Wednesday, September 14, 2011

ဧရာဝတီရယ် မြန်မာပြည်ရယ် ပြည်သူပြည်သားတွေရယ်ကို စော်ကားလိုက်တဲ့ အာဏာရူး ဇော်မင်းရဲ့  ဦးနှောက်မဲ့ ပြောကြားချက် (အသံဖိုင်)။

ပြည်သူလူထုရဲ့  အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို ပျက်ဆီးစေမယ့် မြစ်ဆုံဆည်စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်မယ်လို့  စိန်ခေါ်ပြောဆိုတဲ့ အမျိုးသားသစ္စာဖောက် ဇော်မင်း ပြောဆိုချက် ဖြစ်ပါတယ်။

Irrawaddy Killer Zaw Min talk in August 30 2011 by Niknayman



























မြန်မာပြည်သူပြည်သားတွေရဲ့  ဆန္ဒကို ဂရုမစိုက်ဘဲ စိန်ခေါ်တဲ့ အာဏာရူးတို့ ရဲ့  ပြောဆိုချက်ပါ။

ဧရာဝတီမြစ်ကြီးရဲ့  ပေါင်းစည်းရာ မြစ်နှစ်မြွာ မေခနဲ့  မေလိခမြစ်ပေါ်မှာရော မြစ်ဆုံနေရာမှာရော ပိတ်ဆို့ ပြီး တည်ဆောက်တဲ့ ရေကာတာတွေကြောင့် မြန်မာပြည်တစ်လွှမ်းလုံး အထူးသဖြင့် မြန်မာပြည်ရဲ့  အလည်ဒေသ မြောက်အရပ်မှ တောင်အရပ်တစ်လျှောက် ဧရာဝတီမြစ်ကြီး စီးဆင်းရာ နေရာတွေမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေ ဒုက္ခရောက်ကြမယ့် ဖျက်ဆီးမှု ဖြစ်ပါတယ်။



































မြန်မာပြည်ရဲ့  အသက်သွေးကြော ဧရာဝတီမြစ်ကြီးကို ၁၈၇၃ ခုနှစ်က မြင်တွေ့ ရတဲ့ ပုံဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ ဧရာဝတီမြစ်ကြီးကို အားထားစွာ နေထိုင်ကြရတာကို မြင်တွေ့ ရမှာပါ။




























ဧရာဝတီမြစ်ကြီးအတွင်းက မျိုးရိုးကွယ်ပျောက်လုနီးပါး ဖြစ်နေတဲ့ အရေအတွက် ရှားပါးစွာ မြင်တွေ့ ရတဲ့ ဧရာဝတီလင်းပိုင်တွေ သေဆုံးနေရတာ သေလုမြောပါးဖြစ်နေကြတာ အခု အာဏာရူးတွေ တည်ဆောက်တယ့် ရေကာတာတွေကြောင့် မျိုးပျောက်တော့မှာ ဖြစ်သလို၊ မြန်မာပြည်ရဲ့  ကျောရိုးသဖွယ် အားထားနေရတဲ့ ဧရာဝတီမြစ်ကြီးသာ ပျက်ဆီးရင်တော့ မြန်မာပြည်ရော ပြည်သူပြည်သားတွေရော အတိဒုက္ခရောက်မှာ ဖြစ်တယ်ဆိုတာ အလေးမထားတဲ့ အာဏာရူးတွေရဲ့  လုပ်ရပ်က မြန်မာနိုင်ငံကြီးကိုပါ ဖျက်ဆီးပစ်နေပါတော့တယ်။














































ဧရာဝတီမြစ်ကြီးကို ကာကွယ်ရေးအတွက် ပြောဆိုတာကို ရောဂါဆန်းလို့  အရူးဇော်မင်းက ပြောနေပါတယ်။ လူတစ်စုရဲ့  ပြောဆိုချက်ဘဲ ဖြစ်တယ်လို့  အာဏာရူးဇော်မင်းဟာ အရူးချီးပန်းသလို ပြောနေပါတယ်။ ဧရာဝတီမြစ်ကြီးအရေးနဲ့  ပတ်သက်ပြီး သန်းပေါင်း (၅၀) ကျော်သော မြန်မာပြည်သူပြည်သားများရဲ့  သဘောဆန္ဒ ဘာလည်းဆိုတာကို အာဏာရူး ဇော်မင်းတို့  သိရအောင် လက်တွေ့  ထုတ်ဖေါ်ပြသကြပါစို့ ။
























































ဧရာဝတီမြစ်ကြီးကို ကာကွယ်မှုသည် မြန်မာနိုင်ငံကို စောင့်ရှောက်သော အမျိုးသားရေးတာဝန်ဖြစ်တယ်ဆိုတာ သိရှိပြီး၊ မြန်မာပြည်သူပြည်သား တစ်ဦးချင်းစီတိုင်းရဲ့  ပုခုံးပေါ် ကျရောက်လာသော ယခုလက်ရှိ သမိုင်းပေးတာဝန် ဖြစ်နေပါပြီ ….



ဧရာဝတီမြစ်ကြီးအရေးနဲ့  ပတ်သက်ပြီး သန်းပေါင်း (၅၀) ကျော်သော မြန်မာပြည်သူပြည်သားများရဲ့  သဘောဆန္ဒ ဘာလည်းဆိုတာကို အာဏာရူး ဇော်မင်းတို့  သိရအောင် လက်တွေ့  ထုတ်ဖေါ်ပြသကြပါစို့ ။

No comments: