Wednesday, November 2, 2011

ပြန်ကြားရေးဝန်ကြီးနေရာ သိန်းဌေးအမည်ပါနေတော့ ကျော်ဆန်းရေ အမျှ အမျှ အမျှလို့  ခေါ်ရတော့မယ် ထင်တယ်။

ယနေ့ နိုင်ငံတော်ပိုင်သတင်းစာတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မှ
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ မသန်စွမ်း အနုပညာရှင်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး ပြီး နှုတ်ခွန်းဆက်စကားပြောကြား သည့်အစီအစဉ်တွင် ဗိုလ်ချုပ်သိန်းဌေးမှ နှုတ်ခွန်းဆက် စကား ပြောကြားပါသည်။

ထို သတင်းတွင် “ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားသည်။” ဟု ဖော်ပြပါရှိပါသည်။






























အထက်ပါ သတင်းအရ ယခင် ၀န်ကြီး ဦးကျော်ဆန်းမှာ အရေးပေါ် နာမကျန်းဖြစ်ခြင်း (သို့မဟုတ်) ပြည်သူ့ မေတ္တာ ခံယူရန် နယ်လှည့်ဇတ်ကရန် တာဝန်ပေးခံရခြင်း (သို့မဟုတ်) အားလုံးက ၀ိုင်းပြီး အားပေးလိုက်သဖြင့် ရာထူးမှ အပြီးတိုင် ပြုတ်ပီဟု ယူဆရကြောင်း သတင်းကောင်းပါးအပ်ပါတယ်။



































ပြန်ကြားရေးဝန်ကြီးနေရာ သိန်းဌေးအမည်ပါနေတော့ ကျော်ဆန်းရေ အမျှ အမျှ အမျှလို့  ခေါ်ရတော့မယ် ထင်တယ်။

(ပေးပို့ သူ - ကောင်းဆုလင်း)။

No comments: