Wednesday, October 5, 2011

ကိုဌေးကြွယ်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့  တောင်းဆိုအပ်ပါတယ်။

ထောင်ဒဏ် (၆၅) နှစ် မတရားချမှတ်ထားခြင်းခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ ကိုဌေးကြွယ်ဟာ တစ်လနီးပါးခန့်  ရက်ရှည်ဖျားနာခဲ့ပြီး သက်သာလာခြင်း မရှိတဲ့အတွက် ယခုအခါမှာ ရခိုင်ပြည်နယ်၊ ဘူးသီးထောင်အကျဉ်းထောင်မှ မြို့ နယ်ဆေးရုံသို့  ပြောင်းရွှေ့ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလျင်းမရရှိသလောက် ဖြစ်နေခြင်းကြောင့် ကျန်းမာရေးအခြေအနေများ ပိုမိုဆိုးရွားနေပါတယ်။




























ဒီအတွက် ကိုဌေးကြွယ်နဲ့  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ မတရားအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ခြင်း ချွင်းချက်မရှိ လွှတ်ပေးဖို့  တောင်းဆိုအပ်ပါတယ်။

No comments: