Sunday, September 4, 2011

ရန်ကုန် မြောက်ဥက္ကပမြို့နယ် (၂) ရပ်ကွက် မိန်းလမ်းမကြီးပေါ်မှာ သွားလာနေကြရတဲ့ ပြည်သူတွေဘ၀။

ရန်ကုန် မြောက်ဥက္ကပမြို့နယ် (၂) ရပ်ကွက် မိန်းလမ်းမကြီးဟာ အခြေအနေဆိုးရွားစွာနဲ့  ပျက်စီးနေပါတယ်။ အဆိုပါ ပျက်စီးနေသော လမ်းမကြီးတွင် ရပ်ကွက်သူ ရပ်ကွက်သားများဟာ နေ့ စဉ်နဲ့ အမျှ ဘယ်လောက်ဆိုးဆိုးရွားရွားနဲ့  သွားလာအသုံးပြုနေရသလည်းဆိုတာကို အောက်ဖေါ်ပြပါ မှတ်တမ်းပုံများနဲ့  ဗွီဒီယိုမှတ်တမ်းများက သက်သေပြနေပါတယ်။



သံသုမာလမ်းပေါ်မှာရှိတဲ့ ဒီလမ်းမကြီးပေါ်မှာ ဘက်စ်ကားလိုင်းများ၊ ကိုယ်ပိုင်ယာဉ်များတင်မက ကုန်တင်ယာဉ်ကြီးများ နေ့ စဉ်နဲ့ အမျှ ပြေးဆွဲလျက်တာကြောင့် အဆိုပါယာဉ်ကြီးများရဲ့  မောင်နှင်းမှုဒဏ်ကို ခံနိင်ရည်ရှိသော လမ်းတည်ဆောက်မှု အရည်အသွေး မပြည့်ဝသဖြင့် နှစ်စဉ် ပိုမိုဆိုးရွာစွာ ပျက်စီးယိုယွင်းနေကြောင်း သိရှိရပါတယ်။

ဒီလို အင်မတန်ဆိုးရွားစွာ ပျက်စီးနေရတဲ့ လမ်းမကြီးကို အသုံးပြုသွားလာနေရတဲ့ ပြည်သူပြည်သားတွေရဲ့  ဆင်းရဲဒုက္ခကို သက်ဆိုင်ရာက သိရှိရအောင်နဲ့  အသိပေးတိုင်ကြားခဲ့ပေမယ့် ယခုထိတိုင်အောင် လစ်လျူရှူခံထားရနေစဲ ဖြစ်ပါတယ်။









ဒီ လမ်းမကြီးရဲ့  ပျက်ဆီးယိုယွင်းမှုတွေကို အချိန်မီ အမြန်ဆုံး ပြင်ဆင်ပေးဖို့ နဲ့  မပြင်ဆင်ခင် အချိန်ကာလအတွင်းမှာ ကုန်တင်ယာဉ်ကြီးများနှင့် လိုင်းကားကြီးများ သွားလာမှုကို တားဆီးပေးဖို့ အတွက် ရပ်ကွက်သူရပ်ကွက်သားများ၊ ကျောင်းသူကျောင်းသားများကနေ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက စုပေါင်းလက်မှတ်ထိုး တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာမှာ ဘာမှ တုန့် ပြန်ဆောင်ရွက်ပေးတာ မရှိသေးကြောင်း သိရှိရပါတယ်။

နေ့ စဉ်နဲ့ အမျှ ပိုမိုပျက်စီးယိုယွင်းနေကာ ကားကြီးများမှာ လမ်းမကြီး၏ ချိုင့်များတွင် ကျွံ့ဝင်ခြင်း၊ တိမ်းစောင်းမှုများ ဖြစ်ပေါ်ခြင်း၊ စက်ဘီး ဆိုက်ကားများ ချိုင့်အတွင်း ကျခြင်း၊ ကျောင်းသားကျောင်းသူများ ဈေးသွားဈေးလာများ စက်ဘီးဖြင့် စီးနင်းသွားလာရာတွင် အရှက်တစ်ကွဲဖြစ်လောက်သည်အထိ လဲကျခြင်း၊ လမ်းမကြီး၏ ချိုင့်များ ဖုံးလွှမ်းနေသော ရေများအား ရှောင်ကွင်း၍ လမ်းမကြီး အလယ်မှ ကားများယာဉ်များမောင်းနှင်နေသည့်အကြားမှ သွားလာနေရခြင်းတို့ ကြောင့် များစွာသော အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည့်အပြင် မလိုလားအပ်သော ထိခိုက်မှုအန္တရာယ်များပါ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။

အဆိုပါ လမ်းမကြီး၏ အခြေအနေအား အမြန်ဆုံးပြုပြင်ပေးရန်အတွက် မြို့ နယ်မှ သက်ဆိုင်ရာများအနေဖြင့် ဆောင်ရွက်ပေးရန် ရပ်ကွက်သူ ရပ်ကွက်သားများမှ ထပ်မံတောင်းဆိုအပ်ပါကြောင်းနှင့် မြို့ နယ်အဆင့်မှ ဆက်လက်၍ လစ်လျူရှုနေပါက တိုင်းနှင့် အထက်အဆင့်သို့  ဆက်လက်တိုင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

ဒေါင်းမာန်

ရပ်ကွက်သားတစ်ဦး။

No comments: