Friday, October 7, 2011

ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း အတွက် ကလေးစစ်သား။

မြန်မာပြည်မှာ အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ ခေါ်ဆောင်ပြီး စစ်တပ်ထဲ သွင်းတာကို ဓါတ်ပုံတွေရော ကိုယ်တိုင်တွေ့ ဆုံမေးမြန်းမှုတွေရော ဗွီဒီယိုမှတ်တမ်းတွေရော သက်သေခိုင်ခိုင်မာမာရှိပါတယ်။

ဒါတွေကို ဗြောင်လိမ်ဗြောင်ညာ ပြောဆိုတဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းကို လူလိမ်ကြီးတစ်ယောက်အနေနဲ့  သတ်မှတ်ပြီး ယခုမှတ်တမ်းအတိုလေးများနဲ့  သက်သေပြလိုက်ပါတယ်။



























အောက်ဖေါ်ပြပါ ဗွီဒီယိုမှတ်တမ်းကတော့ စစ်တပ်ထဲကို လှည့်ဖြား ခြိမ်းခြောက်ပြီး ခေါ်ဆောင်ခံခဲ့ရတဲ့ ကလေးသူငယ်တစ်ဦးရဲ့  ကိုယ်တွေ့ ဖြစ်ရပ်အား ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။



အောက်ဖေါ်ပြပါ ဗွီဒီယိုမှတ်တမ်းကတော့ ကလေးသူငယ်အချင်းချင်းကို နှိပ်စက်ညှဉ်းပမ်းစေဖို့  ရိုင်းစိုင်းတဲ့အမူအယာအကျင့်နဲ့  သွတ်သွင်းခံထားရတဲ့ ကလေးသူငယ်အရွယ်စစ်သားနဲ့  နောက်ထပ် ထပ်မံစုဆောင်းခံထားရတဲ့ ကလေးသူငယ်တွေအပေါ် ရိုက်ပုတ်နှိပ်စက်နေမှု ဖြစ်ပါတယ်။



အောက်ဖေါ်ပြပါ ဓါတ်ပုံမှတ်တမ်းကတော့ စစ်ကားတစ်ခုအတွင်းမှာ စစ်ယူနီဖောင်းတွေနဲ့  စီးနင်းလိုက်ပါနေတဲ့ သူတွေရဲ့  အရွယ်ကို ခန့် မှန်းကြည့်ရင် အသက်အရွယ်ငယ်လွန်းတဲ့ ကလေးသူငယ်တွေ စစ်တပ်အတွင်းမှာ ရှိနေတယ်ဆိုတာ သက်သေဖြစ်ပါတယ်။




























ဗြောင်လိမ်ဗြောင်ညာ ပြောဆိုတဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း မြင်တွေ့ ပါရဲ့ လား။

မြန်မာပြည်မှာ အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ကလေးစစ်သားအဖြစ် အဓမ္မ စစ်တပ်အတွင်းသို့  ၀င်ရောက်ခိုင်းနေခြင်းများအား အမြန်ဆုံး ရပ်တန့် ပေးဖို့  တောင်းဆိုပါတယ်။

No comments: