Sunday, October 2, 2011

ယနေ့  နေ့ လည်၌ ဖြစ်ပွားခဲ့သော ရန်ကုန် လှည်းတန်း ပြည်မြန်မာကုန်တိုက်အနီး ဆန္ဒပြပွဲနှင့် အခြေခံ အကြောင်းရင်းများ။

ရန်ကုန် လှည်းတန်း ပြည်မြန်မာ ကုန်တိုက်အနီးမှာ ဆန္ဒပြမှုတစ်ခု ယနေ့  နေ့ လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ယခင်တစ်လောက ဖြစ်ခဲ့သည့် ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းများအား လေလံတင်ရောင်းချပြီး နစ်နာကြေးငွေ မပေးမှုကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။

ယနေ့  နေ့ လည်၌ ဖြစ်ပွားခဲ့သော ရန်ကုန် လှည်းတန်း ပြည်မြန်မာကုန်တိုက်အနီး ဆန္ဒပြပွဲဖြစ်ပွားရတဲ့  အခြေခံ အကြောင်းရင်းများကတော့ -

"ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီးရှိ ပြည်မြန်မာကုန်တိုက် လေလံတင်ရောင်းချခြင်း အရှုပ်တော်ပုံကိစ္စအား တိုင်ကြားအသိပေးခြင်း - http://niknayman-niknayman.blogspot.com/2011/07/blog-post_12.html"

"ရန်ကုန် လှည်းတန်းလမ်းဆုံက ပြည်မြန်မာကုန်တိုက် မတရား သိမ်းပိုက်ခံရခြင်းလုပ်ရပ်ဟာ သိန်းစိန်တို့ ပြောနေတဲ့ သန့် ရှင်းအစိုးရဖြစ်ဖို့  ပြောနေတာနဲ့  လွဲနေ - http://niknayman-niknayman.blogspot.com/2011/07/blog-post_8934.html"

"အတိတ်ဖြစ်ရပ်ဆိုး၊ ခါးသီးဝေဒနာအိမ်မက်နဲ့ ခေတ်သစ်အတွက် သင်ခန်းစာအသစ် ဖွင့်မဲ့ လည်းတန်း ပြည်မြန်မာကိစ္စ - http://niknayman-niknayman.blogspot.com/2011/07/blog-post_8916.html"

ဆန္ဒပြသူတွေထဲမှ မခင်မျိုးလွင်နဲ့  မသီတာတို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ ဒီလို မတရားဖမ်းဆီးမှုတွေဟာ ယခုထိတိုင်အောင် ဖြစ်နေတာမို့  သိန်းစိန်တို့ ရဲ့  ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အပြောသာရှိပြီး လက်တွေ့ မှာတော့ လွဲချော်နေတုန်းပါဘဲ။

No comments: