Sunday, September 25, 2011

ရွှေဝါရောင်လေးနှစ်ပြည့်လှုပ်ရှားမှုအစီအစဉ်အား ပြည်တွင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ပြည်သူလူထုအား ဖိတ်ကြားခြင်း။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်နှုင့် အခြားသော ဒီမိုကရေစီအင်အား စုများ ပူးပေါင်းစီစဉ်ပြုလုပ်သော ရွှေဝါရောင်လေးနှစ်ပြည့်လှုပ်ရှားမှုအစီအစဉ်ကို ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အား လေးစားအလေးထားသော ပြည်သူလူထုကြီးအား တက်ရောက်ကြပါရန် လေးစားစွာဖြင့် အသိပေး ဖိတ်ကြားအပ်ပါသည်။

ရည်ရွယ်ချက်။

- ဒီမိုကရေစီရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်း ခံထားရသောနိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေရန်။

- ပြည်တွင်းစစ်ရပ်စဲပြီး လွတ်လပ်၍ တန်းတူ တွေ့ဆုံဆွေးနွေးသောနည်းဖြင့် ပြည်တွင်းငြိမ်း ချမ်းရေး ဖြစ်ထွန်းစေရန်။

- ပြည်သူလူထုဆန္ဒကို လေးစားအသိအမှတ်ပြုသောအားဖြင့် ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအား လုံးဝ ဖျက်သိမ်းစေရန်။

- ရွှေဝါရောင်အား (လူထုသင်္ကေတ) အရောင်အဖြစ် သဘောထား၍ လူထုတစ်ရပ်လုံးပါဝင်သော လွှတ်တော်ပြင်ပ လူထုအခြေခံနိုင်ငံရေး အားကောင်းစေရန်။

အစီအစဉ် (၁)။

သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)၊
အချိန် - ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ၊
နေရာ - မကွေးပရိယတ္တိစာသင်တိုက်၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ (၅၀) ကွေ့အနီး။ ဇေယျာမင်း-၆၇/ ၆၁ အနီ / ၃၆BM ကားများစီးပါ။

အစီအစဉ် (၂)။

ရွှေဝါရောင် ( လူထုကိုယ်စားပြုအရောင်) လှုပ်ရှားမှုအစီအစဉ်

နေ့စွဲ - ၂၆.၉.၂၀၁၁ ( တနင်္လာ)၊
အချိန် - ၁း၀၀ နာရီ မှ ၂း၀၀ နာရီအထိ၊
နေရာ - ရွှေဝါရောင် အင်္ကျီများဝတ်ဆင်၍ ဆူးလေဘုရားမှတ်တိုင် (၄၅ ကားဂိတ်)၊ မြို့တော်ခန်းမအနီး ဧမာနွေလဘုရားကျောင်းရှေ့ နှင့် ဆူးလေဘုရား၌ ဆုတောင်းခြင်း အစီအစဉ်။


သတင်းနှင့်ပြန်ကြားရေးရာဆပ်ကော်မတီ၊
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်။

No comments: