Sunday, September 18, 2011

၁၉၈၈ ခုနှစ်၊ စက်တင်ဘာ (၁၈) ရက်နေ့ မှာ မတရား အာဏာသိမ်းပြီး ရမ်းကားစွာ ပြစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ဆုံးရှုံးခဲ့ရတယ်။























ပြည်သူ့ အာဏာကို နေ၀င်း အာဏာရှင်က ၁၉၆၂ ခုနှစ်တုန်းက တစ်ကြိမ်၊ စောမောင် သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တစ်စုက ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့ တုန်းက တစ်ကြိမ် မတရား အာဏာသိမ်းခဲ့တယ်။

ဒီလို လက်နက်နဲ့  အနိုင်ကျင့်ပြီး ပြည်သူ့ အာဏာကို မတရားသိမ်းပိုက်ခဲ့ရုံသာမက၊ ငြိမ်းချမ်းစွာနဲ့  ဆန္ဒပြကြတဲ့ ပြည်သူပြည်သားတွေကို အဓမ္မအကြမ်းဖက်ပြီး ပစ်သတ်ခဲ့ကြလို့  အပြစ်မဲ့ ပြည်သူတွေ အမြောက်အများ အသက်ဆုံးရှုံးခဲ့ကြတယ်။

ဒီလို အသက်ဆုံးရှုံး ဘ၀တွေ ကြေပျက်ကြရတဲ့ အဖြစ်အပျက်တွေထဲက - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  မတရား အာဏာသိမ်းပြီးသည့်နောက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်းထဲမှာ ရောက်နေခဲ့တဲ့ အသက် (၁၃) နှစ်အရွယ် မိန်းကလေး - ဒူးဂေါင်းတွင် သေနတ်ဒဏ်ရာ ရရှိကာ နောက် (၄) ရက်မြောက်နေ့ တွင် ခြေထောက်ဖြတ်လိုက်ရသည်။

















၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့  စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ရမ်းကားစွာ ပစ်ခတ်မှုကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်အခန်းထဲမှာ ရောက်နေခဲ့တဲ့ ဆီးစပ်တွင် သေနတ်ဒဏ်ရာရရှိကာ သေဆုံးခဲ့သူ တစ်ဦး။
































ပြည်သူ့ တပ်မတော်ဟာ ပြည်သူ့ သတ်မတော်ဖြစ်ခဲ့ရပြီး၊ ပြည်သူချစ် တပ်မတော်သားတွေအဖြစ်ကနေ ပြည်သူ့ ချဉ်ဖတ် သတ်မတော်သားတွေဖြစ်ခဲ့ရတာ သမိုင်းတရားခံဟာ နေ၀င်း စောမောင် သန်းရွှေဦးဆောင်တဲ့ အာဏာရှင် ဗိုလ်ချူပ်ကြီးတွေကြောင့်ဆိုတာ အားလုံး တိတိကျကျ သဘောပေါက်ကြတယ်။

ဒီတော့ တပ်မတော်ရဲ့  ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို တပ်မတော်သားတွေကသာ ပြန်လည်အဖတ်ဆယ်မှသာ ရမယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ ဆိုတာ အာဏာရှင်ဗိုလ်ချူပ်ကြီးတွေကို သုတ်သင်ဖယ်ရှားပြစ်ဖို့ က အဓိကဖြစ်တယ်။
















ပြည်သူ့  အချူပ်အခြာအာဏာကို တပ်မတော်အတွင်းက ပြည်သူ့ တပ်မတော်သားစစ်စစ်တွေက သန်းရွှေ၊ မောင်အေးတို့ ထံကနေ အာဏာပြန်သိမ်းယူုပြီး ပြည်သူ့ တွေလက်ထဲ ပြန်လည်ပေးအပ်ပေးဖို့  ဖြစ်တယ်။

ဒါမှသာ ပြည်သူ့ တပ်မတော်သား ပီသမှာဖြစ်ပြီး တိုင်းပြည်နဲ့  ပြည်သူပြည်သားတွေရဲ့  ကျေးဇူသစ္စာတရားကို အမှန်တကယ် စောင့်ထိန်းရာရောက်မယ်။ အပြစ်မဲ့စွာ သေဆုံးခဲ့ကြရတဲ့ ပြည်သူတွေအတွက် သမိုင်းကြွေးကို ပြန်လည်ပေးဆပ်ကြဖို့  တပ်မတော်သားတွေမှာ ကြီးမားတဲ့ သမိုင်းကြွေး ကျန်နေတယ်။

အာဏာရှင်ဗိုလ်ချူပ်ကြီးတွေကို ဖယ်ရှားသုတ်သင်ပြီး ပြည်သူချစ်တဲ့ တပ်မတော်ကြီးအဖြစ် ပြန်လည်တည်ဆောက်ပေးပြီး သမိုင်းကြွေးကို ဂုဏ်သိက္ခာရှိစွာနဲ့  ပြန်ပေးဆပ်မှာလား။

အာဏာရှင်ဗိုလ်ချူပ်ကြီးတွေ လက်အောက်မှာ အာဏာရှင်လက်ပါးစေ စစ်ကျွန်စစ်သားတွေအဖြစ် ခိုင်းစေတာ မှန်သမျှ ဆက်လက်ခံယူနေပြီး၊ ကိုယ်ရဲ့  ပြည်သူပြည်သားတွေ အနိုင်ကျင့်ကာ သိက္ခာကင်းမဲ့စွာနဲ့  သမိုင်းကြွေးကို နစ်သထက်နစ်အောင် ဆက်လက် အတင်ခံနေဦးမှာလား။
























































































No comments: