Monday, October 3, 2011

ပညာရေးကို ချို့ တဲ့ခက်ခဲစွာ သင်ကြားနေကြရတဲ့ ရင်သွေးငယ်လေးတွေကို ကိုယ်ချင်းစာ ညှာတာထောက်ထားကြပါ။

ယနေ့  လက်ရှိ ထန်းတစ်ပင် အမေ့အိမ်ပညာဒါန စာသင်ကျောင်းလေးမှာ ဆင်းရဲနွမ်းပါးလှတဲ့ ကလေးငယ်လေး (၁၁၇) ယောက်ဟာ စာပေပညာကို ကြိုးစားသင်ယူနေကြပါတယ်။



















ဒီလို ဆင်းရဲနွမ်းပါးလှတဲ့ စာသင်ကျောင်းလေးတွေကို ဘယ်လို သွားလာရလည်း၊ ဘယ်လို စာသင်ကြားရေးပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ ရှားပါးသလည်းဆိုတာတွေနဲ့  အခက်အခဲများကြးမှ ပညာရေးကို သင်ယူလိုစိတ် ပြင်းပြစွာနဲ့  ကြိုးစားသင်ယူနေကြတဲ့ ကလေးငယ်တွေကို ကိုယ်ချင်းစာတတ်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အနာဂတ်ကြယ်ပွင့်လေးတွေကို စောင့်ရှောက်ကူညီကြစေချင်ပါတယ်။





















































မြန်မာနိုင်ငံ တစ်ဝှမ်းမှာ ဒီလို ဆင်းရဲနွမ်းပါစွာနဲ့  ပညာသင်ယူနေရတဲ့ ကလေးသူငယ်တွေ၊ ဒီလောက် အခြေအနေလေးတောင်မှ ကူညီပံ့ပိုးမှုမရကြလို့  ဘ၀တစ်လျှောက် စာပေပညာဆိုတာ လုံးဝ မရရှိနေကြရတဲ့ ကလေးသူငယ်လေးတွေ မနည်းလှပါဖူး။





















































နိုင်ငံရဲ့  အသုံးစရိတ်လျာထား သုံးစွဲမှုမှာ ပညာရေးအသုံးစရိတ်ကို တိုးမြှင့်ပေးပါ၊ အမှန်တကယ် ပညာလိုလားနေပြီး ပညာသင်ကြားရေးမှာ အခက်အခဲပေါင်းများစွာ ရှိနေတဲ့ ကလေးသူငယ်များအတွက်ကို တိုက်ရိုက် ထိထိရောက်ရောက် ဆောင်ရွက်ပေးပါ။





















































တိုင်းပြည်ရဲ့  ကျန်းမာရေး၊ ပညာရေး အခန်းကဏ္ဍတွေမှာ တကယ်တန်း အလေးပိုထားပေးရမှာပါ။ အခြေခံပြည်သူပြည်သားတွေအတွက် အဓိက ဖြစ်သင့်ပါတယ်။

ဆင်းရဲနွမ်းပါးလှတဲ့ ကလေးငယ်လေးတွေ ပညာကို ချို့ ချို့ တဲ့တဲ့နဲ့ အခက်အခဲတွေကြားက သင်ယူနေရတာနဲ့  စစ်အသုံးစရိတ်တွေကိုကြတော့ အလွန်အမင်း သုံးစွဲနေတာတွေ စစ်ဖက်ဆိုင်ရာကသူတွေ အခွင့်အရေးပိုယူပြီးနေကြတာတွေကတော့ မဖြစ်သင့်ပါဖူး။




























ကိုယ့်တိုင်းပြည်ရဲ့  ရင်သွေးငယ်တွေကို ကိုယ်ချင်းစာ ညှာတာတရားလေး ထားသင့်ကြပါတယ်။

No comments: