Thursday, September 15, 2011

ဧရာဝတီနဲ့  မြန်မာပြည်ကို မြန်မာပြည်သူပြည်သားတိုင်း ကာကွယ်ရမှာ အမျိုးသားရေး တာဝန်ဘဲ။

Great Wall လို့ ခေါ်တဲ့ တရုတ်နိုင်ငံရဲ့  မဟာတံတိုင်းကြီးကို သက္ကရာဇ် ဘီစီ ၅ ရာစုကတည်းက တရုတ်ဘုရင်တွေနဲ့  တရုတ်နိုင်ငံသားတွေက တည်ဆောက်ခဲ့ကြပြီး ယခုထိတိုင် တရုတ်လူမျိုးတွေရဲ့  အထွတ်အထိပ်ထားရာ ကမ္ဘာကျော် တန်ဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းကြီးတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့  တရုတ်လူမျိုးတွေအတွက် အသည်းနှလုံးထဲမှာ တန်ဖိုးထားရာ မဟာတံတိုင်းကြီး ဖြစ်တယ်။ ဒီ မဟာတံတိုင်းကြီးကို တရုတ်လူမျိုးတိုင်း ကာကွယ်စောင့်ရှောက်ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းနေကြတယ်။






























တရုတ်မဟာတံတိုင်းကြီးထက် ပိုမိုတန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝရင်းမြစ် ဧရာဝတီကို ဘယ်သူတွေ ဖျက်ဆီးနေသလည်း။

လူသားတွေအနေနဲ့  တည်ဆောက်ခဲ့တဲ့ တရုတ် မဟာတံတိုင်းကြီးထက် အများကြီး တန်ဖိုးမဖြတ်နိုင်တဲ့၊ သက်တမ်းမြောက်မြားစွာ ကြာရှည်တည်ရှိနေတဲ့၊ သဘာဝအရင်းအမြစ်ဖြစ်တဲ့၊ မြန်မာနိုင်ငံရဲ့  အသက်သွေးကြောဖြစ်တဲ့၊ မြန်မာပြည်သူပြည်သားတွေရဲ့  ဘိုးဘွားစဉ်ဆက်ကနေ မှီတင်းနေထိုင် အားထားရာဖြစ်တဲ့ မြစ်ကြီး ဧရာဝတီကို ထိပ်ခေါင်ကနေ ပိတ်ဆို့ ပြီး အသက်ငင်အောင် ရက်စက်စွာ လုပ်ရက်နေကြတဲ့ သိန်းစိန်အာဏာရူး အမျိုးသားသစ္စာဖောက်တွေကို ပြင်းထန်စွာ ရှုတ်ချပါတယ်။






























အာဏာလက်ဆုပ်ကိုင်ထားနိုင်ဖို့ အတွက် ကိုယ်ကျိုးစီးပွားတစ်ခုထဲကြည့်ပြီး ကိုယ့်နိုင်ငံရဲ့ သဘာဝ တောတောင်ရေမြေကို ဖျက်ဆီးနေကြတဲ့ အာဏာရူးသိန်းစိန်တို့ ကို ၀ိုင်းဝန်းဖယ်ရှားကြဖို့ နဲ့  ဧရာဝတီမြစ်ကြီးနဲ့  မြန်မာနိုင်ငံရဲ့ သဘာဝရင်းမြစ်မှန်သမျှကို ကာကွယ်စောင့်ရှောက်ကြဖို့ ပါ။

ဧရာဝတီနဲ့  မြန်မာပြည်ကို မြန်မာပြည်သူပြည်သားတိုင်း ကာကွယ်ရမှာ အမျိုးသားရေး တာဝန်ဘဲ။

No comments: