Friday, September 2, 2011

နိုင်ငံပိုင် သစ်များကို ဧရာဝတီမြစ်ကြောတစ်လျှောက် ခိုးယူသယ်ဆောင်ရောင်းချနေကြ။

























စစ်ကိုင်းတိုင်း ရွေကူမြို့မှ သစ်ကုန်သည်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မော်တော်များဖြင့် ပကာသားများအောက်၌ တရားဝင် ခွင့်ပြုချက် မပါသော သစ်ကောင်းများ ၊ ဆိုဒ်သားများ တင်ဆောင်ကာ သစ်မှောင်ခိုတင်သွင်းမှုများကို တွင်ကျယ်စွာ လုပ်ကိုင်နေကြပါသည်။ တရားဝင် ခွင့်ပြုထားသော ပကာသားများကို ဘန်းပြ၍ သစ်ကောင်းများအား ဖုံးဝှက်ခိုးယူသယ်ဆောင် ရောင်းချနေခြင်းအား ကျောက်ဆည်ခရိုင် တံတားဦး အင်းဝ ဆင်ကျုံးနေရာဒေသများတွင် ဖြစ်ပွားလျက် ရှိပါသည်။

၎င်း သစ်ကုန်သည်များ၏ လုပ်ရပ်ကြောင့် ပြည်သူများအနေဖြင့် လိုအပ်နေသော သစ်ကောင်းများကို ၀ယ်ယူသုံးစွဲဖို့ရန် သစ်ဈေးများ ခေါင်ခိုက်ခြင်းဖြင့် ကြုံတွေ့ နေရခြင်း ဖြစ်ပါသည်။ ယနေ့အချိန်တွင် အင် တစ်တန်လျှင်ပင် ၅ သိန်း ၃ သောင်းမှ ၅ သိန်း ၅ သောင်းထိ ပေါက်ဈေး ရှိနေပါသည်။

ထိုသစ်မှောင်ခို တင်သွင်း ရောင်းဝယ်ဖောက်ကားမှုများသည် ရွှေကူမြိုမှ အင်းဝ၊ တံတားဦး၊ ဆင်ကျုံးထိ စစ်ကိုင်းတိုင်း မန္တလေးတိုင်းဒေသကြီးများရှိ ဧရာဝတီမြစ်တလျှောက် စစ်ဆေးရေးဂိတ်ပေါင်းများစွားကို ဖြတ်သန်းပြီး လုပ်ဆောင်နေကြသည်ကို တွေ့ မြင်နေရပါသည်။

ယခုကဲ့သို့  နိုင်ငံပိုင် သစ်များကို သစ်မှောင်ခိုသမားများမှ တစ်နေ့ထက်တစ်နေ့ ပိုမို တွင်ကျယ်စွာ ခိုးယူလုပ်ကိုင်နေကြသောကြောင့် သက်ဆိုင်ရာဋ္ဌာနများအနေဖြင့် အကျင့်ပျက်ကုန်သည်များနှင့် အကျင့်ပျက် ၀န်ထမ်းများ၊ စစ်ဆေးရေးဂိတ်များအား ထိထိရောက်ရောက် စုံစမ်းစစ်ဆေး၍ အရေးယူသင့်ပါသည်။

လေးစားစွာဖြင့် -

ပြည်သူတစ်ဦး။

No comments: