Sunday, October 9, 2011

ယနေ့  ကျင်းပသော မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave – GW) ၏ ၄ နှစ်မြောက် မွေးနေ့  အခမ်းအနား။



Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့  အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ်အောင်မြင်စွာနဲ့  ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီ င်္အဖြူလေးတွေ တူညီဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်အများအပြားကို မြင်တွေ့ ရတဲ့အခါ သူတို့ အဖွဲ့ ရဲ့ အင်အားဟာ စုစုစည်းစည်းနဲ့  ကျစ်လျစ်စွာ တည်ရှိနေတယ်လို့  ခန့် မှန်းမိပါတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့  နိုင်ငံရေးပါတီတချို့ မှ ပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား ၃၀၀ နီးပါး တက်ရောက်အားဖြည့်ကြပါတယ်။

GW ဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ စတင်ပေါက်ဖွားခဲ့ပြီး တည်ထောင်သူ ၄ ဦးထဲက ၂ ယောက်ဟာ တိုင်းပြည်ပြင်ပကို ရောက်ရှိနေပါတယ်။ ဖောင်ဒါတစ်ယောက်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်တစ်ဦးသာ ယခုအချိန်မှာ တာဝန်ယူဦးဆောင်နေရပြီး အခြားတစ်ယောက်ဟာဖြင့် အာဏာရအစိုးရရဲ့  နိုင်ငံရေးအကျဉ်းသားအဖြစ် သံတိုင်တွေနောက်မှာ တားဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

GW အဖွဲ့ ဟာ မြေအောက်လှုပ်ရှားမှုများကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်တစားနဲ့  စောင့်ကြည့်ခဲ့ရတဲ့ အတိုက်အခံမျိုးဆက်သစ်အဖွဲ့ လို့  ရေပန်းစားလူသိများခဲ့ပါတယ်။ အရင်စစ်အစိုးရရဲ့  အပြင်းအထန်နှိပ်ကွပ်မှုကို ခံခဲ့ရတာကြောင့် ဗီဒီယိုအင်တာဗျူးတွေပေးတဲ့အခါ သူတို့ ရဲ့ မျက်နှာကို မဖော်ပြဘဲ မျက်နှာဖုံးစွပ်ပြီး ကင်မရာအရိုက်ခံခဲ့ရတာကြောင့် ပိုမိုကြော်ကြားခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း လှုံ့ ဆော်ဆန့် ကျင်ရေးစာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများကို ပြည်သူလူထုကြားထဲ ရဲရဲဝံ့ဝံ့ထိုးဖောက် ဖြန့် ချီခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြပါတယ်။

ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့  လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံဆွေးနွေးမှု၊ အာဏာပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်း စတဲ့ အခင်းအကျင်းများကြောင့် GW အဖွဲ့ ကို လူအများထင်မြင်နေကြဖြစ်တဲ့ မြေအောက်အဖွဲ့ အစည်းအဖြစ်မှ ပေါ်ပေါ်ထင်ထင်နဲ့  အားလုံးမှ ရဲရဲတင်းတင်းပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်လို့  ကိုဇေယျာသော် က သူ့ ရဲ့ ဆန္ဒကို ပြောဆိုတာကြားရပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်းလည်း GW နာမည်နဲ့  စာရွက်စာတမ်းများ လှို့ ဝှက်ဝေငှခြင်း၊ ဒီနိုင်းများ ကပ်၍ လှုံ့ ဆော်ခြင်း၊ အွန်လိုင်းမှ GW အဖွဲ့ များကို ကြားသိရခြင်း စတဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ ဆက်တိုက်ပေါ်ပေါက်လာနေခြင်းများကြောင့် GW ကို မြေပေါ်သို့  ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင်ချိန် တန်ပြီလို့  လောလောဆယ် GW အဖွဲ့ ကို တာဝန်ခံထားရသူ ကိုဇေယျာသော်က ဖွင့်ဟခဲ့တယ်လို့  သိရပါတယ်။

ဟစ်ဟော့အဆိုတော် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးခရီးစဉ်များမှာ ရှေ့ တန်းမှ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူ့ အခွင့်အရေးနဲ့  မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အတိုက်အခံနိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မျိုးဆက်သစ်လူငယ် တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူလည်းဖြစ်ပါတယ်။

(သတင်းပေးပို့ လာသော ကိုအောင်မျိုးထွန်းနှင့် ဓါတ်ပုံများ ပေးပို့ လာသော ကိုကောင်ဆူလင်းတို့ အား အထူးကျေးဇူးတင်ရှိပါတယ်)။

No comments: