတာ အာဏာရူးတွေ လက်ထက်တစ်လျှောက်မှာ ဖြစ်နေခဲ့တယ်။
အာဏာရူးတွေရဲ့  နည်းလမ်းမကျတဲ့ လုပ်ရပ်ဖန်တီးချက်တွေကြောင့် အားကစားကို ချစ်မြတ်နိုးတဲ့စိတ်တွေထဲမှာ အဖြူကို အရောင်ဆိုးလို့  ညစ်ထွေးမှုတွေ ဖြစ်ကြရတဲ့ အဓိက တရားခံဟာ အာဏာရူး သန်းရွှေ သိန်းစိန်တို့ ကြောင့်ဆိုတာ ပြောရမှာဘဲ။
မနေ့ က ဖြစ်ခဲ့တဲ့ မြန်မာဘောလုံးအသင်းနဲ့  အိုမန်ဘောလုံးအသင်းတို့ ရဲ့  ယှဉ်ပြိုင်ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပဋိပက္ခအစမှာ ပြေလည်စွာ ဖြေရှင်းရမယ့်အစား မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချူပ် ဥက္ကဌဆိုပြီး သန်းရွှေတို့  သိန်းစိန်တို့  မြှောက်စားလို့  ဖြစ်လာရတဲ့ ဇော်ဇော်က မြန်မာပရိသတ်ကို ဦးစွာ မာရေကြောရေနဲ့  သတိပေးခြိမ်းခြောက်ခဲ့လို့  ပြဿနာပိုမိုကြီးထွားသွားခဲ့ရတာ ဖြစ်ပါတယ်။ သူရဲ့ နောက်က လက်နက်ကိုင်အင်အားစု အားကိုး၊ မြန်မာနိုင်ငံဘောလုံးအသင်းဥက္ကဌဆိုတဲ့ ဂုဏ်မာန်မာနနဲ့  သန်းရွှေ သိန်းစိန်တို့ ရဲ့  မြှောက်စားမှု အရှိန်အ၀ါနဲ့  မြန်မာပရိသတ်ကို မောက်မောက်မာမာ ပြောဆိုခဲ့လို့  အခြေအနေက ပိုမိုဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ဇော်ဇော်ဟာ ဘောလုံးပွဲစဉ်အတွင်း လက်ရှိပဋိပက္ခဖြစ်နေစဉ်အချိန်အတွင်းမှာတောင် ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းဖို့ ထက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ်က ဆူပူကြိမ်းမောင်ပြီး အရေးယူမှာကို ပိုကြောက်နေလေရဲ့ ၊ အောက်ဖေါ်ပြပါ ဗွီဒီယိုမှတ်တမ်းထဲမှာ သူရဲ့  လူတစ်ဦးကို “သွား သွား ဟို FIFA နားမှာ ကပ်နေ ဘာပြောမလည်းဆိုတာ” ဆိုပြီး စိုးရိမ်စိတ်အပြည့်နဲ့ ခိုင်းဆိုပြောပါလေရဲ့ ။
ကမ္ဘာ့ဘောလုံးအဖွဲ့ ချူပ် FIFA က အရေးယူတာ ခံရရင် ဇော်ဇော်အနေနဲ့  သန်းရွှေ သိန်းစိန်တို့ ရဲ့  အညိုအညင်ခံရမှာရယ်၊ မြန်မာနိုင်ငံမှာ နောက်ဆို နိုင်ငံခြားဘောလုံးပွဲတွေ လာရောက်ဖို့  နောက်ဆုတ်ကုန်မှာရယ်ကို အတော့်ကို စိုးရိမ်နေတယ် ထင်ပါရဲ့ ၊ နောက်ဆုံးတော့ ဇော်ဇော်တစ်ယောက် အစကတော့ မောက်မာစွာ လက်ညှိုးထိုး ခြိမ်းခြောက်ပြောဆိုနေရာကနေ လက်အုပ်ချီတောင်းပန်တဲ့အနေအထားကို ပြောင်းလဲလိုက်ပါတော့တယ်။
ဇော်ဇော်ရေ ကိုယ့်မြန်မာလူမျိုးတွေအပေါ် ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံလို့  မရပါဖူး။
မြန်မာပြည်မှာ ပဋိပက္ခတွေကို နည်းလမ်းကျကျ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းတတ်တဲ့ ခေါင်ကိုက မလုံတဲ့ အာဏာရူး သန်းရွှေ သိန်းစိန်တို့  အုပ်ချူပ်နေသ၍ ပဋိပက္ခတွေက ပိုမိုကြီးထွားနေမှာပါ။
တရားမျှတစွာနဲ့  အရှုံးရှိလို့ ရှိရင် ကျေကျေနပ်နပ်နဲ့ လက်ခံပြီး အနိုင်ရသူကို အောင်မြင်မှု အကျိုးပေးရမယ်ဆိုတာ နားမလည်တဲ့ အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့  ကိုယ်တိုင် ခေါင်ကစပြီး မိုးမလုံနေသ၍၊ အကြမ်းဖက်မှုနဲ့  ဖြေရှင်းနေကျ အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့  အုပ်ချူပ်နေသ၍၊ ဘာဘဲဖြစ်ဖြစ် တစ်ခုခုဖြစ်ပြီဆိုရင် ပြည်တွင်းပြည်ပ အဖျက်သမားများရဲ့  သွေးထိုးလှုံ့ ဆော်မှုဆိုပြီးတော့သာ စွပ်စွဲလက်ညှိုးထိုးတတ်တဲ့ ငါတို့ ကြောင့် မဟုတ်ဖူးဆိုပြီး ခေါင်းရှောင်နေကြ အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့  ကြီးစိုးနေသ၍ နိုင်ငံနဲ့ လူမျိုးအတွက် ပြည်တွင်းမှာဘဲဖြစ်ဖြစ် ပြည်ပမှာဘဲဖြစ်ဖြစ် မျက်နှာမလှ ဖြစ်နေကြရဦးမှာပါ။
Thursday, July 28, 2011
ရေဘေးသင့် ပြည်သူတွေကို အားပေးတာလည်း ထိုင်ပြီး အရိုအသေ ပေးခိုင်းနေတာလား သိန်းစိန်။
သိန်းစိန်က ပဲခူးမြို့ က ရေဘေးသင့်သူ ပြည်သူတွေကို သွားရောက် အားပေးတာတဲ့ဗျာ။ ဘာတဲ့ ပြောထားသေးတယ် ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးတာတဲ့။
မြင်ရတာတော့ ပြည်သူတွေခမြာ ဒုက္ခရောက်နေရတဲ့အထဲ ထိုင်ပြီး အရိုအသေပေးနေရသေးတယ်၊ သိန်းစိန်တို့  ပြည်သူကို နှုတ်ဆက်တာ အရင် သန်းရွှေနဲ့  ဘာမှ မခြားပါလား။
ဒီလိုဘဲ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချူပ် ဥာဏ်ဝင်းဆိုသူကလည်း သိန်းစိန်လိုဘဲ ထပ်တူထပ်မျှဘဲ။
ကမ္ဘာကျော် တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်တဲ့ အမေရိကန်သမတတို့ ၊ တရုတ် သမတတို့ နဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့  ပြည်သူလူထုနဲ့  တွေ့ ထိဆက်ဆံအားပေးမှုတွေနဲ့  သိန်းစိန်တို့ ရဲ့  ဟန်ဆောင်လုပ်ရပ်တွေက ဘယ်လောက်တောင် ကွာခြားသလည်း။
သိန်းစိန်တို့  ဒီပုံစံတွေ မပြောင်းလဲသေးသမျှ ဒီအကျင့်ဆိုးတွေ မပြောင်းလဲသေးသမျှ သန့် ရှင်းအစိုးရဆိုတာ လေနဲ့ ပြောတာဘဲ ရှိနေမယ်။ သိန်းစိန်တို့  ပြောပြောနေတဲ့ သန့် ရှင်းအစိုးရဆိုတာ ပြည်သူတွေက တိုင်းပြည် သန့် သွားအောင် ရှင်းထုတ်ပစ်ရမယ့် အစိုးရအမည်ခံ အာဏာရူးတွေ ဆက်လက်ဖြစ်နေသေးတယ်လို့ ဘဲ သတ်မှတ်နေရဦးမှာ ဖြစ်နေပါတယ်။
ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ။
တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျာ။
အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့ စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ် တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီး ဖြစ်ပါတယ်။
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
Open Letter by Daw Aung San Suu Kyi (Page 1)
Open Letter by Daw Aung San Suu Kyi (Page 2)
Wednesday, July 27, 2011
“သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာ တွက်စစ်ကြည့်လေသော်…”
၂၀၁၁ခု ၊ ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာမှု ဘာမှမရှိသေးတာတွေ့ရပါတယ်။
ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ ပြောရလဲဆိုတော့ ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကို လိုလားတဲ့ သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ။
(၁)နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။
(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကို အရှိန်မြှင့်နေတာ ။
(၃) မကြာသေးခင် (တစ်လတောင် မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ ခြိမ်းခြောက်ခဲ့တာ ။
(၄) ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အကြောင်းအရာတွေ ဖေါ်ပြခွင့်ကို ပိတ်ပင်လိုက် ၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲ သဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့ တွေ့ဆုံ စဉ်မှာ တရားဝင်ပြောခဲ့တာ ။
(၅) နအဖအမည်နဲ့ စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ (၉) ကြိမ်တွေ့ဆုံဆွေးနွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှု မလုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြု တာဝန်လွှဲအပ်သွားမှာ ဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။
(၆) အမျိုးသားညီလာခံကို (၁၅) နှစ်ကြာအောင် လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာ နောက်တစ်ကြိမ် ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှုမရှိတာ။
(၇) မုဒိန်းကျင့် ၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြခြိမ်းခြောက် အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။
စတဲ့ အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။
ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်က (၁၈) လကျော်ကြာ ဆွေးနွေးမှုတွေ ပြတ်တောက်နေခဲ့ပြီးမှ အစိုးရသစ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာ တွေ့ခဲ့တာလဲ၊ ရှင်းပါတယ်၊ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့ လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့ နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲ ဖြစ်ပါတယ် ။
မေလထဲမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့် အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ်၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့ လက်တွဲအလုပ်လုပ် ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ် ၂၅% နဲ့ စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူး မပေးသင့်ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်က ပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့ နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ် နိုင်ငံတကာကစိုးရိမ်မကင်း ဖြစ်ရတာတွေကို ဖြေရှင်းဖို့လိုတယ်၊ အဲဒါတွေ ဆောင်ရွက်ဖို့ ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ် ။
စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူ တည်ဆောက်တဲ့နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတာမျိုး ကစားကွက်တွေနဲ့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း ၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင် သွားရောက်ဆောင်ရွက်ခဲ့တာတွေ တွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဆိုတော့ သမ္မတကြီးအမည်ခံ ဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကို တလေးတစားသွား ဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာ မြင်သိနိုင်ပါတယ်။
နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာ သူ့အတွက် နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာ မျိုးလုပ်ခဲ့တာပဲ ဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ ပထမဆုံးစတင်ဆွေးနွေးဖို့ စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကို ပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့ နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန်လျော့လမ်းလွဲစေခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကို ထပ်တိုးခဲ့သလို အင်းလျားကန်ကို ရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကို လက်ခံခဲ့မှုနဲ့လည်း ဒေါ်စုကို ရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ် အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBA တပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေ ပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊ အဲဒီလို နိုင်ငံရေးအကျပ်အတည်းတွေ အများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့ လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကို လွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိ ဒေါ်စုမိန့်ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာတွေဟာ အာရုံလွှဲဖို့ ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာ ဖြစ်ပါတယ် ။
ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာ အေးပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့ တွက်စစ်ကြည့်ဖို့လိုပါတယ် ။
စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်း အလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌ ဦးတင်ဦးတို့နဲ့ ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့ NLD ကို ကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲ မတည်ဆောက် နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာ သဘောထားခဲ့ပြီး ဝတ်ကျေတန်းကျေ ဆွေးနွေးမှုအဖြစ် NLD ပါတီကို တရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲ လှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေပြောကြားမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ ဦးအောင်ကြည်ဆီက နှုတ်ထွက်စကား (ဆွေးနွေးချက်) ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လို အာမခံချက်တွေ ရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့ နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင် ထွက်ခဲ့ပြီးပြီဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကိုကိုယ်စားပြု ဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးအဖြစ်နဲ့ ပဲ ဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊ စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေက ပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ ဒီမိုကရေစီရေးအင်အားစုတွေအားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက် သက်သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊ နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိ ဒီဆွေးနွေးပွဲကို အချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေ လုပ်မလဲ၊ ပြည်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံဆောင်ရွက်ဖို့ လိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီး ရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်း ပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီး မိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာတွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေ အိုးအိမ်အခြေမဲ့ ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်း အသက်ဆုံးသွားရတဲ့ မောင်ချစ်လို အဖြစ်မျိုးဟာ ပုံနှိုင်းအတုယူစရာပါ။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပဲ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ မပါပဲ ၊ တိကျရေရာတဲ့ အချိန်ကာလသတ်မှတ်ချက် မရှိပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့ အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုး မဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူ ရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက်ပိုတဲ့ ဦးဆောင်မှုမျိုးဖြစ်ဖို့ လိုနေတယ်ဆိုတာ အဖြေရှာတွက်စစ်လို့ ရပါတယ်ဆိုတဲ့အကြောင်း…။
အင်အားတူ အခြေအနေမရှိရင် စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှ မဖြစ်နိုင်ပါ ။
မောင်ချင့်ချိန်။
Tuesday, July 26, 2011
အတိတ်ဖြစ်ရပ်ဆိုး၊ ခါးသီးဝေဒနာအိမ်မက်နဲ့ ခေတ်သစ်အတွက် သင်ခန်းစာအသစ် ဖွင့်မဲ့ လည်းတန်း ပြည်မြန်မာကိစ္စ။
သို့  - ဦးသိန်းစိန်ရယ်၊ နိုင်ငံတော်သူဌေးကြီးများရယ်။
နောက်ဆုံးတော့ ၂၅ ရက်၊ ဇူလိုင် ၂၀၁၁ နေ့မှာ ပြည်မြန်မာကုန်တိုက်တံခါးများကို ၀န်ကြီးဌာန လုပ်ပိုင်ခွင့်အရ ပိတ်ပြစ်ခဲ့လို့ နိုင်ငံတော်သူဌေးကြီးကဘဲ အနိုင်ရရှိသွားပါတယ်။
အစိုးရက ပြုပြင်ပြောင်းလည်းရေးအတွက် ဘယ်လို စီမံကိန်းတွေ အကြီးအကျယ် ပြောပြော၊ သမ္မတကြီးက ပြည်သူတွေကို ကတိတွေ ဘယ်လောက်ပေးပေး (သမ္မတကြီးမိန့်ခွန်းများအရ)၊ စနစ်တွေကို အကောင်အထည်ဖော်နေတဲ့ ဗျူရိုကရက်လူတန်းစားတွေကို နိုင်ငံပြုပြင်ပြောင်းလည်းရေးမှာ စေတနာပါလာအောင်၊ စေတနာ အမှန်ထားလာတတ်အောင်လုပ်ဖို့ အများကြီးလုပ်ရလိမ့်မယ်ဆိုတဲ့ အဖြေ ထွက်လာတယ်လို ယူဆရမှာပါ။
ပြီးတော့ အစိုးရရဲ့ ထိပ်သီးပိုင်းအဆင့်ထဲက အချို့တွေက ယခင်စစ်အစိုးရကျင့်သုံးလာခဲ့တဲ့ စရိုက်ဆိုးအတိုင်း အစိုးရဆိုတာ နောက်ဆုတ်ရိုး ထုံးစံ မရှိဘူး ဆိုတဲ့အစွဲ မကျွတ်တဲ့သူတွေ ရှိနေသေးတယ်ဆိုတာကိုလည်း မီးမှောင်း ထိုးပြလိုက်တာပါဘဲ။
အစိုးရသစ်အတွက် ပြည်သူမျှော်လင့်ထားတဲ့ စီးပွားရေး လူမှုရေးဖွံဖြိုးတိုးတက်မှု၊ အားကိုး မျှော်လင့်မှုတွေအတွက် ယုံကြည်မှုအပ်နှင်းထားမှုဟာ အတိုင်းအတာတခုထိ ရောက်လာပါမလားလို့ စိုးရိမ်မိပါတယ်။
အခုလို ပြည်သူတွေ အုံလိုက်ကျင်းလိုက် အကြပ်အတည်းဖြစ်တာဟာ လေလံကိစ္စဖယ်ရှားခြင်း တစ်ခုတည်း မဟုတ်လောက်ပါဘူး။ သို့ပေမဲ့ လေလံစာရင်းမှာ ရန်ကုန်မြို့ကြီးက အဆောက်အဦးအများကြီးပါတာဆိုတော့ လူမှုရေး၊ စီးပွားရေးဆုံးရှုံးမှု ဂယက်ရိုက်မှုဟာ အတိုင်းအတာ တခုထိ ရောက်တယ်ဆိုတာ ဧကန်မလွဲပါ။
တလောက လယ်သမားကိစ္စ ကတော့ ပြုပြင်ပြောင်းလည်းရေးဖြစ်စဉ်မှာ နိုင်ကွက်တစ်ခုဆိုပေမဲ့ ဗျူရိုကရက်တွေအတွက် မှတ်လောက်သားလောက်တဲ့ သာဓကလို့  မထင်ပါဘူး။ ဖြစ်စဉ်က အစိုးရနှင့် ပြည်သူ တိုက်ရိုက်တွေတဲ့ ပွဲပါ။ အစိုးရသစ်အနေနှင့်လည်း သမိုင်းရဲ့ အတိတ်ဆိုးတွေကို ချေဖျက်ဖို့ ကျိုးစားနေတာကို အကောင်းဘက်ကနေ ကြိုဆိုကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ မှာ လွဲချော်နေပါတယ်။
ပြည်မြန်မာကုန်တိုက် အကြပ်အတည်းကတော့ အစိုးရ၊ နိုင်ငံတော် သူဌေးကြီး၊ ပြည်သူ သုံးပွင့်ဆိုင်ဖြစ်တာပါ။
အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ အလဲထိုးခံရတာ ဖြစ်တဲ့အတွက် အစိုးရသစ်အတွက် ပထမဦးဆုံး အရုပ်ဆိုး အကျဉ်းတန်စေသော ပွဲလို့ ဆိုရမလို ဖြစ်နေပါပြီ။
သုံးသပ်ချက်များအရ အစိုးရအနေဖြင့်လည်း အစိုးရပိုင် အဆောက်အဦး၊ မြေ စသည့်ဖြင့် လေလံတင် ရောင်းချတဲ့နေရာမှာ အဆိုပါ ဧရိယာအတွင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုတွေ စတာတွေအတွက် ကနေဦး ဘယ်လိုစီစဉ်ပေးထားရမယ်ဆိုတဲ့ အစီအစဉ်မရှိဘူးဆိုတာ ထင်ရှားသွားပါတယ်။
အစိုးရ လုပ်ထုံးလုပ်နည်းအရ ဖယ်ရှားခြင်းတွေကို ဆိုလိုတာ မဟုတ်ဘူး။ သူတို့တွေ (စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုတွေ) အတွက် ထိခိုက်နစ်နာမှုရှိရင် အနည်းဆုံးဖြစ်အောင် လူမှုရေးအရ ဘာလုပ်ပေးရမလဲဆိုတဲ့အပိုင်းကို ဆိုလိုပါတယ်။
မြန်မာပြည်ပြုပြင်ပြောင်းလည်းရေး ကနေဦး အစီအစဉ်များမှ တခုဖြစ်တဲ့ အစိုးရလေလံဟာ ပြည်သူအပေါ် စီးပွားရေးအားဖြင့်၊ နိုင်ငံရေးအားဖြင့်၊ လူမှုရေးအားဖြင့် ဘယ်လောက်ထိ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာကို သုတေသနစိတ်ဝင်စားသူတွေက စာတမ်းပြုစုသင့်ပါတယ်။
ဒီပွဲမှာ နိုင်ငံတော်သူဌေးကြီးနဲ့  အစိုးရဘက်က အားသာခဲ့ပြီး ပြည်သူက အင်အားနိမ့်ခဲ့လို့ပါ။
ပြဿနာဟာ လုပ်ငန်းရှင်များဘက်က ဆုံးရှုံးနစ်နာမှုအတွက် တစ်စုံတစ်ခုသော အတိုင်းအတာထိ ဆောင်ရွက်ပေးဖို့ တောင်းဆိုတာကို နိုင်ငံတော် သူဌေးကြီးက လိုက်လျောဖို့ ငြင်းဆိုတာက စတင်တာဖြစ်တယ်လို့ ကြားသိရပါတယ်။
နောက်ပိုင်းကြားရတဲ့ သတင်းတွေအရ လေလံဧရိယာဟာ ပေ (၈၀) ပေ (၁၂၀) ပါ အဆောက်အဦး တစ်လုံးတည်းသာဆိုပြီး ကျန်လွတ်လပ်နေရာများကိုပါ လက်သိပ်ထိုးရောင်းချခဲ့တယ်လို့လည်း ထပ်မံ သိရပါတယ်။ ပြည်တွင်းမီဒီယာအားလုံးကို ဖွင့်ချခဲ့တယ်ဆိုပေမဲ့ ဂျာနယ်တွေမှာ ဖော်ပြခွင့် မရခဲ့ပါဘူး။
ဖြစ်စဉ်အားလုံးကို သုံးသပ်မယ်ဆိုရင် နိုင်ငံတော်သူဌေးကြီးက ထိပ်ပိုင်းအစိုးရ အကြီးအကဲတွေကို ပိုင်နိုင်စွာ ချူပ်ကိုင်နိုင်တယ်။ အမိန့်အာဏာသက်ရောက်မှု့ဟာ ထိပ်ပိုင်းက လာတဲ့အတွက် ဆောင်ရွက်ပေးရမဲ့ အောက်ခြေအဆင့် အစိုးရ၀န်ထမ်း ဗျူရိုကရက်တွေအနေနှင့် အထက်အမိန့်အတိုင်း လုပ်ရတော့မှာပါ။
ပြီးတော့ အောက်ခြေအဆင့် အစိုးရ၀န်ထမ်း ဗျူရိုကရက်အနေနှင့်လည်း ပြည်သူတွေ တိုက်ရိုက် ထိတွေတဲ့ပြီးတဲ့နောက် ပြည်သူတွေရဲ့ အသံကို အထက်ကို တင်ပြတဲ့နေရာမှာ အမှန်အတိုင်းဖြစ်ဖို့ လိုတာပေါ့။
နို့ပေမဲ့ အောက်ခြေအဆင့်ကလည်း အထက်က ဘာကို ကြိုက်တယ်၊ ဘယ်လိုအဖြေမျိုးဘဲ လိုချင်တယ်ဆိုတဲ့ သဘောထားကို သိထားတော့ အဲဒီအတိုင်းဘဲ လုပ်မယ်၊ အဲဒီအတိုင်းဘဲ အစီရင်ခံပါလိမ့်မယ်။
ထိပ်သီးအဆင့် အကြီးအကဲအချို့ကိုလည်း နိုင်ငံတော်သူဌေးကြီးက ချုပ်ကိုင်နိုင်သလို အောက်ခြေအဆင့် ၀န်ထမ်းတွေကိုလည်း ဘယ်လောက်ချုပ်နိုင်မယ်ဆိုတာ နိုင်ငံတော်သူဌေးကြီး အသိဆုံး ဖြစ်မှာပါ။
ပြည်မြန်မာကုန်တိုက်အတွင်း လုပ်ငန်းရှင်များဘက်ကလည်း အသနားခံစာတင်ခြင်း၊ နစ်နာမှုအား တစ်စုံတစ်ခုအထိ ဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတ ကြီးအပါအ၀င် နိုင်ငံတော်အကြီးအကဲများအားလုံးအား ဧပြီလ (၇) ရက်နေ့ မှ စတင်ပြီး စာပို့ခဲ့တာ (၁၈) ကြိမ် ရှိခဲ့ပါပြီ။ တစ်စုံတစ်ခုမှ၊ တစ်နေရာ တစ်ထောင့်မှ အကြောင်းပြန်ကြားမှု မရှိခဲ့ပါဘူး။ အဲဒီဖြစ်ရပ်ဟာ ဗျူရိုကရက်အကျင့်ဆိုးတွေကြောင့် ဘယ်နေရာမှာ ရပ်သွားခဲ့တာလည်း၊ ဘယ်သူက ရပ်တန့်အောင် လုပ်ခဲ့တာလည်း ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။
ပြည်မြန်မာကုန်တိုက်အတွင်းမှာ ဆိုင်ခန်းများ ဖယ်ရှားခြင်းကိစ္စတွေမှာလည်း ဌာနတွင်း ညွန့်ကြားချက်နှင့် ဖြစ်ပါတယ်။ ၁၉၅၅ အစိုးရ အိမ်ရှေ့ဥပစာနှင့် ထုတ်ခြင်းအရ ဖယ်ရှားမယ်ဆိုရင်လည်း အုပ်ရေးရေးဆိုင်ရာ အာဏာပိုင်ရဲ့ အမိန့်ညွန့်ကြားချက်ပါရမှာ ဖြစ်ပါတယ်။ တရားသူကြီးအမိန့်၊ ရဲ၊ ရပ်ကွက် အာဏာပိုင်များ စသည့်ဖြင့် ဌာနပေါင်းစုံပါဝင်ပြီး အများသူငှာရဲ့ ရှေ့မှာ တံခါးကို ချိတ်ပိတ်ရမှာပါ။
အခုတော့ နိုင်ငံတော် သူဌေးကြီး ခိုင်းတဲ့အတိုင်း စီးပွားကူးသန်း အရာထမ်းတွေ အနေဖြင့် လုပ်နေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖြစ်တဲ့ လုံခြုံရေး သာယာရေးကိစ္စ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့ တာဝန်ရှိမယ်ထင်ပါတယ်။
ကမာရွတ်မြို့နယ် အမတ်လောင်း အနေဖြင့်လည်း ကိုယ့်မြို့နယ်မှာ ဖြစ်တဲ့ ပြည်သူများ၏ အကြပ်အတည်း ဆိုတာကို ဥပက္ခာ ပြုနိုင်သလို၊ မဲရွေးပွဲကာလက ပေးခဲ့တဲ့ကတိတွေ ဘယ်ရောက်ကုန်ပြီလည်း မသိပါဘူး။
ဆုံးရှုံးနစ်နာသည့် လုပ်ငန်းရှင်များဘက်ကလည်း သမ္မတကြီးဆီသို့ အသနားခံစာ တင်ထားသည့်အတွက် သမ္မတကြီးကိုယ်တိုင်မှ တစ်စုံတစ်ရာ ဆောင်ရွက်မပေးပဲ ဖယ်ရှားခိုင်းဖို့ ညွန့်ကြားလာရင် မိမိတို့မှာ ကျေကျေနပ်နပ် ဖယ်ရှားပါမည့်ဟု တာဝန်ရှိတဲ့ အထက်တန်းအရာရှိတစ်ဦးကို ကတိပေးပြောကြားခဲ့ပါသေးတယ်။
ထိုဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံတော်သူဌေးကြီးနှင့် ထိပ်တန်းအရာထမ်းအချို့ ဘယ်လောက် စည်းဝါးရိုက် လုပ်နေသည်ကို တွေမြင်နိုင်မှာ ဖြစ်ပါတယ်။
အခုတောင် နောက်ဆုံးအချိန်အထိ ဖယ်မပေးတဲ့ ဆိုင်နှစ်ဆိုင်ရှိနေလို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို နိုင်ငံတော် သူဌေးကြီးကိုယ်တိုင် (ဧည့်စာရင်း မပေးဖို့) ဖုန်းနဲ့ ပြောကြားတယ်လို့ ခိုင်မာတဲ့ သတင်းအရ သိထားပါတယ်။
နိုင်ငံတော် သူဌေးကြီးလို့ ခံယူထားသူတွေထဲမှာ အဲဒီပုဂ္ဂိုလ်က အင်မတန် အောက်တန်းအကျဆုံး ဖြစ်မယ်ထင်ပါတယ်။ ကျန်တဲ့ နိုင်ငံတော် သူဌေးကြီးတွေ တော်တော်များများက ပြည်သူရဲ့အမုန်းကို မခံကျဘူး။
သာဓကအားဖြင့် နိုင်ငံတော် သူဌေးကြီး ဦးတေဇဆိုရင် တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ပဒုမ္မာ ရုပ်ရှင်ရုံကို လေလံအောင်မြင်ခဲ့ပါတယ်။ အဲဒီတော့ ပဒုမ္မာ ရုပ်ရှင်ရုံ ဘေးပတ်လည်မှာ ရှိတဲ့ ဆိုင်ခန်းတွေအားလုံးကို နစ်နာကြေးအဖြစ် တစ်ဆိုင်ကို (၂၇) သိန်းစီ ပေးခဲ့ပါတယ်။ ကိုယ့်မှာ တစ်စုံတစ်ခုသော လူမှုရေးရှုထောင့်ကနေ လုပ်ပေးရမဲ့ တာဝန်ရှိတာကို နိုင်ငံတော်သူဌေးကြီး သိဖို့ ပါ။
ဖယ်ရှားခံရတဲ့ လုပ်ငန်းရှင်တွေဘက်ကဆိုရင်လည်း တသက်လုံး လှည်းတန်းလမ်းဆုံတ၀ိုက်မှာဘဲ စီးပွားရှာနေလာခဲ့ကြတာ။ သူတို့ရဲ့ဘ၀ဟာ မိဘတွေလက်ထက်တုန်းကလည်း လှည်းတန်း၊ သူတို့လက်ထက်မှာလည်း လည်းတန်း၊ သူတို့ နောင်လာနောင်သားတွေလက်ထက်မှာလည်း လှည်းတန်းပါ။ လှည်းတန်းနှင့် သူတို့ဘ၀ဟာ တထပ်တည်း ကျနေခဲ့ပါတယ်။ လှည်းတန်းဟာ သူတို့ ဘူမိနက်သန်ပါ။
နောက်ဆိုရင်လည်း ဒီလူတွေနှင့် ချစ်တာ မုန်းတာ အပထား နေ့စဉ် မြင်နေ၊ တွေ့ နေ ဆက်ဆံနေရ အုန်းမှာပါ။ တွေ့ နေကြရအုန်းမှာ။
ဈေးကွက်တစ်ခုထိုးဖောက်ဖို့ ကျိုးစားနေတဲ့ နိုင်ငံတော်သူဌေးကြီးလည်း လှည်းတန်းမှာ လာပြီး ဈေးဆိုင်ဖွင့်မယ်ဆိုရင် အရင်ဆုံးကြုံရမှာတော့ ယုတ်မာမှု သတင်းဆိုး ဖြစ်မှာပါ။ နိုင်ငံတော်သူဌေးကြီးအနေနှင့်လည်း နာမည်ဆိုးနှင့် ၀င်ရောက်ခဲ့တာဖြစ်လို့ စီးပွားရေးအရ အောင်မြင်နိုင်မယ် ထင်လို့လား။ ပြီးတော့ ယခုအတိုင်း ထိပ်သီးအကြီးအကဲတွေ တစ်သက်လုံး လက်ရှိရာထူးနေရာမှာ အာဏာတည်မြဲနေမယ်လို့ ထင်နေပါသလား။
နောက်ဆုံး တင်ပြလိုသည်က ဖယ်ရှားခံထားရတဲ့ မိသားစုဝင်ဦးရေ (၅၀၀၀) ရဲ့ အမှန်းတရား၊ ခံပြင်းစိတ်နှင့် သည်းခံနေရသည့် နာကြည်းစိတ်တွေကို တသက်လုံး ထိန်းထားနိုင်မယ်ဆိုရင်တော့ နိုင်ငံတော်သူဌေးကြီးရဲ့ စီးပွားရေးအခြေအနေ၊ တည်ရှိနေမှု စတာတွေကို စိတ်ချလက်ချ နေနိုင်မှာပေါ့။
မောင်ထင်ရှား
ရန်ကုန်မြို့ ၊
၂၆.၇.၂၀၁၁။
ရန်ကုန် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် မတရား သိမ်းပိုက်ခံရခြင်းလုပ်ရပ်ဟာ သိန်းစိန်တို့ ပြောနေတဲ့ သန့် ရှင်းအစိုးရဖြစ်ဖို့  ပြောနေတာနဲ့  လွဲနေ။
အာဏာရူး သိန်းစိန်တို့ က သန့် ရှင်းသောအစိုးရ ဖြစ်အောင်လုပ်နေပါတယ် ပြောနေပေမယ့် လုပ်ရပ်တွေကတော့ မတရားလုပ်တာတွေ ဆက်ဖြစ်တုန်းပါဘဲ။
ပြည်မြန်မာကုန်တိုက်ကို လေလံတင်ရောင်းချဖို့ နဲ့  ဆိုင်ခန်းတွေကို အတင်းအဓမ္မ ပိတ်ခိုင်းတာနဲ့  ပတ်သက်ပြီး ဆိုင်ခန်းပေါင်း (၉၈) ခန်းရဲ့  ဆိုင်ပိုင်ရှင်တွေက ဒီမတရားမှုကို အကျိုးအကြောင်းဆီလျော်စွာနဲ့  တိုင်ကြားခဲ့ပေမယ့် အဓမ္မဆောင်ရွက်လိုသူတွေကတော့ အလေးမမှုဘဲ ရှေ့ ဆက်တိုးပြီး လုပ်ဆောင်ခဲ့ကြပါတယ်။
ပြည်မြန်မာကုန်တိုက်ကိစ္စနဲ့  ပတ်သက်ပြီး သိန်းစိန်တို့ ရဲ့  စီးပွားကူးသန်းဌာနကထုတ်တဲ့ “The Commence” ဂျာနယ်မှာလည်း ရေးသားဖေါ်ပြမှုတွေထဲက ဒီ ပြည်မြန်မာကုန်တိုက်ရဲ့  မြေကို ပိုင်ဆိုင်မှုကလည်း လွဲမှားနေသလို၊ ပြည်မြန်မာကုန်တိုက်ကို မတရား သိမ်းပိုက်ပြီး လေလံတင်ရောင်းချဖို့  ဖေါ်ပြတဲ့ မြေဧရိယာပမာဏကလည်း လွဲမှားနေပါတယ်၊ ဒီအပြင် ပိုမိုဆိုးရွားတဲ့ လီဆယ်ရေးသားဖေါ်ပြမှုကတော့ ပြည်မြန်မာကုန်တိုက်ရဲ့  ဆိုင်ခန်းပိုင်ရှင်တွေက ထိုက်သင့်တဲ့ နစ်နာကြေးငွေတောင်းဆိုတာကို အမှန်အတိုင်း မဖေါ်ပြဘဲ အမှန်ကို အမှားပုံစံအဖြစ် ရေးသားထားတာဘဲ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ပြည်မြန်မာကုန်တိုက်က တရားဝင်ဖွင့်လှစ်ရောင်းချခွင့်ရလို့  သက်မွေးဝေမ်းကျောင်းနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေအပေါ် မတရားလုပ်ဆောင်ပြီး ပေးသင့်ပေးထိုက်တဲ့ နစ်နာကြေးငွေကိစ္စကို လစ်လျူရှူပြီး၊ ကျန်ခဲ့တဲ့ ဇူလိုင်လ (၂၄) ရက်နေ့ က ပြည်မြန်မာကုန်တိုက်ဝန်းတစ်ခုလုံးကို အတင်းအဓမ္မ ပိတ်ထားလိုက်တာဘဲ ဖြစ်ပါတယ်။
ပြည်မြန်မာကုန်တိုက်ကို အတင်းအဓမ္မ မတရားသိမ်းပိုက်မှု ပြုလုပ်တာကတော့ “နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီ” ဖြစ်ပါတယ်။ စစ်မှန်တဲ့ တရားဥပဒေသာ ကျင့်သုံးမယ်ဆိုရင် ၀န်ကြီးဌာနရဲ့  ၀န်ကြီးအဆင့်ကနေ ထုတ်ပြန်ပြောဆိုရမှာ ဖြစ်သလို၊ ရန်ကုန်တိုင်းရဲ့  တာဝန်ခံကနေ တိုက်ရိုက်လုပ်ဆောင်တဲ့ လုပ်ဆောင်ချက် ဖြစ်ရမှာ ဖြစ်သလို၊ ပြည်မြန်မာကုန်တိုက်ကို သိမ်းပိုက်ရတဲ့ အကြောင်းပြချက်ကလည်း သင့်လျော်သော အကြောင်းပြချက် ခိုင်လုံရမှာ ဖြစ်ပါတယ်။ ဒီအပြင် ပြည်မြန်မာကုန်တိုက်မှာ တရားဝင် ရောင်းချနေကြတဲ့ ဆိုင်ခန်းပိုင်ရှင်တွေတင်မက ၀န်ထမ်းတွေအားလုံးကိုလည်း ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ အပြည့်အ၀ ပေးရမှာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ “နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ရဲ့  လုပ်ရပ်က တရားဝင်လိုင်စင်ရ ဓါးမြအကြီးစား ဖြစ်နေပါတယ်။
ပြည်မြန်မာကုန်တိုက်ကို လေလံတင်ရောင်းချဖို့  “နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ကနေ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ လေလံတင်ရောင်းချမှု အဆိုပြုလွှာခေါ်ဆိုတဲ့ ကြော်ငြာချက်မှာ အများပြည်သူ မသိရှိရစေရန် ပြည်မြန်မာကုန်တိုက်လို့  မပြောဆိုဘဲ ထိန်ချန်ထားခဲ့ပါတယ်။ အဆိုပါနေ့ ရက်က လေလံတင်ရောင်းချမှု အဆိုပြုလွှာမှာ ပြည်မြန်မာကုန်တိုက်တစ်ခုထဲ မဟုတ်ပါဖူး။ နိုင်ငံတော်ပိုင်အဆောက်အဦးနဲ့  မြေ (၈၆) ခု၊ တိုက်ခန်း (၄၅) ခန်းနဲ့  မြေကွက် (၂၆) ကွက် စုစုပေါင်း (၁၅၇) တို့ ကို ရောင်းချဖို့  ဖေါ်ပြထားတဲ့ နေရာမှာ နေရာလိပ်စာမျှသာ ဖေါ်ပြထားပါတယ်၊ ဒီမြေတွေ အဆောက်အအုံတွေ တိုက်ခန်းတွေ မြေကွက်တွေကိုဟာ ဘာတွေလည်း ဘယ်သူတွေ ပိုင်ဆိုင်တာလည်း ဘာကြောင့် လေလံတင်ရောင်းချရတာလည်းဆိုတာ ဘာမှ မပါရှိပါဖူး။ ဒါဟာ သန်းရွှေ သိန်းစိန်တို့ ရဲ့  “နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ရဲ့  လိမ်လည်မှုသာ ဖြစ်ပါတယ်။
သန်းရွှေ သိန်းစိန်တို့ ရဲ့  “နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ဆိုပြီး လုပ်ဆောင်နေမှုတွေကြောင့် ပုဂ္ဂလိကပိုင်အဆောက်အဦးတွေ မြေယာတိုက်ခန်းတွေတင်မက မြန်မာပြည်သူပြည်သားတွေ ပြောရရင် နိုင်ငံပိုင် သမိုင်းဝင်အဆောက်အဦးတွေ မြေနေရာတွေကို ဒီလို မလိမ့်တပတ်နဲ့  ရောင်းချနေလို့  တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအဆောက်အဦးတွေကအစ လယ်လောက်တောင် ဆုံးရှုံးနေပြီလည်းဆိုတာ သိကြမယ်ဆိုရင် အမျိုးသားတစ်ရပ်လုံး ပြည်သူတစ်ရပ်လုံးအတွက် တိုင်းပြည်တစ်ပြည်လုံးအတွက် ရင်နာစရာ ကောင်းလွန်းလှပါသလည်း။
“နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ကနေ မတရားသိမ်းပိုက် လေလံတင်ရောင်းချပြီး ဒီ ပြည်မြန်မာကုန်တိုက်ကို ကျပ်ငွေ သန်း လေးထောင့်တစ်ရာနဲ့  ၀ယ်ယူလိုက်သူတွေက ဖြစ်ကြတဲ့ ဦးဇော်မိုးခိုင်နဲ့  ဦးမိုးကျော်တို့ ဆိုတာလည်း သန်းရွှေတို့  သိန်းစိန်တို့ နဲ့  အကျိုးပြုလိုက် ကိုယ်ကျိုးရှာလိုက်နဲ့  လုပ်နေကြတဲ့ စီပွားရေးသောင်းကျန်းနေသူတွေပါဘဲ။
“နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ဟာ သန်းရွှေ သိန်းစိန်တို့ ကနေ ဖွဲ့ စည်းပေးထားတဲ့ အဖွဲ့  ဖြစ်ပါတယ်။ အမည်ကိုက နိုင်ငံတော်ပိုင် အဆောာက်အအုံများ ရောင်းချရေးကော်မီတီတဲ့ဗျာ။ မြန်မာပြည်ရဲ့  အများပြည်သူပိုင်တဲ့ဟာ အကုန်လုံးရောင်းတုတ်ဖို့ ပါဘဲ။
ပြည်မြန်မာကုန်တိုက်ကို အဓမ္မသိမ်းပိုက်၊ မလိမ့်တပါတ်နဲ့  ကြော်ငြာပြီး လေလံတင်ရောင်းချ၊ အကျိုးစီးပွားတူ အချင်းချင်းလက်ထဲကို အကွက်ဆင် လက်ဝါးရိုက်ထားပြီး ရောင်းချပေးနဲ့  ဒီလို လုပ်ဆောင်မှုတွေ လုပ်နေသမျှ သန်းရွှေ သိန်းစိန်တို့ ရဲ့  သန့် ရှင်းအစိုးရလို့  ပြောပြောနေတဲ့ ပါးစပ်ကို ချီးလူးထားဖို့ သာ ကောင်းတော့ပါတယ်။
ဒီလို မတရားလုပ်ဆေင်မှုကို ရပ်တန့် ပြီး ပြည်မြန်မာကုန်တိုက်ကိစ္စကို တရားဝင် မျှမျှတတ ပြန်လည်မဖြေရှင်းဖူး၊ အများပြည်သူပိုင် နိုင်ငံတော်ပိုင် အဆောက်အအုံတွေ မြေတွေကို မလိမ့်တပတ်နဲ့  အများပြည်သူ မသိရှိဘဲ ခွင့်ပြုချက် မရှိဘဲ ထင်ရာစိုင်း ရောင်းချနေမှုတွေကို ဆက်လက်လုပ်ဆောင်နေဦးမယ်ဆိုရင်တော့ သန်းရွှေ သိန်းစိန်တို့ နဲ့  “နိုင်ငံတော်ပိုင်အဆောက်အအုံများ ရောင်းချရေးကော်မတီ” ဆိုတာ တိုင်းပြည်ပိုင် အများပြည်သူပိုင် ပုဂ္ဂလိကပိုင်တွေကို အနိုင်ကျင့်ပြီး မတရားသိမ်းပိုက်နေတဲ့ ဓါးမြကြီး သန်းရွှေ သန်းစိန်တို့ အဖွဲ့ ဖြစ်ကြောင်း သတ်မှတ်ရမှာ ဖြစ်ပါတယ်။
Monday, July 25, 2011
ပြောတာလည်း မင်းပါဘဲ။ အပြောကတော့ ရွှေမန်းတင်မကတော့ဖူး အောင်ကြည်ပါ ပါနေတာမို့  အမည်ပြောင်းပေးဖို့  လိုပါပြီ “ကြောင်အီ” လို့ ။
ဒီနေ့  နေ့ လည် (၁) နာရီက အာဏာရူးတို့ ရဲ့  စေတမန် အောင်ကြည်ကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့  စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ခေါ်ယူတွေ့ ဆုံခဲ့ပါတယ်။
တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနဲ့  အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတွေ ပါပါတယ်။ ကျွန်တော်တို့ ဒီတွေ့ဆုံမှုတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ်လို့  အောင်ကြည်က ပြောပြန်ပါတယ်။
အောင်ကြည်ဟာ စစ်ယူနီဖောင်းချွတ်တစ်ဦးဖြစ်ပြီး သန်းရွှေလက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံရေးကိစ္စတွေမှာ ကြားခံအသုံးချဖို့  ထားထားသူ ဖြစ်ပါတယ်။ ယခု သိန်းစိန်းလက်ထက်မှာတော့ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့  ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ပါတယ်။ နေရာရာထူးတွေ ဘယ်လိုပြောင်းပြောင်း အောင်ကြည်က အောင်ကြည်ပါဘဲ။
အောက်လမ်းနည်းတွေနဲ့  ယတြာခြေတာကို အစွန်းရောက် ရူးသွပ်နေကြတဲ့ သန်းရွှေက စပြီး ယခု သိန်းစိန်တို့ အထိ “အောင်ဆန်းစုကြည်” ရဲ့  အမည် ထိပ်ဆုံးစာလုံးနဲ့  နောက်ဆုံးစာလုံးကို အပိတ်သဘော အချုပ်သဘော ယူပြီး “အောင်ကြည်” လို့ အမည်တွင်တဲ့ သူတို့ ရဲ့  ယတြာသဘောဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စကားလုံးအနုအလှ အလိမ်အကောက်လေးတွေနဲ့  တွေ့ ဆုံစကားပြော အချိုသပ်နည်းလမ်း ကျင့်သုံးပြီး နိုင်ငံရေးလှည့်ဖြားမှုတွေနဲ့  အချိန်ဆွဲဗျူဟာအတိုင်း လုပ်ဆောင်စေဖို့  အောင်ကြည်လို လူမျိုးကို ပျော့ပျော့လေသံနဲ့  ပြောဖို့  အထူးရွေးချယ်ထားတာပါ။
သန်းရွှေ သိန်းစိန်တို့  အောင်ကြည်ကို လွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောစေခဲ့တာ အကြိမ်ပေါင်းမြောက်မြား လှပါပြီ။ အပြုသဘောအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုပြီး သတင်းစာထဲ ၀ါဒဖြန့်ဓါတ်ပုံတွေနဲ့  အရွှီးအညာတွေ ဖေါ်ပြတာလည်း များနေပါပြီ။
အောင်ကြည်အနေနဲ့  သန်းရွှေတို့  သိန်းစိန်တို့  ခိုင်းတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူ တွေ့ဆုံစကားပြောခဲ့တဲ့ အကြိမ်တွေ ကြည့်ရင် သိနိုင်ပါတယ်။
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၊
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်၊
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်၊
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်၊
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်။
သန်းရွှေတို့  သိန်းစိန်တို့ အနေနဲ့  တကယ်သာ ဖြူစင်သန့် ရှင်း ရိုးသားမှု ရှိတယ်ဆိုရင် အောင်ကြည်ကို ကြားခံထား ပြောစရာ မလိုပါဖူး။ သန်းရွှေ သိန်းစိန်တို့ လည်း မြန်မာစကားပြောတတ်တာဘဲ၊ ဒေါ်အောင်ဆန်းစုကြည်လည်း စကားပြောတတ်တာဘဲ။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်နေကြသူတွေဆိုရင်လည်း လုပ်ဆောင်ချက်ခြင်း ရည်ရွယ်ချက် ပန်းတိုင်ခြင်း တူညီတယ်လို့ ခံယူရင် တိုက်ရိုက တွေ့ ဆုံးဆွေးနွေးကြလို့  ရကြရမှာပါ။
အခုတော့ သန်းရွှေတို့  သိန်းစိန်တို့ က ကြားထဲက အောင်ကြည်ကို စကားပြန်ထားထားတာလားများ။ တွေ့ ဆုံပြောဆိုခဲ့တဲ့အကြိမ်တွေလည်း များလွန်းပါပြီ၊ ဘာမှ ထူးခြားသော စစ်မှတ်သော လုပ်ဆောင်မှုမျိုးလည်း သန်းရွှေတို့  သိန်းစိန်တို့  လုပ်ပေးတာ မရှိသေးပါဖူး။ အောင်ကြည်လည်း ကြားထဲက သန်းရွှေတို့  သိန်းစိန်တို့ ရဲ့  အသုံးတော်ခံပီပီ ခိုင်းရင်သွား အမိန့်အတိုင်း ပြောဆိုနဲ့  တွေ့ ဆုံစကားပြောမှုတွေများလွန်းလို့  အီနေပြီး ကြောင်တောင်တောင် ဖြစ်နေတာမို့  အောင်ကြည် အီကြောင်လို့ သာ နေပါပြီ။
သန်းရွှေတို့  သိန်းစိန်တို့ လည်း မြန်မာလူမျိုးအချင်းချင်း မြန်မာလိုတောင် စကားမပြောတတ်တော့လို့  ကြားထဲက အောင်ကြည်ကို စကားပြန်အဖြစ် ခိုင်းထားတာ အံ့သြမိပါရဲ့ ။
Sunday, July 24, 2011
ဖခင် ဗိုလ်ချူပ်အောင်ဆန်းပြောတဲ့ အကြီးကောင် ငဦး အကြောင်းနဲ့  သမီးလေး အကြောင်း။
လွတ်လပ်ရေး ဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း သက်ရှိထင်ရှား ရှိစဉ်မှာ သူရဲ့  သားသမီးများအပေါ် သုံးသပ်စကား ပြောခဲ့တာကို သိရှိရပါတယ်။
ဗိုလ်ချူပ်အောင်ဆန်းက သားသမီးဖြစ်သူတွေနဲ့  ပတ်သက်ပြီး ဒီလို သုံးသပ်ပြောဆိုခဲ့ပါတယ်။
“အကြီးကောင် ငဦးက အရွယ်နဲ့ မလိုက်အောင် တည်တာရယ်၊ မှတ်ဥာဏ်ကောင်းတာရယ်ကို ထောက်တော့ သူ့ အဖေလို လာမယ် ထင်တာဘဲ၊ အငယ် ငလင်းကြီးကျတော့ သူ့ ကြည့်ရတာ ရူးပေါပေါကြီးဘဲ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေရင်း ကြီးလာမယ့်အကောင်ကြီးဘဲကွ၊ ကြီးလာရင် တေများ နေဦးမလားတောင် မသိဖူး၊ ဘာဘဲပြောပြော ငါ့သမီးလေး (စု) အားလုံးထဲမှာ အလိမ္မာဆုံး ချစ်စရာ အကောင်းဆုံး ဖြစ်မှာပါဘဲ၊ ဒါပေမယ့် မိန်းမရတဲ့ လေးနှစ်အတွင်းမှာ ခလေး တစ်နှစ်တစ်ယောက် မှန်မှန်ကြီးရတာက ဂွကျသကွာ ဟဲ ဟဲ” လို့  ရယ်မောပြောခဲ့ရာ အနီးရှိ ဒေါ်ခင်ကြည်မှ ဗိုလ်ချူပ်အောင်ဆန်းကို မျက်စောင်းထိုးခဲ့ပါသတဲ့။
ဒီ အထက်ဖေါ်ပြပါ ပြောဆိုသုံးသပ်ချက်ကတော့ ဗိုလ်ချူပ်အောင်ဆန်းက သားကြီးဖြစ်သူ အောင်ဆန်းဦး၊ သားငယ်ဖြစ်သူ အောင်ဆန်းလင်း ( ၉ နှစ်သား အရွယ် ကွယ်လွန်သွားရှာသူ) နဲ့  သမီးဖြစ်သူ အောင်ဆန်းစုကြည်တို့ အပေါ် သုံးသပ်ပြောဆိုခဲ့တဲ့ စကားဖြစ်ပါတယ်။ သမီးဖြစ်သူ အောင်ဆန်းစုကြည်နောက် မွေးဖွားခဲ့သည့် သမီးထွေးမှာမူ မွေးဖွားအပြီး ၅ ရက်အတွင်း ကွယ်လွန်သွားခဲ့ရပါတယ်)။
တိုင်းရေးပြည်ရေးအတွက် မအားမလပ်ကြားထဲမှ မိသားစုအပေါ် အင်မတန်ချစ်မြတ်နိုးသူ ဗိုလ်ချူပ်အောင်ဆန်းရဲ့  သားသမီးများအပေါ် သုံးသပ်ချက်ကို ကြည့်ရင်း - ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း သုံးသပ်ချက်ပေးခဲ့တဲ့ သားကြီး ဖြစ်သူ အောင်ဆန်းဦးကတော့ ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်းလို ဖြစ်လာဖို့ ဝေးစွ ဖခင်ဗိုလ်ချူပ်အောင်ဆန်း မိခင် ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက် အာဏာရူး သန်းရွှေ သိန်းစိန်တို့ နဲ့  ပူးပေါင်းနေတဲ့ အမျိုးသား သစ္စာဖောက်ဖြစ်နေပါတော့တယ်။ ဒီနေရာမှာ သားကြီးအောင်ဆန်းဦးနဲ့  ငယ်ငယ်ရွယ်ရွယ်နဲ့  ကွယ်လွန်ခဲ့ရတဲ့ သားငယ် အောင်ဆန်းလင်းနဲ့ သာ နေရာချင် လဲခဲ့ရင်တော့ တစ်မျိုးပြောင်းလဲနိုင်ပါတယ်။
အာဏာရူး သန်းရွှေတို့  သိန်းစိန်တို့ နဲ့ ပူးပေါင်းနေသူ အောင်ဆန်းဦးနဲ့  ဇနီး လဲ့လဲ့နွယ်သိန်းတို့ ဟာ ယခုနှစ်မှာလည်း အာဏာရူး သန်းရွှေ သိန်းစိန်တို့ က စီစဉ်ပေးတဲ့ ကားပေါ် စီးနင်းလိုက်ပါပြီး၊ အာဇာနည်ဗိမာန်မှာ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို မျက်နှာပြောင် လာတိုက်ပြီး အများပြည်သူအမြင်မှာ ဟန်ဆောင် အရိုအသေပေးပြနေခဲ့ပါရဲ့ ။
ဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့  မိသားစုနဲ့  ဘ၀တစ်ခုလုံးကို စွန့် လွှတ်ထားပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေချိန်မှာတော့ အောင်ဆန်းဦးဟာ မွေးဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မွေးမိခင် ဒေါ်ခင်ကြည်တို့ ရဲ့ တို့ ရဲ့  မျက်နှာကိုမှ မထောက်၊ သွေးရင်းသားရင်းဖြစ်သူ ညီမ ဒေါ်အောင်ဆန်းစုကြည်ကိုမှ မငဲ့ညှာ၊ တိုင်းပြည်နဲ့  လူမျိုးမျက်နှာကိုမှ အလေးမမှု၊ အာဏာရူး သန်းရွှေ သိန်းစိန်တို့ နဲ့  ပေါင်းဖက်ပြီး အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို ပြန်ပြီး စီးပွားရေးလုပ်ရုံမက မြန်မာပြည်သူပြည်သားတွေ လိုလားတောင့်တနေတဲ့ လွတ်လပ်မှုနဲ့  လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကို ထိခိုက်နစ်နာစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေသူ ဖြစ်ပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေခဲ့တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းအကြောင်းပြောရရင် အောင်ဆန်းဦးတို့ ရဲ့  နေအိမ်ဟာ အမေရိကန်နိုင်ငံ ဆန်ဒီဂို (San Diego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့ အောင်ဆန်းဦးတို့ ဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး အာဏာရူးနအဖတွေနဲ့  ဆက်ဆံရေး ပြုလုပ်ကြပါတယ်။ အောင်ဆန်းဦးရဲ့  မိန်းမ လဲ့လဲ့နွယ်သိန်းဟာ စာရေးဆရာမ မေတ္တာဦး အမည်ခံ ခရီးသွားဆောင်းပါးတွေ ရေးနေတဲ့သူဖြစ်ပါတယ်။ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့  ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖကလည်း အောင်ဆန်းဦး လဲ့လဲ့နွယ်သိန်းတို့ ကို အဆောက်အဦးလုပ်ပိုင်ခွင့်တွေ ပေးပြီး နိုင်ငံရေးမှာ အသုံးချတာ လုပ်နေပါတယ်။
အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင် မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင် အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။
လဲ့လဲ့နွယ်သိန်း အကြောင်းကို သိရှိသူများက ပြောပြတာကတော့ -
လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။
သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး ရောင်းပါတယ်။
သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက် ရှိခဲ့ပါတယ်။
သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။
၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသားတွေနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ ၄ နှစ်ခန့်  ပေါင်းဘက်နေထိုင်ခဲ့ပါတယ်။
ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ပါတယ်။
ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက်၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။
ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။
နောက်တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်းအနားများတွင် အောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာခဲ့ပါတော့တယ်။
လဲ့လဲ့နွယ်သိန်းဟာ မြန်မာပြည်ကို သွားရောက်လည်ပတ်စဉ်မှာ အကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား” လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လိုမျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။
လဲ့လဲ့နွယ်သိန်းဟာ ဗိုလ်ချူပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ မနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာသော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦးဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးအပေါ် အကြပ်ကိုင် အနိုင်ယူထားတဲ့အချက်တွေကို ခုတုံးလုပ်ပြီး အောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။
လည်ပတ်လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်းရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါတော့တယ်။
တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်ကတော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏ မောင်နှစ်မများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ အောင်ဆန်းဦးကတော့ တစ်ဦးတည်းသော နှမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနေအိမ်မှာ မနေနိုင်အောင် အမွေကိစ္စအဖြစ် တရားစွဲဆိုခဲ့ပြီး ဒုက္ခပေးခဲ့ခြင်းမှာ ရင်နာစရာ ကောင်းပါတယ်။
အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့  ပြောဆိုခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်းဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။
အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်တစ်ဦးရဲ့  လိုရာကြိုးဆွဲကခံနေတာဟာ အောင်ဆန်းဦးအနေနဲ့  ရှက်ဖို့  အလွန်ကောင်းပါတယ်။ အောင်ဆန်းဦးအနေနဲ့  မည်သို့ သော အကြပ်ကိုင်မှုအရဖြစ်စေ အကြောင်းပြချက်အရဖြစ်စေ ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့  ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့သင့်တာပါ။
အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်ခံနေပြီး အဖေ ဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။
အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။ ညီမရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့  အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။
ယခုကတော့ အောင်ဆန်းဦးဟာ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်မှုတွေကို ပြည်သူတွေကနေ ပေးမှာ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  အချိန်မီ ပြန်လည်အဖတ်ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။
ဒီလိုမှ မဟုတ်ဘဲ နအဖအာဏာရူးတွေနဲ့  ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့ အောင်ဆန်းဦးဟာ အမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့  သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။
ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကို ဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှုပြုလုပ်ခဲ့ခြင်းဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို အနှောင့်အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်နေခဲ့ပါပြီ။
ထို့ အတူ အမေရိကန်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်လွတ်မြောက်ရေး ကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသား ခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ က ဆန့် ကျင်နေတာ ဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့  အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံကနေ စီးပွားရေးပိတ်ဆို့ ထားတဲ့ အာဏာရူးနအဖတွေနဲ့  ပြောင်ပြောင်တင်းတင်း စီးပွားရေး ဆက်ဆံမှုတွေ တိုက်ရိုက် သွားရောက်ပြုလုပ်နေပြီး ရရှိနေတဲ့ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ဟာ အမေရိကန်နိုင်ငံမှာ ပြန်လည်သုံးစွဲနေတာ ဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။
ဒီကိစ္စကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မျိုးချစ်မြန်မာများအနေနဲ့  ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ပိုင်ဆိုင်မှုတွေ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။
မြန်မာပြည်တွင်းမှာ ရှိကြတဲ့ မြန်မာပြည်သူလူထုအနေနဲ့ လည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို ရှုတ်ချကန့် ကွက်မှုတွေ၊ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ လို အမျိုးသားသစ္စာဖောက်တွေရဲ့  ယုတ်မာတဲ့လုပ်ရပ်တွေကို တားဆီးဟန့် တားမှုတွေ ပြုလုပ်သင့်ပြီး မြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။
ဒီလို စူးငြောင့် ခလုပ်ကန်သင်းတွေကို မဖယ်ရှားဘဲ လစ်လျူရှုထားမယ်ဆိုရင် အဆိုပါ အမျိုးသားသစ္စာဖောက်များဟာ တဖြည်းဖြည်းနဲ့  ပိုမို အတင့်ရဲလာပြီး ပြည်သူလူထုရဲ့  အကျိုးကို နစ်နာထိခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမက အာဏာရူးနအဖတွေကို ထောက်ပံ့ပေးနေတဲ့ နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များသဇွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖျက်ဆီးနေခြင်းဟာ မြန်မာပြည်သူလူထုရဲ့  ခေါင်းဆောင်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့  လူထုခေါင်းဆောင်ရဲ့  ဘ၀လုံခြုံမှုကို အကာအကွယ်ပေးစောင့်ရှောက်ကြရမှာဖြစ်သလို အနှောင့်အယှက်ပြုသူတွေကို ဖယ်ရှားပစ်ရမှာ အရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ ရဲ့  ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုက ရွံ့ မုန်းနေကြတဲ့အပြင် သံဃာတော်များကလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကို အာဏာရူးတွေနဲ့  ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ က စပြီး သပိတ်မှောက် ကံဆောင်ထားပါတယ်။ သံဃာတော်များအနေနဲ့  အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ထံကနေ အလှူခံခြင်း၊ တရားဟောခြင်း စသည့် သာသနာနှင့် ပတ်သက်သော ဆက်ဆံခြင်းများ မပြုလုပ်ကြရန် ဖြစ်ပါတယ်။
ယခုနှစ် အာဇာနည်နေ့ မှာ အခမ်းအနားမှာလည်း အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့  အာဇာနည်ဗိမာန်မှာ လွမ်းသူ့ ပန်းခွေ လာချတဲ့ ဓါတ်ပုံကို အာဏာရူးတွေရဲ့  သတင်းစာထဲမှာ ဖေါ်ပြထားတာ မြင်ရလို့  အော့နှလုံးနာမိပါတယ်။ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနဲ့  မိခင် ဒေါ်ခင်ကြည်တို့ သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် မွေးရကျိုးမနပ် တိုင်းပြည်နဲ့ လူမျိုးအတွက် အနှောင့်အယှက်သမားတွေလို့  ပြောကြားမှာကို မြင်ယောင်မိပါတယ်။
ဖခင် ဗိုလ်ချူပ်အောင်ဆန်း မျှော်လင့်သုံးသပ်ခဲ့တဲ့ အကြီးကောင် ငဦးကတော့ ယခုနေချိန်မှာ အာဏာရူးတွေရဲ့  အသုံးတော်ခံကြီးဖြစ်နေတာ မြင်တွေ့ ရရင်တော့ ဖခင် ဗိုလ်ချူပ်အောင်ဆန်း ရင်ကျိုးပက်လက်ဖြစ်မိမှာ စိုးရိမ်မိပါရဲ့ ။ ဒါပေမယ့်လည်း ဖခင် ဗိုလ်ချူပ်အောင်ဆန်း သုံးသပ်ပြောဆိုခဲ့တဲ့ “ငါ့သမီးလေး (စု) အားလုံးထဲမှာ အလိမ္မာဆုံး ချစ်စရာ အကောင်းဆုံး ဖြစ်မှာပါဘဲ” ဆိုသလို ကျွန်တော်တို့ ရဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖခင်ဗိုလ်ချူပ်အောင်ဆန်း မိခင် ဒေါ်ခင်ကြည်တို့ က ဂုဏ်ယူရမယ့် သမီးကောင်းရတနာဖြစ်ရုံမက မြန်မာပြည်သူပြည်သားတိုင်းက လေးစားချစ်မြတ်နိုးတဲ့သူတစ်ဦး ဖြစ်နေပါကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ။
ငြိမ်းချမ်းရေး ဗိသုကာကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် ၊ အမှတ်တရ အထိမ်းအမှတ်ပွဲ။
ငြိမ်းချမ်းရေး ဗိသုကာကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် ၊ အမှတ်တရ အထိမ်းအမှတ်ပွဲကို စမ်းချောင်းမြို့နယ် ကျွန်းတော ကျောင်းတိုက် မှာ နံနက် ၈း၃၀ နာရီက ကျင်းပခဲ့ပါတယ်။
စာရေးဆရာသန်းစိုးနိုင်မှ အခမ်းအနားကိုမိတ်ဆက်ပေးပြီး၊၀ါရင့် နိုင်ငံရေးသမားကြီးများဖြစ်တဲ့ သခင်သိန်းမောင် ၊နိုင်ငွေသိန်း ၊ ဦးလှကွန့် ၊ ဦးဖေအောင်စတဲ့ ပုဂ္ဂိုလ်များ၊ CRPP ဦးအေးသာအောင်၊ ဦးသာဘန်း စသူများ၊ ၈၈ မျိုးဆက်များ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းများ၊ NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တပြည့်တပန်း များ ၊ စာပေအနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ ၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်မှီက မိန့်ကြားခဲ့သည့်အတိုင်း သူမနာကိုယ်မနာ စေ့စပ်ဆွေးနွေးရေး ပြည်တွင်းငြိမ်းချမ်းရေး မှုဖြင့် လက်ရှိအမှန်တကယ် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ အဓိကလိုအပ်နေတဲ့ကာလ ဖြစ်နေတဲ့အတွက်ဆရာကြီး ဒဂုန်တာရာရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးကိုလည်း အခမ်းအနားတွင် နှိုးဆော်ခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ပန်ကြားလွှာပါ ဆန္ဒပြုလက်မှတ်များကိုလည်း တက်ရောက်သူ ပုဂ္ဂိုလ်များက အားတက်သရော လက်မှတ်ထိုး ထောက်ခံခဲ့ကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လက်တွေ့ဆောက်ရွက်နိုင်ရေးအတွက် ဦးလှကွန့်နဲ့ ဦးဖေအောင်တို့က ရှင်းလင်းပြခဲ့ပြီး ကဗျာဆရာ မောင်စိမ်းနီ ၊မောင်လင်းရိပ်နဲ့ မိုးဦး ဆွေညိမ်းတို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးများကို ရွတ်ဆိုခဲ့ကြပါတယ်။ ကဗျာဆရာ၊ဘာသာပြန်ဆရာ အံ့မောင်ကလည်း ဆရာကြီးရဲ့ကဗျာ များနဲ့ပက်သက်ပြီး ရှင်းလင်းပြခဲ့ပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကို မကြာမီ ဖွဲ့စည်းပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(သတင်းနှင့် ဓါတ်ပုံများအား ပေးပို့ လာသော ကိုသန်းထွဋ်နှင့် ရွှေနန္ဒတို့ အား ကျေးဇူးတင်ရှိပါသည်)။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များမှ ဦးစီးကျင်းပခဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များမှ ဦးစီးကျင်းပခဲ့ကြောင်း သိရှိရပါသည်။
သံဃာတော်များအား အာရုံဆွမ်းကပ်ပြီး တက်ရောက်လာကြသော ဒီမိုကရေစီအင်အားစုများအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံခြင်း၊ ဦးဆောင်ကျင်းပသူများမှ အထိမ်းအမှတ်ပွဲ ကျင်းပ ရသည့်အကြောင်းအား ရှင်းလင်းပြောကြားခြင်း၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေနှင့် ကဗျာများအား ကဗျာဆရာတစ်ဦးချင်းစီမှ ဖတ်ကြားကြခြင်း၊ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများအဖွဲ့ မှ အဖွဲ့ ဝင်များမှ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အမှတ်တရ ဓါတ်ပုံများ ပို့စကဒ်များ ဝေငှကြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းနောက် နံနက် (၁၀း ၃၀) နာရီအချိန်တွင် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ အထိမ်းအမှတ်ပွဲသို့ ရောက်ရှိလာပါသည်။ ၄င်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ အထိမ်းအမှတ်ပွဲ တက်ရောက်လာကြသူများအား နှုတ်ဆက်စကားပြောကြားခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များနှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုသည့် သီချင်းနှစ်ပုဒ်ဖြင့် တက်ရောက်လာရောက်လာကြသူများမှ ဂုဏ်ပြုသီဆိုခဲ့ကြပါသည်။
ထို့ နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစုများမှေ၇ွှတိဂုံစေတီတော်မြတ်ကြီး ခြေရင်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အုတ်ဂူ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အုတ်ဂူနှင့် ငြိမ်းချမ်းရေးဗိသုကာကြီးဦးသန့်၏ အုတ်ဂူများသို့ သွားရောက် ကန်တော့ခဲ့ကြပါသည်။
ကိုလူမော်လတ် (တာဝန်ခံ)
အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ။
Saturday, July 23, 2011
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရှေ့ ဆောင်လမ်းပြခဲ့တဲ့ အမျိုးသားရေးဇာတိမာန်ကို မွေးကြပါ။
မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရရှိခဲ့ပြီး တော်လှန်ရေးခေါင်းဆောင်ကြီးများ အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်လှုပ်ရှားခဲ့တဲ့ “တို့ ဗမာအစည်းအရုံးကြီး” မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ သခင်မြ၊ သခင်အောင်ဆန်း၊ သခင်နု အစရှိတဲ့ သခင်တွေကို ဦးဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ “မှိုင်းရာပြည့်” ဆိုတဲ့ ၁၉၇၆ ခုနှစ်မှာ ကျောင်းသားပြည်သူ ရဟန်းရှင်
လူအပေါင်း အားလုံးက လေးလေးစားစား ဦးညွှတ်ကြပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း (ဆရာလွန်း) ရဲ့ အသက်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။
ယခုအာဏာရှင်များ လက်ထက်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ လို အမျိုးသားရေးဇာတိမာန် နှိုးကြားလာအောင် မြှင့်တင်ကြိုးစား လမ်းပြခဲ့ကြတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတွေ ကျေးဇူးကို သတိရဖို့ နေနေသာ ဂုဏ်ပြုဖို့  နေနေသာ၊ အာဏာရှင်သန်းရွှေအပေါင်းအပါတွေဟာ ပါးစပ်ကသာ ဇာတိမာန်တွေ တတွင်တွင်အော်နေပေမယ့် အမျိုးသားအမျိုးသမီးကောင်းတွေရဲ့  ဘ၀တွေ ပျက်ပျက်သုန်း ကြေမွပျက်စီးနေစေတယ်။ အမျိုသားဓလေ့ထုံးတမ်းစဉ်လာနဲ့ အမျိုးသားပိုင် အဆောက်အဦးနေရာဒေသတွေကို ကာကွယ်စောင့်ရှောက်ဖို့ ထက် လူမျိုးခြားတွေလက်တဲကို တွင်တွင်ကြီး ရောင်းချနေပါတော့တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှားရှိနေသေးရင် ရင်ကျိုးမှာ အမှန်ပါဘဲ။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ အေးချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို တစ်ပါတီအာဏာရှင်ဖြစ်တဲ့ နေ၀င်းရဲ့  လက်ပါးစေတွေက ရိုက်နှက်ထုထောင်း ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ၊ မြို့ အသီးသီး နယ်အသီးသီးက လမ်းမတွေပေါ်မှာ ကြွေးကြော်ချီတက်ခဲ့ကြရင်း “ကမ္ဘာမကြေဖူး” ထဲက သီချင်းစာသားကို အဆက်မပြတ် သီဆိုကာ ဗိုလ်ချူပ်အောင်ဆန်းနဲ့  ဆရာကြီးသခင်းကိုယ်တော်မှိုးင်းတို့ ကို ဦးတည်တိုင်တန်း တိုင်တည်ခဲ့ကြပါတယ်။ အဘိုး သခင်ကိုယ်တော်မှိုင်းတို့  ရယူပေးတဲ့တဲ့ လွတ်လပ်ရေးနဲ့  ငြိမ်းချမ်းရေး ပျက်သုန်းပျောက်ကွယ်ကာ အာဏာရှင်တို့  ရဲ့  လူသတ်လက်နက်တွေနဲ့  လူသတ်ကောင်တွေအောက်မှာ မြန်မာ့ရာဇ၀င် ရိုင်းသွားရပြီဖြစ်ကြောင်း တိုင်တည်ခဲ့တာ ဖြစ်ပါတယ်။
(ကမ္ဘာမကြေဖူး ….
ငါတို့ တစ်တွေရဲ့ သွေးနဲ့ ရေးတဲ့ မော်ကွန်းတွေ၊
တော်လှန်ရေး …
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
အော် .. .သူရဲကောင်းတို့ ရေ …
အာဇာနည်တွေ နေတဲ့ တိုင်းပြည် … )
ရဲရဲတောက် ဒို့  ပြည်သူတွေ …
(သခင်ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီး အဖိုးရေ …
သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ …
အော် .. လုပ်ရက်ကြပေ …
ပေတရာပေါ်မှာ ပြည်သူ့ အလောင်းတွေ …. )
အတုံးအရုံး လဲပြိုကာနေ၊
ညီအစ်ကိုတို့  … ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဖူး၊
မတွေဝေနဲ့  …. ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊
အော် … သူရဲကောင်းတို့ လို ခိုင်မာပီပြင် တော်လှန်ပြုမလေ၊
ညီအစ်ကိုတို့  … ပေတရာပေါ်မှာ ကျတဲ့သွေးတွေ မခြောက်သေးဖူး၊
မတွေဝေနဲ့  …. ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော၊
အော် … သူရဲကောင်းတို့ လို ခိုင်မာပီပြင် တော်လှန်ပြုမလေ၊
အမျိုးချစ်တဲ့ ဒို့ တာဝန်ပေ …
ကမ္ဘမကြေဖူး … ။
(၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြရင်း သီဆိုခဲ့တဲ့ ဒီသီချင်းကို ပြန်လည်သီဆိုထားတာတွေ့ ရလို့  မျှဝေလိုက်ပါတယ်)။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရှေ့ ဆောင်လမ်းပြခဲ့တဲ့ အမျိုးသားရေးဇာတိမာန်တွေ ထပ်မံနိုးကြားကြပြီး တိုင်းပြည်နဲ့ လူမျိုး ငြိမ်းချမ်းဖို့ အတွက် လွတ်လပ်ဖို့ အတွက် အမျိုးသား အမျိုးသမီးထုအပေါင်းအနေနဲ့  မိမိတို့  အမျိုးသားအရေးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမျိုးသားရေး စိတ်ဓါတ်တွေ မွေးကြပြီး အမျိုးသားတစ်ရပ်လုံးရဲ့  ရန်သူဖြစ်တဲ့ အာဏာရှင်များကို တော်လှန်တိုက်ထုတ်ကြပါစို့ လို့  တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
(နစ်နေမန်း)။
ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ သမိုင်းကြောင်းမှာလည်း မြန်မာပြည်အာဏာရှင်များ လက်အောက်တွင် မှေးမှိန်ပျောက်ကွယ်လျက်ရှိသည်။
ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ သမိုင်းကြောင်းမှာလည်း မြန်မာပြည်အာဏာရှင်များ လက်အောက်တွင် မှေးမှိန်ပျောက်ကွယ်လျက်ရှိသည်။
ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးသခင်ကိုယ်တော်မှိုင်း၏ ဘ၀မှတ်တမ်း။
မြန်မာသက္ကရာဇ် ၁၂၃၇ခု၊ တပေါင်းလပြည့်ကျော် ၁၄ရက် ၊ ကြာသပတေးနေ့ ( ၂၃.၃.၁၈၇၆) တွင် ရွှေတောင်မြို့နယ် ၀ါးလည်ရွာ၌ ဦစံဒွန်း - ဒေါ်အုန်းတို့မှ သခင်ကိုယ်တော်မှိုင်းကို မွေးဖွားသန့်စင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်းရဲ့ ငယ်နာမည်မှာ မောင်လွန်းမောင် လို့ စာအုပ်တွေထဲမှာ သိရပါတယ်။ ကိုယ်တော်မှိုင်းမှာ မွေးချင်း (၅) ယောက် ရှိကြပါတယ်။ (၁) ဦးဘိုးညွန့်၊ (၂) သခင်ကိုယ်တော်မှိုင်း (၃) ဦးအောင်လင်း (၄) ဒေါ်အေးမယ် (၅) ဒေါ်ငွေဆင့်တို့ ဖြစ်ကြသည်။
သခင်ကိုယ်တော်မှိုင်းရဲ့ ဖခင် ဦးစံဒွန်းသည် အိမ်ထောင်နှစ်ဆက်ရှိသည်။ သခင်ကိုယ်တော်မှိုင်းတို့မိခင်မှာ ပထမအိမ်ထောင်ဆက်ဖြစ်ပြီး ဒုတိယအိမ်ထောင်ဆက်သည် ဒေါ်ငွေမှုန်ဖြစ်သည်။ ဒေါ်ငွေမှုန်နှင့် သားသမီး၂ယောက်ထွန်းကားသည်။
မြန်မာသက္ကရာဇ် ၁၂၄၆ခုနှစ်၊ သခင်ကိုယ်တော်မှိုင်း အသက်ကိုးနှစ်အရွယ်တွင် ဦးလေးဘုန်းကြီးများနှင့် မန္တလေးမြို့ မြတောင်တိုက်သို့ ရောက်ရှိလာခဲ့ပြီး ဘုန်းကြီးကျောင်း၌ စာသင်ကြားခဲ့သည်။
သခင်ကိုယ်တော်မှိုင်း၏ ငယ်နာမည်မှာ မောင်လွန်းမောင် ဖြစ်လေသည်။ မောင်လွန်းမောင် မန္တလေးသို့ရောက်ရှိသော နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၄၆ခုနှစ်ဖြစ်ပြီး ထိုအချိန်၌ မန္တလေးရတနာပုံရွှေမြို့တော်သည် သီပေါမင်းအုပ်စိုးသော အချိန်ဖြစ်လေသည်။ ထိုအချိန်၌ မြန်မာနိုင်ငံတော်သည် နှစ်ပိုင်းကွဲနေပြီး အထက်မြန်မာပြည်သည် မြန်မာဘုရင်အုပ်ချုပ်ပြီး အောက်မြန်မာပြည်သည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်များ အုပ်ချုပ်သော အချိန်ဖြစ်သည်။
မောင်လွန်းမောင် မြတောင်ကျောင်းတိုက်ကို ရောက်ရှိချိန်တွင် အလယ်ပင်မကျောင်းကြီးဖြစ်မယ့် မိဖုရားဆောက်လုပ်တဲ့ မြတောင်ရွှေကျောင်းကြီး ဆောက်လို့ မပြီးသေးချိန် ဖြစ်သည်။
မင်းတုန်းမင်းကြီးနတ်ရွာစံလို့ သားတော်သီပေါမင်းနန်းတတ်တော့ မင်းတုန်းမင်းကြီး၏ သမီးတော်တစ်ပါးဖြစ်သည့် အလယ်နန်းမတော်ရဲ့ သမီး သီရိသုပဘာရတနာဒေ၀ီဘွဲ့ခံ စုဖုရားလတ်က မိဖုရားခေါင်ကြီးအဖြစ် အထွတ်အထိပ် ရောက်ရှိချိန်ဖြစ်သည်။ စုဖုရားလတ် မင်းသမီးငယ်ဘ၀ အာဏာမရခင်က သူ ကိုးကွယ်သည့် ဆရာတော်ဦးအာလောက ကို မိဖုရားခေါင်က ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်ကြီးအင်္ဂါရပ်နှင့် ညီညွတ်တဲ့ ကျောင်းသစ်ကြီး ဆောက်လုပ်လှူဒါန်းကိုးကွယ်မည်ဆိုပြီး မြတောင်တိုက်သစ်ကြီးကို ဆောက်လုပ်စေခဲ့တာဖြစ်သည်။ မြတောင်ကျောင်းတိုက်ကြီးကို ၁၂၄၇ခု တပေါင်းလကစပြီး ဆောက်လုပ်ပြီး ၁၂၄၇ခု တန်ဆောင်မုန်းလမှာ ပြီးစီးခဲ့ပါသည်။ မောင်လွန်းမောင် မြတောင်တိုက်ကို ရောက်ရှိခဲ့တာဟာ ၁၂၄၆ခုနှစ်ဖြစ်ပြီး ထိုအချိန်တွင် ကျောင်းတိုက်ကြီး ဆောက်လို့ မပြီးစီးချိန်ဖြစ်သည်။
ကျောင်းတိုက်ကြီးကို နေ့ရောညပါဆောက်လုပ်နေတော့ မောင်လွန်းမောင်ရဲ့ မျက်စိအောက်မှာဘဲ တစ်နှစ်ကြာသောအခါ တန်ဆောင်မုန်းလထဲ ကျောင်းလွှတ်ပွဲကြီး ကျင်းပကြတော့မည်ဆိုပြီး သတင်းတွေ ကြားလာရသည်။ ထိုရေစက်ချပွဲကို မင်းမိဖုရားနှစ်ပါးစလုံး ထွက်တော်မူကြီး ထွက်တော်မူပြီး တခမ်းတနားကျင်းပမယ်ဆိုတဲ့ သတင်းတွေကို ကြားရကြပြန်သည်။
၁၂၄၇ ခု တန်ဆောင်မုန်းလဆုတ် ၇ရက်နေ့ (၂၈၊၁၀၊၈၅) ညနေ၃နာရီတွင် အင်္ဂလိပ်တပ်များသည် ဂေါဝိန်ဆိပ်မှနေပြီး ကျောင်းတော်ကြီးဘေးလမ်း ( အေလမ်း ) မှ မြို့တွင်းသို့ ဆက်လက်ချီက်သွားကြသည်။
တန်ဆောင်မုန်းလဆုတ် ၈ရက်နေ့ ညနေ နေစွယ် မကျိုးတကျိုးအချိန်တွင် စစ်ခရာသံတွေနှင့်အတူ အရှင်နှစ်ပါးကို အင်္ဂလိပ်တပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြလေတော့သည်။ လမ်းတလျှောက် မြတောင်ကျောင်းတော်အရောက်တွင် အရှင်နှစ်ပါးမှ အင်္ဂလိပ်တပ်များအား ခွင့်တောင်းပြီး မြတောင်ကျောင်းတိုက်ဆရာတော်အား ၀င်ရောက်ဖူးမျှော်ခဲ့ကြပြီး - ဆရာတော်ဘုရား၊ တပည့်တော်မတို့ သွားရပြီဘုရား - ဟု လက်အုပ်ချီပြီး ကန့်တော့သွားကြလေသည်။
ထိအချိန်တွင် မောင်လွန်းမောင်လေးသည် စားတော်ဝန်ဦးခဲကျောင်းလက်ရန်းပေါ်မှ မင်းနှစ်ပါးပါတော်မူပုံကို မြင်လိုက်ရလေသည်။ ထိုမြင်ကွင်းသည် သခင်ကိုယ်တော်မှိုင်းတဖြစ်လဲမည့် မောင်လွန်းမောင်လေးရဲ့ ရာသက်တိုင်မျိုးချစ်စိတ်ကို ခိုင်မြဲစေအောင် အုတ်မြစ်ချပေးသွားပါလေတော့သည်။
မြန်မာသက္ကရာဇ် ၁၂၄၇ခု - တန်ဆောင်မုန်းလပြည့်ကျော်၈ရက် ( ၂၉-၁၁-၁၈၈၅ ) မှာ ဗြိတိသျှကိုလိုနီသမားများသည် မြန်မာပြည်ကို တတိယအကြိမ် အလွယ်တကူဘဲ ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။ မင်းနဲ့ မှူးမတ်အချို့က အညံ့ခံအရှုံးပေးလိုက်လို့ အခုအခံ အတိုက်အခိုက်မရှိ အလွယ်တကူ သိမ်းယူသွားနိုင်ခဲ့ပေမယ့် နောက်ပိုင်း အချို့မှူးမတ်တွေနဲ့ တိုင်းသူပြည်သားတွေက သူ့ကျွန်ဘ၀ကို လုံးဝလက်မခံကြလေတော့ ရရာလက်နက်စွဲကိုင်ပြီး အနယ်နယ်အရပ်ရပ်မှာ သူပုန်ထကြွကြလေသည်။ ဒီလို သူ့ကျွန်မခံ မျိုးမာန်မချတဲ့ ဗမာပြည်သူတွေက နှစ်တွေ အကြာကြီး တော်လှန်အုံကြွနေတဲ့အချိန်ကာလကြီးအတွင်း ဒီပတ်ဝန်းကျင်မှာ မောင်လွန်းမောင်သည် ၁၀နှစ်သားအရွယ်ကနေ တဖြည်းဖြည်း လူပျိုပေါက်လို့ လူလားမြောက်ခဲ့ရသည်။
မောင်လွန်းမောင် အသက်၁၉နှစ်အရွယ်တွင် ဖခင်ဦးစံဒွန်း ကွယ်လွန်ရှာလေသည်။ မန္တလေးမြို့ပျက်ပြီးနောက် မောင်လွန်းမောင်သည် မန္တလေးမှာ ဆက်မနေဖြစ်တော့ဘဲ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကနီ စသည့်ဒေသများကို တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေထိုင်ကြသည်။ ဤသို့လှည့်လည်နေထိုင်ရင်း လောကုတ္တရာစာပေ၊ လောကီစာပေတွေ၊ ရာဇ၀င်သမိုင်းတွေ၊ ကဗျာလင်္ကာတွေကို ဘ၀တက္ကသိုလ်ကြီးမှာ ကြုံရာကျပန်း သင်ယူခဲ့သည်။
မောင်လွန်းမောင်သည် အသက်၂၁နှစ်အရွယ်တွင် အစိုးရစစ် ၇တန်းစာမေးပွဲကို မုံရွာမြို့တွင် အလွတ်ပညာသင်အနေဖြင့် ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့သည်။ ထို့နောက် အသက်၂၂အရွယ် ၁၈၉၈ ခုနှစ်တွင် မော်လမြိုင်သို့ ဦးပဏ္ဍိဘ၀ဖြင့် ရောက်ရှိလာခဲ့သည်။ မော်လမြိုင်မြို့သည် ဗြိတိသျှလက်အောက် အစောဆုံးကျရောက်သောမြို့ဖြစ်ပြီး ဗမာသတင်းစာသမိုင်းတွင် သတင်းစာအစောဆုံးထုတ်ဝေသော မြို့ဖြစ်သည်။
ဦးပဏ္ဍိသည် မော်လမြိုင် ကျိုက်သံလံအရှေ့စောင်းတန်းဘေး လေးထပ်ကျောင်းတွင် တစ်ဝါဆိုခဲ့သည်။ ၀ါကျွတ်ပြီး အဂ္ဂိရတ် အင်မတန်ထိုးသည့် ဦးသုဇာတဆရာတော်၏ ကျောက်တန်းကျောင်းသို့ ပြောင်းရွေ့သီတင်းသုံးခဲ့သည်။ ကျောက်တန်းကျောင်းသို့ရောက်ပြီး ၁၂၆၃ ( ၁၉၀၁ ) ခုနှစ်လောက်တွင် မြန်မာတိုင်း(စ်) သတင်းစာတိုက်နှင့် အဆက်အသွယ်အ၀င်အထွက်ရှိလာပြီး မြန်မာတိုင်း(စ်)တွင် - ပဏ္ဍိလေး - ဆိုသည့် ကလောင်နာမည်ဖြင့် ကဗျာများ၊ ဆောင်းပါးများကို စတင်ရေးသားခဲ့သည်။ ထိုအချိန်တွင် မြန်မာတိုင်း(စ်)သတင်းစာအယ်ဒီတာမှာ ဆရာဖြိုးဖြစ်သည်။
ထိုခေတ်တွင် မော်လမြိုင်၌ မော်လမြိုင် အက်ဗာတိုက်ဇား ဆိုသည့်သတင်းစာ၊ ရာမည ဆိုသည့် သတင်းစာ၊ မြန်မာတိုင်း(စ်) ဆိုသည့်သတင်းစာများ ထွက်ရှိနေခဲ့သည်။ ထိုအချိန်က မြန်မာတိုင်း(စ်)သတင်းစာပိုင်ရှင်မှာ မော်လမြိုင်ဒိုင်းဝန်ကွင်မှ ဆင်ဖြူကျောင်းတကာ ဦးဖိုးခင်နှင့် ဒေါ်စာရီတို့ ဖြစ်သည်။
ကိုလွန်းမောင် အသက်၂၄နှစ်အရွယ် ၁၉၀၀ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဆန်စပါးပွဲစားဦးနု ဒေါ်နှစ်တို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါလက်ဆက်ခဲ့ကြသည်။ ဒေါ်ရှင်သည် ကိုလွန်းမောင်ထက် နှစ်နှစ်ငယ်လေသည်။ သူတို့တွင် သားသမီး၅ယောက် ထွန်းကားခဲ့သည်။ ၁၂၆၆ ခုနှစ်တွင် သမီးကြီး မမြရီ၊ ၁၂၆၇ခုနှစ်တွင် ဒုတိယသမီး မမြသီ၊ ၁၂၇၀တွင် သားကိုစိန်ညွန့်၊ ၁၂၇၂တွင် သား မောင်ငွေတိုးနှင့် ၁၂၇၄တွင် သမီး မမြကြည်တို့ ဖြစ်ကြသည်။
၁၉၀၄ခု ( ၁၂၆၆ ) တွင် ကိုလွန်းမောင်သည် မော်လမြိုင်သို့ ပြန်လည်ရောက်ရှိလာပြီး မြန်မာတိုင်း(စ်)သတင်းစာမှ ကိုလွန်းမောင်အား လခ၆၀ကျပ်နှင့် နေအိမ်အခမဲ့ပေးလေသည်။ ကိုလွန်းမောင်သည် မြန်မာတိုင်း(စ်)၌ ၁၂၆၈ ( ၁၉၀၆ ) ခုနှစ်အထိ အလုပ်လုပ်ခဲ့သည်။
မြန်မာတိုင်း(စ်)သတင်းစာ၌ အယ်ဒီတာလုပ်ရင်း အယ်ဒီတာဆရာလွန်းနာမည်ဖြင့် မော်လမြိုင် ရာဇ၀င်ဝတ္ထုကိုရေးခဲ့သည်။ (၁၉၀၅ခု)၊ ဒုတိယကဗျာသာရမဉ္စူကို ရေးသည်။ (၁၉၀၆ခု) ထိုနှစ်တွင် ပရမတ္ထသံစိပ်အဖြေကျမ်း ဒုတိယတွဲကို ရေးသည်။
ဆရာလွန်းမောင်သည် မော်လမြိုင်သတင်းစာတိုက်၌ ရှိစဉ် ဂဋ္ဌုန်သူပုန်ခေါင်းဆောင်ဖြစ်မည့် ဆရာစံသည် ဘီလူးကျွန်းကမာမိုရွာ၌ ရှိလေသည်။ ဆရာစံသည် မော်လမြိုင်ကိုလာတိုင်း သတင်းစာတိုက်ကို ၀င်လေသည်။ ဆရာလွန်းမောင် (သခင်ကိုယ်တော်မှိုင်း) နှင့် ဆရာစံတို့သည် ထိုစဉ်ကတည်းကပင် သိကျွမ်းခင်မင်ခဲ့ကြသည်။ ဆရာစံရေးသည့် လက္ခဏုဇုကျမ်းသည် မြန်မာတိုင်း(စ်) ပုံနှိပ်တိုက်တွင် ပထမအကြိမ် ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။
ဆရာလွန်းမောင်သည် မစ္စတာမောင်မှိုင်း ဆိုသည့် ကလောင်နာမည်ကို မော်လမြိုင် မြန်မာတိုင်း(စ်) သတင်းစာတိုက်၌ကပင် သုံးစွဲခဲ့ခြင်းဖြစ်သည်။ ဂျိမ်းစ်လှကျော်သည် မောင်ရင်မောင်နှင့် မမယ်မ၀တ္ထုကို ရှေ့နေကျောင်းဖွင့်ရင်း ရေးသားပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် အထူးအောင်မြင်ခဲ့သည်။ ထိုနှစ်မှာပင် ဦးမောင်ကြီးသည် ချဉ်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုကို ရေးသည်။ ၄င်းစာအုပ်သည်လည်း အောင်မြင်ကျော်ကြားခဲ့သည်။ သို့သော် မောင်မှိုင်းသည် လူယုတ်မာအဖြစ်နှင့် ကျော်ကြားလာသည်။ ထိုစာအုပ်တွေ နာမည်ကျော်လာတော့ ဆရာလွန်းမောင်သည် အင်္ဂလိပ်စာတတ်တွေ ကိုယ့်နာမည်ရှေ့မှာ ဗမာထုံးစံအသက်အရွယ်နှင့် လိုက်ဖက်သည့် ဦး၊ မောင် တို့ကို မတပ်ပါဘဲ မစ္စတာဆိုသည့် စကားလုံးကို ပြောကြ၊ရေးကြ လုပ်လာတာကို တွေ့ရလို့ ဒီဗိုလ်ဆန်မှုကို ပြုတ်အောင် ဖြုတ်မည်ဆိုပြီး သူ့ကလောင်နာမည်ကို တိုင်းပြည်ကသိတဲ့ ကြာသမား လူယုတ်မာ မောင်မှိုင်းရှေ့မှာ မစ္စတာ ထည့်ပြီး မစ္စတာမောင်မှိုင်း ဟု ယူလိုက်သည်။ ထိုကလောင်နာမည် သတင်းစာသို့ပါလာသောအခါ မစ္စတာသမားများ ပွက်လောရိုက်ကုန်လေတော့သည်။
မြန်မာတိုင်း(စ်)သတင်းစာသည် ၁၉၀၆ခုနှစ်လောက်တွင် သတင်းစာအကျိုးအမြတ်သိပ်မရှိတော့သည်ကြောင့် ပိတ်လိုက်ကြလေတော့သည်။ မစ္စတာမောင်မှိုင်းသည် မော်လမြိုင်မှ ရန်ကုန်ဇမ္ဗူ့ကျက်သရေပုံနှိပ်တိုက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် ဟင်္သာတမှ အမရ၀တီပုံနှိပ်တိုက်တွင် စာပြုစာပြင် အယ်ဒီတာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။
၁၉၁၁ခုနှစ်လောက်တွင် ကိုဘဖေ၊ကိုလှဖေ၊ကိုဘကလေးဆိုသည့် လူငယ်သုံးဦးသည် လူငယ့်အားမာန်နှင့် တကယ့်သတင်းစာနှင့်တူသော ဗမာသတင်းစာတစ်စောင် ထုတ်ဝေရန် အစွမ်းကုန်စိုင်းပြင်းကြသည်။ ထိုအချိန်တွင် ဤလူငယ်သုံးဦးသည် အင်္ဂလိပ်စာတတ်တွေဖြစ်ကြ၍ ဗမာစာကို နိုင်နိုင်နင်းနင်း ချောချောမွေ့မွေ့ ရေးတတ်ခြင်း အလျင်းမရှိပေ။ ထို့ကြောင့် ဗမာစာ နိုင်နင်းစွာရေးတတ်သူ မစ္စတာမောင်မှိုင်း အား အကူအညီတောင်းခဲ့ကြသည်။ ဆရာကြီးကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး အကူအညီပေးလေသည်။ ဆရာကြီးမှ သတင်းစာနာမည်ကို သူရိယ ဟု အမည်ပေးလေသည်။ သူတို့ကြိုးစားလုံးပန်းနေကြသည့် သူရိယသတင်းစာသည် တနေ့တခြား ဒီရေအလား ကြီးပွားတိုးတက်လာပြီး သူရိယသတင်းစာသည် ဂဋ္ဌုန်ဦးစောလက်မရောက်ခင်အထိ တိုင်းပြည်၌ အရှိန်အစော်အလွန်ကြီးသည့် သတင်းစာတစ်စောင် ဖြစ်နေလေတော့သည်။
သူရိယသတင်းစာသည် ဗမာတိုင်းရင်းသားတွေ နိုးကြားအောင် သူ့ကျွန်ဘ၀က လွတ်လပ်အောင် ဘယ်လိုစည်းလုံးကြ၊ ညီညွတ်ကြ၊ တိုက်ပွဲဝင်ကြဆိုတာတွေကို မနားမနေ ရေးခဲ့ သားခဲ့ မျက်စိဖွင့်ပေးခဲ့ လှုံဆော်နှိုးဆွပေးခဲ့သည်။ ဆရာကြီးသည် သူတို့ဝိုင်းဝန်းရေးသားလုပ်ဆောင်လာခဲ့ရသော သူရိယသတင်းစာကို အလွန်သံယောဇဉ်ကြီးသည်။ သူရိယတွင် ဆရာကြီး၏တာဝန်မှာ တတိုက်လုံး၏ အတိုင်ပင်ခံဖြစ်လေသည်။ သတင်းစာတစောင်လုံးမှာပါမည့် ခေါင်းကြီးကအစ သတင်းဆောင်းပါးနှင့် ကြော်ငြာအဆုံး စာတွေ မှန် ၊ မမှန် ကောင်း၊ မကောင်း အယ်ဒီတာချုပ်မှအစ သတင်းထောက်အဆုံး ရေးသမျှစာတွေထဲက မကောင်းတာရှိရင်ကောင်းအောင် မမှန်တာရှိရင် မှန်အောင် အားလုံးပြုပြင်ပေးရသည်။ ထို့နောက် သူရိယရက်ခြားသတင်းစာတွင် ဆရာကြီးသည် ဆောင်းပါးအနည်းဆုံး တစ်ပတ်တစ်ကြိမ်၊ နေ့စဉ်ထုတ်တွင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် ရေးရသည်။
ဆရာကြီးရွှေဥဒေါင်း ( ဦးဖေသိန်း ) သည် ၁၉၁၇ခုနှစ်တွင် သူရိယသတင်းစာ၌ အလုပ်စ၀င်လေသည်။ ဆရာကြီးရွှေဥဒေါင်း သူရိယ၌ အလုပ်စ၀င်ချိန်တွင် ရုတ်တရက် နေရာမပေးနိုင်သေးသဖြင့် ဆရာကြီး မစ္စတာမောင်မှိုင်းနှင့်အတူ တစ်စားပွဲထဲ ထိုင်ခဲ့ရသေးသည်။ ၁၉၁၉ခုနှစ်တွင် ဆရာကြီးရွှေဥဒေါင်းသည် သူရိယ၌ အလုပ်လုပ်နေရင်းတန်းလန်းနှင့် မြန်မာ့ဗျူဟာဂျာနယ်ဆိုသည့် ဂျာနယ်တစ်စောင် ထုတ်လေသည်။
နိုင်ငံရေး၌ ဆရာကြီး ကိုယ်ထိလက်ရောက်ပါဝင်ဆင်နွဲခဲ့သည့် တိုက်ပွဲမှာ ၁၉၂၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားအရေးတော်ပုံကြီးပင်ဖြစ်သည်။ ထိုအရေးတော်ပုံမှာ ကျောင်းသားအရေးတော်ပုံဆိုပေမယ့် ဗမာပြည်သူတစ်ရပ်လုံး ပါဝင်လာသည့် အရေးတော်ပုံပင်ဖြစ်သည်။
ဗမာတပြည်လုံးကို ကျွန်ပြုသိမ်းပိုက်ထားသည်မှာ နှစ်ပေါင်း၃၀ကျော် ကြာလာသည်အထိ ဗြိတိသျှအစိုးရသည် ဗမာပြည်၌ ဗမာတွေအထက်တန်းပညာသင်ဖို့ တက္ကသိုလ်တခုရယ်လို့ သီးခြားဖွင့်မပေးခဲ့ချေ။ ဗမာပြည်ကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုအနေမျိုးဖြင့်သာ အုပ်ချုပ်ရေးတွင် ထားရှိသေးတာမို့ ရန်ကုန်မြို့၌ ဖွင့်ထားသော ကောလိပ်ကျောင်းမှာလည်း ကာလကတ္တားယူနီဘာစီတီလက်အောက်ခံ ကောလိပ်ကျောင်းငယ်နှစ်ခုသာ ဖြစ်ခဲ့သည်။ ၁၉၂၀ခုနှစ် ကုန်ခါနီးတွင် ဗမာနိုင်ငံအတွက် သီးခြားယူနီဘာစီတီတစ်ခု ဖွင့်ပေးမည်ဟု ဆိုလာပြီး ထိုယူနီဘာစီတီအတွက် အက်ဥပဒေတစ်ခု ပြဋ္ဌာန်းဖို့ စီမံလာသည်။ ထိုဥပဒေ၏ အနှစ်သာရသည် ထိုယူနီဘာစီတီမှ ထုတ်လုပ်ပေးမည့် ပညာတတ်သည် အမျိုးသားစီးပွားရေးတည်ဆောက်ရာတွင် တစုံတရာပါဝင်နိုင်သည့် အရည်အသွေးမရဘဲ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုအတွက်သာ သွတ်ခိုင်းစေဖို့ကောင်းသည့် စာတတ်လူငယ်များ အထိုက်အလျောက်ပေါ်ပေါက်လာရေး၊ ထိုပညာမျှတောင် များများစားစားတတ်ရောက်မသင်ကြားနိုင်ဘဲ လူလက်တဆုတ်စာလောက်သာ သင်ကြားနိုင်ရေးဘဲ ဖြစ်သည်။ သူတို့ပြဋ္ဌာန်းမည့် အက်ဥပဒေတွင် လူအများစု အထက်တန်းပညာ ဆက်မသင်နိုင်အောင် ကန့်သတ်ချုပ်ချယ်ထားချက်တွေ အများကြီးရှိသည်။ အလွန်စရိတ်ကြိးကြီးနှင့် ငွေကြေးအကုန်ခံနိုင်မှသာ သင်ကြားနိုင်သည်။ ဒီဂရီရလာတော့လည်း သူများအခိုင်းခံဘ၀ကို ရောက်ရမည်ဆိုသည့် ပညာရေးမို့ နိုးကြားလာသည့် ဗမာတွေသည် ထိုပညာရေးဟာ ကျွန်ပညာရေး ဟု သမုတ်ကြသည်။
ထို့ကြောင့် ဗမာကျောင်းသားများသည် သီးခြားယူနီဘာစီတီဖွင့်ပေးမယ့် ဒီအက်ဥပဒေတွင် ဤအချက်မျိုးများမထည့်ရန် အပြင်းအထန် တောင်းဆိုကြသည်။ ပေါ်ပေါက်နေပြီဖြစ်သော ဂျီစီဘီအေ နိုင်ငံရေးအသင်းအဖွဲ့ကြီးမှလည်း တောင်းဆိုသည်။ ကန့်ကွက်နိုင်သည့် ဘက်ပေါင်းစုံမှ ကန့်ကွက်ကြသည်။ သို့သော် ကိုလိုနီအစိုးရမှ ထိုဥပေဒကို ၁-၁၂-၂၀ ရက်နေ့တွင် ဇွတ်အတင်း အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ထို့ကြောင့် ကောလိပ်ကျောင်းသားသပိတ်ကြီးသည် ၅-၁၂-၂၀ ရက်နေ့တွင် ပေါက်ကွဲပေါ်ပေါက်လာခဲ့သည်။ ပြည်သူများမှလည်း ကျောင်းသားသပိတ်ကို အဖက်ဖက်မှ ၀ိုင်းဝန်းကူညီထောက်ခံကြသည်။
အင်္ဂလိပ်အစိုးရဘက်မှလည်း ဖိနှိပ်ရေးကိုသာ အစအဆုံး အသုံးပြုခဲ့ပြီး ကျောင်းသားများ၏ တောင်းဆိုချက်ကို မလိုက်ရောဘဲ ခါးခါးသီးသီးငြင်းဆန်ခဲ့သည်။ ထို့နောက် ဗမာကျောင်းသားများသည် ကျွန်ပညာကို မယူတော့ဘဲ သခင်ပညာရေးကို ပေးနိုင်မည့် အမျိုးသားပညာရေး စင်ပြိုင်တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
၁၉၂၀ခု ဒီဇင်ဘာလ ၅ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ စတင်သပိတ်မှောက်ကြသည်။ ဒီဇင်ဘာ၁၆ရက်နေ့တွင် ရန်ကုန်မြို့ပေါ်မှ နယ်အသီးသီးက အထက်တန်းကျောင်းပေါင်း၄၄ကျောင်း သပိတ်တိုက်ပွဲထဲသို့ ရောက်ရှိလာသည်။ ထိုအတောအတွင်း ပညာရေးအာဏာပိုင်များမှ ကျောင်းပြန်မတတ်သည့် ကျောင်းသားမှန်သမျှကို ဒီဇင်ဘာ၂၃ရက်နေ့ နောက်ဆုံးထား၍ ကျောင်းမှ ထုတ်ပယ်မည်ဟု အမိန့်ထုတ်ပြန် ဖိနှိပ်လာသည်။
ဒီဇင်ဘာ ၁၇ရက်နေ့တွင် ပထမဆုံး အမျိုးသားကျောင်းစာသင်စခန်းကြီးတစ်ခုတွင် ကောလိပ်သပိတ်စခန်းချရာ ဗဟန်းမှ ဇရပ်လွတ်တွေအားလုံး စာသင်ခန်းတွေ စဖွင့်ပါတော့သည်။ ကျောင်းသားများ၏ တိုက်ပွဲကို ဂျီစီဘီအေအဖွဲ့ချုပ်ကြီးမှလည်း ဆုံးဖြတ်ချက်ချပြီး ထောက်ခံခဲ့သည်။ အားပေးသည်။ ကျောင်းသားမိဘများမှလည်း အားပေးထောက်ခံခဲ့သည်။ ထို့ကြောင့် အမျိုးသားကျောင်းများ ဗမာတပြည်လုံးတွင် မှိုပေါက်သလို ပေါ်ပေါက်လာပါတော့သည်။
အမျိုးသားကျောင်းတွေသာမက အမျိုးသာကောလိပ်ပါ တည်ထောက်မည်ဟု ဆုံးဖြတ်ပြီး ၁၉၂၁ခုနှစ် သြဂုတ်လ ၁၄ရက်နေ့တွင် အမျိုးသားကောလိပ်ကြီး စတင်ဖွင့်လှစ်လိုက်သည်။ ထိုအချိန်တွင် ဆရာကြီးသည် သူရိယသတင်းစာတွင် အလုပ်လုပ်နေချိန်ဖြစ်သည်။ ထိုသို့ ပွဲကြီးပွဲကောင်းမျိုးကို အလွန်လိုလားသည့် ဆရာကြီးအဖို့ တတ်နိုင်ရာမှ ရေးသားပေးခြင်း၊ အစည်းအဝေးတတ်ပေးခြင်း၊ အလှူခံပေးခြင်း၊ သပိတ်စခန်းကို မကြာခဏသွားပြီး အားပေးအားမြှောက်ခြင်းများ ပြုလုပ်ပေးခဲ့သည်။
အမျိုးသားကောလိပ်ဖွင့်သည့်အချိန်ရောက်တော့လည်း အမျိုးသားကောလိပ်တွင် မြန်မာမှု မြန်မာစာ မြန်မာရာဇ၀င်သင်ကြားပေးရန် ဆရာကြီးအား အမ်အေဦးမောင်ကြီးတို့မှ မေတ္တာရပ်ခံကြသည်။ ထိုအချိန်တွင် ဆရာကြီးသည် အသက်၄၅နှစ် ရှိပေသည်။ ဆရာကြီးသည် ၀မ်းမြောက်ဝမ်းသာလက်ခံပြီး သူရိယအလုပ်ခွင်မှ ထွက်ပြီး ဗဟန်းကောလိပ်သို့ လိုက်ပါလာခဲ့သည်။ သူရိယတွင်လည်း ဆရာကြီးသည် သူရေးနေကျဆောင်းပါးများကို ရက်ခြားနှင့် နေ့စဉ်ဆက်ရေးပေးနေခဲ့သည်မှာ ၁၉၂၂ခုနှစ်အထိပင်ဖြစ်သည်။
၁၄-၈-၂၁ နေ့က စတင်ဖွင့်လှစ်ခဲ့သည့် ဗဟန်းအမျိုးသားကောလိပ် တစ်နှစ်မပြည့်ခင် ၁၈-၆-၂၂နေ့တွင် ဂျီစီဘီအေအဖွဲ့မှ ၂၁ဦးသည် ဗြိတိသျှ၏ ဒိုင်အာခီကို လက်ခံလိုက်သည်။ ဆရာကြီးတို့ တတ်တတ်ကြွကြွပြုစုပျိုးထောင်ကြသော အမျိုးသားကောလိပ်သည် ၂နှစ်ကျော် ၃နှစ်အရောက်တွင် အမျိုးသားပညာရေး၏ ရေသောက်မြစ်ဖြစ်သည့် ဂျီစီဘီအေကြီး ပြိုကွဲသွားသောကြောင့် အရင်းလဲလို့ အဖျားထင်းဖြစ်သည့် ဘ၀သို့ ရောက်ရှိသွားတော့သည်။
မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်။
ယနေ့  ဇူလိုင်လ (၂၃) ရက်နေ့ တွင် ကျရောက်သော မြန်မာ့ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အမှတ်တရအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံ နှင့် အမှာစကားပါဝင်သော ဓါတ်ပုံပို့ စကဒ်များအား ဝေငှသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန် စမ်းချောင်းမြို့ နယ်၊ ကျွန်းတော ဘုန်းကြီးကျောင်းတွင် အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး အထိမ်းအမှတ်ပွဲ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
Thursday, July 21, 2011
အာဏာရူးတွေရဲ့  မတရား ဖမ်းဆီးခြင်းကို ခံနေရတဲ့ ဘားအံထောင်တွင်းမှ ဘလော့ဂါ ကိုနေဘုန်းလတ်ရဲ့  “အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်” ကဗျာ။
“အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်”
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့ … ။
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်…
သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်…
ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ် …။
ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီ… လွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ …. ။
နေဘုန်းလတ်
ဇူလိုင်လ (၂၀) ရက်နေ့ ၊ ၂၀၁၁ ခုနှစ်၊ နံနက် ၁၀ နာရီ ၉ မိနစ်။
(၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ( ဘားအံ အကျဉ်းထောင်မှ ဂုဏ်ပြုဖွဲ့ဆိုပါသည်)။