Tuesday, October 4, 2011

သူတို့ ကို သတိရရင် .....

"သူတို့ ကို သတိရရင် ..... "

(ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး လွတ်မြောက်စေလိုသော ဆန္ဒဖြင့်  .... )



ပြောလိုက်ရင် နိုင်ငံရေးသမား တယောက်မှ မရှိဘူး
ခများတို့ ကို ကျနော်လေ တကယ် အရမ်းသနား ဘာဒယ်
ရာထူးနဲ့ အလုပ်က မပြုတ်ကြရအောင်လို့ 
မရှက်မကြောက်ကို မုသာဝါဒ ပြောကြရတယ်

မင်းကိုနိုင်ရယ် ကိုကိုကြီးနဲ့ ကိုဌေးကြွယ်
သရုပ်ဆောင်ဇာဂနာရယ်ဟာ သူခိုးဂျပိုးတွေလား
နေဘုန်းလတ်နဲ့ စုစုနွေးတို့ ကရော
လူသတ်ကာ-- မူးယစ်ဆေးဝါးရောင်းဝယ်လို့ လား

ဖောက်ခွဲရေးသမားလဲ မဟုတ် -- လူကုန်ကူးလဲမလုပ်
နိုင်ငံရေးကို ယုံကြည်ချက်နဲ့ -- အသေခံကာ လုပ်တာ
ဒါကိုလိမ်ပီးတော့ -- တရားရုံးမှာ မစစ်ဘဲနဲ့ 
သက်တမ်းရှည်ထောင်သွင်း အကျဉ်းချ ရက်စက် ယုတ်မာတယ်

ဟို လူ့ အခွင့် အရေးကလူ--ရောက်လာတုန်းက ဗြောင်လိမ်ပြန်တယ်
သူတို့ ကိုဖမ်းတာ နိုင်ငံရေးကြောင့် မဟုတ်ဘူးတဲ့ 
ပြန်လွှတ်စေချင်ကြတယ်ဆိုရင်-- ဆန်ရှင်ရုပ်သိမ်းပေးရမယ်
ဓါးပြတိုက်သလို--အကျပ်ကိုင်ကာ ပြောလာပြန်တယ်

ကလေးစစ်သားမရှိပါ -- ဓါတ်ပုံနဲ့ တကွ ဗြောင်လိမ်ပြန်တယ်
ကလေးလေးတွေ သနားစရာရယ်ပါ သေနတ်တောင် မနိုင်ဘဲ
မဟုတ်ဘဲနဲ့ ပြောတယ်ထင်ရင် အင်တာနက်ကဓါတ်ပုံ
မမြင်ဘူးရင် ခများကိုယ်တိုင်တောင်ကြည့် နိုင်ပါတယ်
မမြင်ဘူးထင်တယ် ...

(သီဆို - စိုင်းစိုင်းသန်းရွှေ & လေးဆယ် - ကနေဒါ)။

(သီချင်းအား ပေးပို့ လာသော ကိုရဲရင့်ငယ်အား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: