Sunday, July 17, 2011

လွတ်လပ်ရေးဖခင်ကြီး မြန်မာတပ်မတော် စတင်တည်ထောင်ဖွဲ့ စည်းခဲ့သူ စစ်သေနာပတိချူပ် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ရုပ်ထုကို လစ်လျူရှူ ပစ်ပယ်နေကြသော အာဏာရူးများ။

လွတ်လပ်ရေးဖခင်ကြီး မြန်မာတပ်မတော် စတင်တည်ထောင်ဖွဲ့ စည်းခဲ့သူ စစ်သေနာပတိချူပ် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ရုပ်ထုကို လွန်ခဲ့သော ရက်ပိုင်းအတွင်းက လူငယ်လူရွယ်လေးတွေ သန့် ရှင်းရေးလုပ်နေတာ မြင်တွေ့ ရပါတယ်။



































ရင်နာစရာကောင်းလွန်းတာကတော့ ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုတောင်မှ နိုင်ငံတော်ကို မတရားအုပ်ချူပ်နေကြတဲ့ အာဏာရူးတွေက အလေးထားမှု လုံးဝမရှိတာ တွေ့ မြင်ရတာပါ။ ဗိုလ်ချူပ်အောင်ဆန်းရဲ့  မူလ ကြေးရုပ်ထုဟာ ပြုပြင်ထိန်းသိမ်းမှု ပုံမှန်မလုပ်ခဲ့ကြတဲ့အတွက် အရောင်အသွေးမှေးမှိန်ပြီး နောက်ဆုံးမှာတော့ အာဏာရူးတွေရဲ့ လက်ထက်မှာ အရောင်ဝါ၀ါကြီးနဲ့  ဖြစ်သွားခဲ့ရပါတယ်။ ယခုလည်း တစ်နှစ်ပါတ်လုံး စွန်ပစ်ထားခြင်းခံနေရတဲ့ ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုဟာ အာဇာနည်နေ့  နီးကပ်ချိန်မှာတောင် နိုင်ငံတော်အဆင့်အနေနဲ့  အလေးထား သန့် ရှင်းမွမ်းမံတာ မရှိပါဖူး။



































မြို့ မိဖြို့ ဖများနဲ့  မြို့ သူမြို့ သားများ ကိုယ်ထူကိုယ်ထနဲ့  ဂုဏ်ပြုတည်ဆောက်ထားခဲ့တဲ့ ပျဉ်းမနားမြို့ ထဲမှ ပန်းခြံထဲတွင်ရှိသော ဗိုလ်ချူပ်အောင်ဆန်း ကြေးရုပ်ထုလည်းဘဲ သစ်ပင်အခက်အလက်များအကြား ခြုံများ နွယ်များနဲ့  ဖြစ်နေကာ လစ်လျူရှူ့  ပစ်ထားခြင်း ခံခဲ့ရပါတယ်။






























(ပျဉ်းမနားမြို့ ၊ နတ်မောက်မြို့ နဲ့  ရန်ကုန်မြို့ မှာ မြင်တွေ့ ရတဲ့ ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုများ ဖြစ်ပါတယ်)။



































































































တိုင်းပြည်ရဲ့  လွတ်လပ်ရေးဗိသုကာကြီး၊ မြန်မာ့တပ်မတော်ရဲ့  ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းကို ကျေးဇူးကန်း ပစ်ပယ်ထားကြတဲ့ နအဖ အာဏာရှင်များလက်အောက်မှာ ဗိုလ်ချူပ်ကြေးရုပ်ထုတောင် အခြေအနေမကောင်းတာ တွေ့ မြင်ရလို့  ကြေကွဲဝမ်းနည်းရပါတယ်။

ဗိုလ်ချူပ်အောင်ဆန်း ကြေးရုပ်ထုရဲ့  သမိုင်းကြောင်းကို လေ့လာမှတ်သားနိုင်ရန်အတွက် မှတ်တမ်းအကျဉ်းအား တင်ပြလိုက်ပါတယ်။



































ရန်ကုန်မြို့ ၊ ဗဟန်းမြို့ နယ်၊ နတ်မောက်လမ်း၊ ဗိုလ်ချူပ်အောင်ဆန်းပန်းခြံအတွင်းရှိ ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုမှာ အမြင့် (၈) ပေ (၄) လက်မရှိပြီး၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့  အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး မစ္စတာကော့ပ်နောလ် ဆိုသူက ဗိုလ်ချူပ်အောင်ဆန်း၏ ဓာတ်ပုံကိုကြည့်ကာ ထုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ကြေးရုပ်ပုံစံ မသွန်းလုပ်မီ ရွှံ့ ရုပ်ထုအဖြစ် ဦးစွာထုလုပ်ရာ ပန်းပုဆရာကြီးဖြစ်သူ ကျောင်းအုပ်ကြီးမှာ ဗိုလ်ချူပ်အောင်ဆန်းကို မမြင်ဘူးဘဲ ဓာတ်ပုံကို ကြည့်ပြီးသာ ထုလုပ်ရသဖြင့် လန်ဒန်မြို့ ရှိ မြန်မာသံရုံးမှ အရာရှိအချို့ အား ခေါ်ယူပြီး ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုလုပ်မှုတွင် အကူအညီများ ရယူခဲ့ပါတယ်။

ကိုလိုနီခေတ်နောက်ပိုင်း လွတ်လပ်ရေးရရရှိခဲ့ပြီးသည့် အချိန်အခါသမယမှာ မြန်မာပြည်သူလူထုကသာမက ကမ္ဘာ့ပြည်သူများကပါ လေးစားခြင်းကိုခံခဲ့ရတဲ့ ဗိုလ်ချူပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုကို လူမျိုးခြားဖြစ်သူ မစ္စတာကော့ပ်နောလ်ကနေ ကိုယ်တိုင်ကိုယ်ကျ ထုလုပ်ပြီး ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းဝင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  မူလကြေးရုပ်ထုအကြောင်းကို ဖေါ်ပြတင်ပြအပ်ပါတယ်။ တိုင်းပြည်နဲ့  လူမျိုးတစ်ရပ်လုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးသားမှတ်တမ်း ဖြစ်ပါတယ်။

လက်ရှိအခြေအနေကတော့ - တိုင်းပြည်တစ်ပြည်လုံးရော ကမ္ဘာတစ်ဝှမ်းလုံးကပါ လေးစားရတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမိုင်းမှတ်တမ်းတွေကို ဖြောက်ဖျက်ပစ်နေကြတဲ့ အာဏာရူး သန်းရွှေ သိန်းစိန်တို့ ကတော့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့ နေနေသာ တွေ့ မြင်လိုတဲ့ စိတ် ကြားချင်တဲ့စိတ်တောင် မရှိကြပါဖူး။

အာဇာနည်နေ့ အခမ်းအနားတောင်မှ နှစ်စဉ်မလုပ်မဖြစ်လုပ်လာတာမို့  အဖြစ်သဘောမျိုးလောက် အပြသဘောမျိုးလောက်သာ လုပ်နေကြပါတယ်။ အာဇာနည်နေ့ ဆိုတာ သာမန်အလုပ်ပိတ်ရက်သဘောလောက်သာ ရှိစေပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်အလေးပြုကြတဲ့သူတွေအနေနဲ့ လည်း အာဏာရူးတွေထဲက ရာထူးအဆင်မြင့်ယူထားသူတွေ မပါပါဖူး။ အာဏာရူး နေ၀င်း သန်းရွှေကအစ လက်ရှိ သိန်းစိန်ဦးဆောင်ပြီး အာဇာနည်နေ့ မှာ အာဇာနည်ကုန်းမှာ ကျဆုံးလေပြီးတဲ့ ဗိုလ်ချူပ်အောင်ဆန်းနဲ့ တစ်ကွသော အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများကို လာရောက်အလေးပြုတာ မရှိကြတာပါ။

သန်းရွှေ သိန်းစိန်တို့ ရဲ့  နေပြည်တော်က လွှတ်တော်အဆောက်အဦးတွေထဲမှာ သမတရုံးခန်းထဲမှာ ဌာနဆိုင်ရာဝန်ကြီးများရုံးခန်းတွေထဲမှာ ဗိုလ်ချူပ်အောင်ဆန်းဓါတ်ပုံ တစ်ပုံမျှတောင် ချိတ်ဆွဲထားတာ မရှိကြပါ။ ဗိုလ်ချူပ်အောင်ဆန်း ရုပ်ထု တစ်ခုမှ မရှိကြပါ။ အာဏာရူးတွေ ဘုရင်ရူးရူးနေသူတွေက မြန်မာသမိုင်းက ဘုရင်တွေကိုပါ အသုံးချပြီး ဘုရင်ရုပ်ထုတွေကိုကြတော့ ကျကျနန ခမ်းခမ်းနားနား မီးရောင်အပြည့်အစုံ ဆေးရောင်စုံနဲ့  လှပစွာ တည်ဆောင်ကြပါလေရဲ့ ။
















































ကျွန်တော်တို့  တိုင်းသူပြည်သားများရဲ့  ရင်ထဲက ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုဘ၀ကတော့ တွေ့ မြင်ရတဲ့အတိုင်း အာဏာရူးများလက်အောက်မှာ ပစ်ပယ်ထားခြင်းခံနေရကြောင်းပါ။

ဗိုလ်ချူပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးးပမ်းခဲ့မှု ကျေးဇူးတရားအား သိတတ်သောအားဖြင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထုကို မပျောက်ပျက် မပျက်စီးသွားစေရန်နှင့် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထု သန့် ရှင်းသပ်ရပ်စွာဖြင့် တည်တံ့တည်ရှိနေစေရန် ကာကွယ်စောင့်ရှောက်ပေးရမည်မှာ ကျွန်ုပ်ဆို့  ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရား ဖြစ်ပါတယ်။

No comments: