Tuesday, August 16, 2011

တိုင်းပြည်ရဲ့  အကြီးအကဲ ဗိုလ်ချူပ်အောင်ဆန်းအကြောင်း ပြောကြားခဲ့တဲ့ ဆရာမောင်သာချိုရဲ့  စာပေဟောပြောပွဲ။

မှတ်သားစရာ အဖြာဖြာနှင့် လှပသော နှလုံးသား ပိုင်ရှင်များ အကြောင်းကို ဝေေ၀ဆာဆာ ပြောပြသွားတဲ့ ဆရာမောင်သာချိုရဲ့ နှလုံးသား လှပါစေ စာပေဟောပြောပွဲ ( အောင်လံမြို့ ) ဖြစ်ပါတယ်။

ကျနော်တို့ မသိသေး ၊ မသင်ခဲ့ရ ဘူးသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှလုံးသား လှပမှု အကြောင်းကို ပြောပြသွားတာ လွမ်းစရာ ကောင်းလှသလို အချို့နေရာတွေမှာ မျက်ရည်တောင် ကျလာမိပါတယ်။

လမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြောတယ်ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ်.။ ဘာကြောင့်လည်း ဆိုတော့ ငါက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်လို့ဘဲ ဆိုပြီး သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးကာ သူရဲ့ နှလုံးသားကို လှပမှုကို ဖွင့်ပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း။

တကယ့်ကို ကောင်းလွန်းလို့ နားဆင်စေချင်တဲ့ စေတနာနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(ဗမာ့သွေး)။

Mg Thar Cho by Niknayman




No comments: