Monday, July 4, 2011

မကြိုဆိုရဖူး၊ အလှူငွေကို လက်မခံရဖူး၊ ဓါတ်ပုံမရိုက်ရဖူး၊ လက်ခံစကားမပြောရဖူးလို့  ညောင်ဦးခရိုင်အုပ်ချူပ်ရေးမှူးရုံးက မိစ္ဆာဒိဌိတွေ ပြောကြားပါတယ်တဲ့ဗျာ။


























ဘုရားဖူးခရီးလာတာကို မကြိုဆိုရဖူး၊ အလှူငွေကို လက်မခံရဖူး၊ ဘုရားဖူးမှတ်တမ်း ဓါတ်ပုံမရိုက်ရဖူး၊ ဘုရားဖူးဧည့်သည်ကို လက်ခံစကားမပြောရဖူးလို့  ညောင်ဦးခရိုင်အုပ်ချူပ်ရေးမှူးရုံးက မိစ္ဆာဒိဌိတွေ ပြောကြားပါတယ်တဲ့ဗျာ။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ အများဆုံးတည်ရှိရာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ သားဖြစ်သူနှင့်အတူ ဘုရားဖူးရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တခမ်းတနား ကြိုဆိုခြင်းနှင့် ဘုရားပုထိုးများ ပြုပြင် ထိန်းသိမ်းရန်အတွက် လှူဒါန်းငွေများကို လက်ခံခြင်း မပြုလုပ်ရန် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့များသို့ အသိပေး ပြောကြားထားကြောင်း ပုဂံမြို့သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly ၏ အကြီးတန်းသတင်းထောက်က သတင်းပေးပို့သည်။

"ဒေါ်စု မလာခင် မနေ့က ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးက ဘုရားဂေါပက အဖွဲ့ဝင်တွေကို ခေါ်ပြီး ကော်ဇောနီခင်းပြီး ကြိုတာတွေ၊ အလှူငွေ လက်ခံတာတွေ၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်တာတွေ မလုပ်ဖို့ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင်လည်း ကိုယ့်ဘာသာကိုယ် အလိမ္မာနဲ့ ရှောင်ထွက်သွားကြဖို့ ပြောထားပါတယ်" ဟု ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားကြောင်း သိရှိရပါသည်။

No comments: