Saturday, October 29, 2011

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် သင်တန်းဆင်းပွဲနှင့် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားခြင်း။




























ဒီမိုကရေစီမြတ်နိုးသူအားလုံးသို့ -

ယခုလ (၃၁) ရက်နေ့ ၊ တနင်္လာနေ့ နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီထိ ဗေဒါ စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားနှင့် နိုင်ငံရေးသိပ္ပံ တစ်လခွဲ သင်တန်း အပါတ်စဉ် (၈) သင်တန်းဆင်းပွဲ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းသင်တန်းအပါတ်စဉ် (၃) သင်တန်းဆင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီးမြှင့်မည် ဖြစ်ပါသဖြင့် ဒီမိုကရေစီ ချစ်မြတ်နိုးသူအားလုံး တက်ရောက် အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အချိန်။ နံနက် (၁၀း၀၀) မှ နေ့လည် (၁၂း၀၀) ထိ။

နေ့စွဲ။ (၃၁) ရက်နေ့ ၊ အောက်တိုဘာလ၊ ၂၀၁၁ ခုနှစ်။

နေရာ။ Bayda Institute ၊အမှတ် (၄၅၃)၊ သုမနလမ်း၊ ၁၆/၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

လမ်းညွှန်။ ၂၃၇ အထူး၊ ၃၁ အစိမ်း၊ ၃၉ အ၀ါ၊ ၄၁ အစိမ်း၊ ၁၀၇ အနီ ဟိုင်းလပ်၊ ကားများစီးပြီး ကုလားဘုရားမှတ်တိုင်ဆင်းပါရန်။

No comments: