Friday, September 23, 2011

ရာဇ၀င်ထဲမှာ ဧရာဝတီကို မထားခဲ့နိုင်ဘူး။




























ငါတို့ပြည်မှာ
ဧရာဝတီ ရှိတယ်။

ငါတို့တွေက
ဧရာဝတီဘေးမှာ နေတယ်။

ငါတို့ သွေးမှာ
ဧရာဝတီရေ ပါတယ်။

ငါတို့ အသက်ရှုသံမှာ
ဧရာဝတီလေတွေ ပါတယ်။

ငါတို့ အသက်ရှင်မှုအတွက်
ဧရာဝတီက ငါးတွေ ပါတယ်။

ဧရာဝတီရေ ....
မင်းကို ကာကွယ်ဖို့
ငါတို့ ကြိုးစားနေပါတယ်။

ဧရာဝတီရေ...
အမိန့်တွေ ဆန့်ကျင်ဖို့
ငါတို့အတွက်
မင်းရဲ့  ခွန်အားတွေ ပေးလှည့်ပါ။

(သူလွင်)။

No comments: