Friday, September 9, 2011

တရုတ်ဘုန်းကြီးကြတော့ အရိုအသေပေး၊ မြန်မာပြည်က သံဃာတော်တွေကြတော့ သတ်ဖြတ်ခဲ့တဲ့ သိန်းစိန်တို့ ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမတိုင်ခင်လေး လပိုင်းအလို ၂၀၀၇ ခုနှစ်၊ ဇွန်လတုန်းက သိန်းစိန်တစ်ယောက် တရုတ်ပြည် ပေကျင်းမြို့ ကို သွားခဲ့ကြတယ်။





























တရုတ်ပြည်က Ling Guang Si ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာဝင် တရုတ်ဘုန်းကြီးတွေနဲ့  တွေ့ ဆုံတဲ့နေရာမှာ သိန်းစိန်တို့  အရိုအသေပေး ပြောဆိုပေမယ့် ကိုယ့်ရဲ့  မြန်မာပြည်က ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ခဲ့ကြတဲ့ သံဃာတော်ရှင်မြတ်တွေကိုကြတော့ ဒုတ်နဲ့ ရိုက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်၊ ဘုန်းကြီးကျောင်းတွေကို ရမ်းကားစွာ ၀င်ရောက်ဖျက်ဆီးခဲ့ကြတယ်။

သာသနာတော် သံဃာတော်တွေကို မိုက်ရိုင်းစွာ စော်ကားခဲ့ကြတဲ့ သန်းရွှေ သိန်းစိန်တို့ ရဲ့  လုပ်ရပ်တွေကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအကြောင်းက သမိုင်းသက်သေ အမြဲရှိနေမယ်။

No comments: