Friday, September 16, 2011

ပိတ်ဆို့ ထားတဲ့ အင်တာနက်စာမျက်နှာတွေ ပြန်ဖွင့်တဲ့အထဲမှာ အာဏာရူးတွေ ကြောက်ရွံ့ နေရတဲ့ နိုင်ငံရေးဘလော့ စာမျက်နှာများ မပါ၊ ဆက်လက် ပိတ်ဆို့ ထားဆဲ။

သိန်းစိန်တို့ က မြန်မာပြည်မှာ ပိတ်ဆို့ ထားတဲ့ အင်တာနက် စာမျက်နာတွေကို ဖွင့်လိုက်ပါပြီလို့  ကြေညာပြောဆိုနေပေမယ့် သတင်းဌာနများရဲ့  အင်တာနက်စာမျက်နာ အနည်းစုကိုသာ လောလောဆယ် ဖွင့်ထားပေမယ့် အခြားသော နိုင်ငံရေး အင်တာနက်စာမျက်နာများကိုမူ ခဏပြန်လည်ဖွင့်ပေးရာမှာ ပြန်လည်ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။






















၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း အထင်ကရဖြစ်ခဲ့သည့် နစ်နေမန်းဘလော့အား ၂၀၀၇ ခုနှစ်ကတည်းမှ ပိတ်ဆို့ ထားခဲ့ရာမှ လွန်ခဲ့သည့်ရက် စက်တင်ဘာလ (၁၄) ရက်နေ့ တွင် တစ်နာရီခန့် နှင့် ယနေ့ တွင် နာရီပိုင်းမျှသာ ဖွင့်ထားရာမှ ပြန်လည်ပိတ်ဆို့ လိုက်ပါတယ်။ ထို့ အတူ ဒီမိုဝေယံနှင့် ရဲရင့်ငယ်တို့ ၏ ဘလော့များအားလည်း ယနေ့ တွင် ပြန်လည်ပိတ်ဆို့ ထားပါတယ်။



























သိန်းစိန်တို့ ၏ အပြောနှင့် အလုပ်မညီမှုကို သက်သေပြချက်များပင် ဖြစ်ပါတယ်။ မြန်မာပြည်တွင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာဖေါ်ထုတ်ရေးသားခွင့်များ ဆုံးရှုံးနေသည်မှာ အာဏာရူးများလက်ထက် နှစ်ပေါင်းများစွာကတည်းက ဖြစ်ပြီး ယနေ့ ထိတိုင် အင်တာနက်စာမျက်နှာ အများအပြားအား ပိတ်ဆို့ ထားဆဲ ဖြစ်ပါသည်။

No comments: