Thursday, October 13, 2011

သားသမီးချင်း ကိုယ်ချင်းစာတတ်မယ်၊ မိဘချင်း ကိုယ်ချင်းစာတတ်မယ်၊ လူသားချင်း ကိုယ်ချင်းစာတတ်မယ်ဆိုရင် …




























သမီးငယ်လေး ဖြူနေကြည်မင်းယုဟာ ဖခင်ဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု နဲ့  မိခင်ဖြစ်သူ မနီလာသိန်းတို့ နဲ့  လသားအရွယ်ကတည်း ခွဲခွာနေခဲ့ရတာ အခုဆိုရင် မိဘကို တမ်းတလွမ်းဆွတ်တတ်တဲ့အရွယ်တောင် ရောက်နေပြီ။









































(ဓါတ်ပုံ - အညာနွေ တမာမြေ ဘလော့မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

သားသမီးချင်း ကိုယ်ချင်းစာတတ်မယ်၊ မိဘချင်း ကိုယ်ချင်းစာတတ်မယ်၊ လူသားချင်း ကိုယ်ချင်းစာတတ်မယ်ဆိုရင် ကိုဂျင်မီနဲ့  မနီလာသိန်းတို့ ကို လွှတ်ပေးသင့်တာ ကြာနေပါပြီ၊ မနေ့ က လွှတ်ပေးတဲ့အထဲမှာတောင် မပါသေးဖူးဆိုတော့ သိန်းစိန်တို့ ရဲ့  သဘောထားမှန်တယ်ဆိုတာ စိုးစိမျှတောင် ယုံလို့  မရပါလား။

အပြစ်မဲ့တဲ့ ကလေးအတွက်ပါ မိဘတွေနဲ့  တစ်ကွဲတစ်ပြားစီ ထားနေဆဲ ဖြစ်တဲ့ သိန်းစိန်တို့ အနေနဲ့  သန်းရွှေရဲ့  မြေးလေးကို ထိရဲကြရဲ့ လား။









































၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု နဲ့  မိခင်ဖြစ်သူ မနီလာသိန်းတို့ ဟာ တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့  လုပ်ဆောင်ကြတာကို မတရား ဖမ်းဆီးအကျဉ်းချထားနေသေးတယ်ဆိုရင်၊ တိုင်းပြည်နဲ့  လူမျိုးဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ သန်းရွှေတို့ ကို မိဘနဲ့  သားသမီးမြေးတွေကိုကြတော့ ခွဲခွာနေခိုင်းရဲလားဆိုတာ သိန်းစိန်တို့ ကို မေးချင်ပါတယ်။

သိန်းစိန်တို့ အနေနဲ့  ကိုယ့်ရဲ့  သားသမီး မြေးတွေကို မိတစ်ကွဲ ဖတစ်ကွဲ ဖြစ်ရင် ဘယ်လို ခံစားကြမလည်းဆိုတာ မိဘဘက်အနေနဲ့ ရော သားသမီးဘက်အနေနဲ့ ရော ကိုယ်ချင်းစာစေချင်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု နဲ့ မနီလာသိန်းတို့ ကို ချက်ချင်း လွှတ်ပေးပြီး၊ သူတို့ ရဲ့  ရင်သွေးနဲ့  ပြန်တွေ့ ဆုံရဖို့  မိသားစုဘ၀ အတူတစ်ကွ ကြည်နူးနွေးထွေးစွာနေနိုင်ဖို့  အမြန်ဆုံး ဆောင်ရွက်ပေးဖို့  ပြောကြားလိုပါတယ်။

No comments: