Sunday, August 7, 2011

မန္တလေးမြို့ တွင်လည်း ၈.၈.၁၁ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းမည်ဖြစ်ပါသဖြင့် ဖိတ်ကြားအပ်ပါသည်။
























အာဏာရှင်နေ၀င်းအဆိုးရကို ဖြုတ်ချနိုင်ခဲ့သော သမိုင်းဝင် ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခု ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် (၂၃)နှစ်ပြည့်မြောက်မည်ဖြစ်သည်။

ရှစ်လေးလုံး (၂၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ခံ ဒီမိုကရေစီဘက်တော်သားများကကြီးမှူးပြီး (၈၊ ၈၊ ၂၀၁၁)ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းတိုက်၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ယင်းရှစ်လေးလုံးအမှတ်တရ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကုသိုလ်အရေး၊ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်ကာ ပါဝင်ကုသိုလ်ယူနိုင်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ ကြားသိရသည်။

ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ၅၅ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြား၌ တည်ရှိပြီး အဆိုပါကျောင်းတိုက်တွင် ဘုန်းကြီးသင်ပညာရေးကျောင်းနှင့် အခမဲ့ပရဟိတ ဆေးခန်းများ တည်ထောင်ထားကြောင်းလည်း သိရပါသည်။ ။

(ဖိတ်စာကို ပူးတွဲ ဖော်ပြလိုက်ပါသည်)

ညိုကြီး။

No comments: