Monday, July 18, 2011

အာဇာနည်နေ့  ဇူလိုင် (၁၉) ရက်နေ့  ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် အလေးပြုကြပါစို့ ။

ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန် ရောက်ပြီဆိုလျှင်ဖြင့် မြန်မာ့အသံကနေ ဥသြဆွဲပြီး တစ်မိနစ်တိတိကြာ အချက်ပေး အသံလွှင့်ပေးခဲ့လေ့ ရှိပါတယ်။

တစ်မိနစ်တိတိ ငြိမ်သက်စွာ by Niknayman

ဒီ ဥသြဆွဲသံမတိုင်ခင်ကတည်းက ပြည်သူအပေါင်းဟာ အဆင့်စောင့်မျှော်နေကြကာ တိုင်းပြည်နဲ့  လူမျိုးအတွက် တစ်မျိုးသားလုံးလွတ်လပ်ရေး ရရှိကြဖို့ အတွက် အသက်ကို ပဓါနမထားဘဲ ကြိုးပမ်းဆောင်ရွက်နေကြရင်း အမျိုးသားရေးတာဝန်အဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားရခြင်းအတွက် ယူကြုံးမရဖြစ်ကြကာ လွမ်းဆွတ်တမ်းတအောင်းမေ့ လေးစားဂုဏ်ပြုတဲ့အနေနဲ့  ဦးကိုညွှတ်လို့  အလေးပြုကြပါတယ်။

ဇူလိုင်လမှာ ရွာလေ့ရွာထရှိတဲ့ ဇူလိုင်မျက်ရည်မိုး တစ်ဖွဲဖွဲနဲ့ အတူ ဒီနေ့  ဒီအချိန်ရောက်ပြီဆိုရင် ဥသြဆွဲသံနဲ့ အတူ မတ်တပ်ရပ် ဦးညွှတ်ကြပြီး ကြေကွဲဝမ်းနည်းဖွယ် ခံစားမှုများနဲ့ အတူ တိတ်ဆိတ်ငြိမ်သက်စွာ အာဇာနည်ကြီးများကို ဦးညွှတ်အလေးပြုကြတာ အာဇာနည်နေ့ ရဲ့  အထင်ကရ ပုံရိပ်လွှာ ဖြစ်ပါတယ်။

ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်တိတိ - အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုကြဖို့  ဥသြဆွဲသံ တစ်နိုင်ငံလုံးအနှံ့  ပေါ်ထွက်ကြားရပြီဆိုတာနဲ့  အိမ်တွင်းအိမ်ပ လှုပ်ရှားသွားလာနေကြတဲ့ ပြည်သူအပေါင်းအား လမ်းမများပေါ် ကျောင်းစာသင်ခန်းများအတွင်း အစိုးရဌာနဆိုင်ရာအဆောက်အဦးများအတွင်း လူတိုင်းကိုယ်စီ မတ်တပ်ရပ်ကာ ငြိမ်သက်စွာနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို စိတ်တွင်းမြင်ယောင်ရည်စူးကာ ဦးလွှတ်အလေးပြုကြတာဖြင့် လွမ်းမောဖွယ် လေးစားဖွယ် ကောင်းလှပါတယ်။

ဥသြဆွဲအချက်သံနဲ့ အတူ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့် ကြိုးပမ်းဆောင်ရွက်ပေးလို့  ရရှိလာခဲ့တဲ့ တစ်မျိုးသားလုံး တန်ဖိုးမဖြတ်နိုင်တဲ့ လွတ်လပ်ရေးအကျိုးတရားကို ရယူခံစားရင်း တိုင်းပြည်ရဲ့  လွတ်လပ်ရေးကျေးဇူးရှင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်အလေးပြုနေရင်း ပြည်သူတစ်ဦးချင်းစီရဲ့  ရင်တွင်းမှာ အာဇာနည်ခေါင်းဆောင်ကြီတွေ အသက်စွန့်  ရယူပေးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေးအသီးအပွင့်ကို ကာကွယ်စောင့်ထိန်းကြမယ်လို့  အာဇာနည်ကြီးများကို တိုင်တည်ပြီး အသွေးအသားထဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်စေတဲ့ သစ္စာပြုမှုတွေ ပေါ်ပေါက်ခံစားကြရပါတယ်။

သို့ သော်လည်းဘဲ ယခုအချိန်အခါမှာတော့ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန် ရောက်ပြီဆိုလျှင်ဖြင့် မြန်မာ့အသံကနေ အချက်ပေး အသံလွှင့်ပေးလေ့ရှိတဲ့ ဥသြဆွဲသံဟာလည်း ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့ မတရားလုယူခဲ့တဲ့ အာဏာရူးတွေကြောင့် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ရပါတယ်။

မြန်မာပြည်သူပြည်သားအားလုံးရဲ့  လွတ်လပ်ရေးကျေးဇူးရှင်ကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို ဘယ်သောအခါမှာမှ မေ့ပျောက်မှာ မဟုတ်ကြောင်း ပြသဖို့ အတွက်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်စွန့် ရယူကြိုးပမ်းပေးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေးအတွက် ကျေးဇူးတရားသိတတ်တဲ့အနေနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးထား ဦညွှတ်ဂုဏ်ပြုကြဖို့ အတွက် မြန်မာပြည်သူပြည်သူအားလုံး ဇူလိုင် (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်မှာ မိမိတို့  ရောက်ရှိရာနေရာများကနေ တစ်မိနစ်တိတိ ငြိမ်သက်စွာ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်မှန်းဦးညွှတ်အလေးပြုကြပါစို့ လို့  တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မနက်ဖြန် မနက် ဇူလိုင်လ (၁၉) ရက်နေ့  (၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်၊ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် တစ်မိနစ်တိတိ ငြိမ်သက်စွာ ဦးညွှတ်အလေးပြုကြရန်အတွက် ဥသြဆွဲသံ အသံဖိုင်အား ရယူနိုင်ပါသည်။

http://snd.sc/myY4Sm






































































































































































































(လေးလေး၏ ကာတွန်းပုံများအား ကေသွယ် အင်တာနက်စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖေါ်ပြအပ်ပါသည်)။

တစ်မိနစ်တိတိ ငြိမ်သက်စွာ by Niknayman

ဇူလိုင်လ (၁၉) ရက်နေ့  (၆၄) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်၊ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဇူလိုင်လ (၁၉) ရက်နေ့  နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်တွင် တစ်မိနစ်တိတိ ငြိမ်သက်စွာ ဦးညွှတ်အလေးပြုကြရန်အတွက် ဥသြဆွဲသံ အသံဖိုင်အား ရယူနိုင်ပါသည်။

http://snd.sc/myY4Sm

No comments: