Wednesday, October 12, 2011

လွတ်မြောက်လာသူ ကိုဇာဂနာရဲ့  မလွတ်မြောက်သေးသူများထဲမှ တစ်ဦး ကိုနေဘုန်းလတ်အတွက် ယခင်ရေးသားခဲ့သော အမှတ်တရ စာလေးတစ်စောင်။


























ညီလေးတစ်ယောက်ပါ
တစ်ခါမှ မငြင်းဆန်ဖူးခဲ့
သူများအတွက်လုပ်ရမယ်ဆို
ဘယ်လိုကူရကူရ
ဘယ်လောက်ကူရကူရ
ညီလေးတစ်ယောက်ပါ
ညာဖက်လက်မောင်းဖျောင်းကနဲကျိုးသလို
ဆစ်ကနဲနာကျင်ခဲ့ရ
မျက်မှန်ထူအောက်က သူ့မျက်ဝန်းတွေ
ငေးမောနေတာမဟုတ်
လွင့်မျောနေတာမဟုတ်
ခု သူဘယ်မှာလဲ
ပါဝင်ခွင့်မရတဲ့လောက ကို
သူငေးမောနေလေမလား။
ညီလေးတစ်ယောက်ပါ။

ဇာဂနာ။

(နေဘုန်းလတ်သို့)။

No comments: