Friday, October 14, 2011

သိန်းစိန်နဲ့  ဖိနပ်။

အိန္ဒိယနိုင်ငံကို လက်ရှိ အလည်အပတ်သွားတဲ့ သိန်းစိန်တစ်ယောက် နောက်ပါတွေကတော့ ဖိနပ်ချွတ်လျှောက်နေချိန်မှာ ဘုရားကျောင်းကန်နေရာအတွင်း ဖိနပ်စီးလျှောက်နေတာ မြင်တွေ့ ရတော့ ယခင်တုန်းက နအဖ သန်းရွှေတို့ လည်း ဖိနပ်စီးထားတာကိုပါ အသွင်တူအဖြစ် ပြန်လည်ဖေါ်ပြလိုက်ပါတယ်။
































































သိန်းစိန်တစ်ယောက် ဒီနေ့ မနက်က မဟတ္တမဂန္ဒီကြီးရဲ့  အောက်မေ့ဖွယ်အဆောက်အဦးနေရာကို မသွားရောက်ခင်မှာ သူ့ ရဲ့  ဖိနပ်ကို စီးခိုင်းနေတဲ့ပုံကို ကြည့်ရင်း ယခင်တုန်းက စစ်တပ်အရာရှိငယ်တစ်ယောက်ကို ဖိနပ်ပြောင်အောင် တိုက်ခိုင်းနေတဲ့ပုံကိုပါ လုပ်ရပ်တူအဖြစ် ပြန်လည် ဖေါ်ပြလိုက်ရပါတယ်။

































































သိန်းစိန်ရဲ့  အတွင်းစိတ်သဏ္ဍန်ကို ဖေါ်ပြနေတဲ့ ယခုလို ဘုရားကျောင်းကန်နေရာအတွင်းမှာ ဖိနပ်စီး လမ်းလျှောက်တဲ့ အပြူအမူတွေ၊ လူအချင်းချင်း ဖိနပ်စီးခိုင်း ဖိနပ်တိုက်ခိုင်းလိုတဲ့ စိတ်တွေကို ဖြောက်ဖျက်ပစ်ဖို့  လိုအပ်သလို၊ ၂၀၀ရ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအချိန်ကာလတုန်းက သံဃာတော်ရှင်သူမြတ်တွေကို ရိုက်ပုတ်သတ်ဖြတ်ခဲ့မှုတွေကို ၀န်ချတောင်းပန်သင့်ပါတယ်။

No comments: