Sunday, November 13, 2011

ကျောက်ပန်းတောင်းမှ စစ်ဗိုလ်တစ်ဦး၏ ကြိုတင်ကြံစည် လူသတ်မှု။























မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် ဒုဗိုလ်ဝေယံလင်းမှ မောင်သန့်ဇင်ထွန်းဆိုသူ လူငယ်အား ငွေရယူလိုမှုဖြင့် ကြိုတင်ကြံစည် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပါသည်။

ဖြစ်စဉ်အကျဉ်းမှာ ဒုဗိုလ်ဝေယံလင်းမှ ကျန်ခဲ့သည့်လ အောက်တိုဘာ (၁၆) ရက် နေ့မှစ၍ ကြိုတင်ကြံစည် နေရာရွေးပြီး ကျင်းတူးထားခဲ့ပါသည်။

ထို့နောက် အောက်တိုဘာလ (၂၃) ရက်နေ့ တွင် မောင်သန့်ဇင်ထွန်းအား “တပ်ထဲပြန်မှာမို့ ယူလာပြီး မြှုပ်ထားတဲ့သေနတ် ပြန်ဖေါ်ဖို့ လိုက်ခဲ့ပါ” ဟု လိမ်လည်ပြောဆိုခေါ်ဆောင်ခဲ့ပါသည်။ မောင်သန့်ဇင်ထွန်းမှ အိမ်အလုပ်များ ရှိ၍ မလိုက်သွားခဲ့ပါ။ နောက်နေ့ များတွင်လည်း အကြိမ်ကြိမ် ထပ်မံခေါ်ယူသဖြင့် သူငယ်ချင်းများက သတိပေးသည့်ကြားမှ အောက်တိုဘာလ (၂၇) ရက်နေ့ တွင် ဒုဗိုလ်ဝေယံလင်း၏ ခေါ်ဆောင်မှုနောက်သို့  လိုက်သွားရာ အဆိုပါ ကြိုတင် ကျင်းတူးထားသည့်နေရာအရောက်တွင် ဒုဗိုလ်ဝေယံလင်းမှ မောင်သန့်ဇင်ထွန်းအား သတ်ဖြတ်လိုက်ပြီင်္း ကျင်းထဲတွင် မြုပ်နှံခဲ့ပါသည်။

ဤကဲ့သို့ ငွေရယူလိုမှုအတွက် ကြိုတင်ကြံစည် သတ်ဖြတ်မှု ထင်ရှားလှသည့် ဒုဗိုလ်ဝေယံလင်းဆိုသူမှာ သာသနာရေးဒုဝန်ကြီး သူရအောင်ကို၏ တူ ဖြစ်နေသည့်အတွက် စစ်တပ်မှ ရဲဖက်သို့ပြန်လည် မလွှဲအပ်သေးဘဲ ကျောက်ဆည် (ချောင်းဆုံ ဆက်သွယ်ရေး) တပ်တွင်သာ ယနေ့ ထိတိုင် ရှိနေပါသေးသည်။ သာသနာရေးဒုဝန်ကြီး သူရအောင်ကိုဟာလည်း ၁၉၈၈ အရေးအခင်းတုန်းကလည်း ရန်ကုန်မှာ ပြည်သူတွေ ကျောင်းသားတွေ ရဟန်းတွေကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တဲ့ ခလရ (၂၂) ရဲ့ တပ် ရင်းမှူးဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူလူငယ်တစ်ဦးအား တပ်ပြင်ပတွင် သေချာစွာ ကြိုတင်ကြံစည် သတ်ဖြတ်ခဲ့သည့် ဒုဗိုလ်ဝေယံလင်းအား ဦးလေးဖြစ်သူ သာသနာရေးဒုဝန်ကြီး သူရအောင်ကိုနဲ့  စစ်တပ်မှ ၀င်ရောက်ကာကွယ်နေခြင်းမှာ တရားဥပဒေ စိုးမိုးမှုအား မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ယခုကဲ့သို့  ကြိုတင်ကြံစည်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ ဒုဗိုလ်ဝေယံလင်းအား လွတ်လပ်သော တရားစီရင်မှုအောက်မှ ထိုက်သင့်သော အပြစ်ဒဏ်ချမှတ်စေလိုကြောင်း ကျောက်ပန်းတောင်းမြို့ခံများမှ ဆန္ဒရှိကြပါသည်။

မကြာခင်အချိန်ကာလက ဖြစ်ပွားခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီးအား မုဒိမ်းကျင့်၍ သတ်ဖြတ်ခဲ့သူ ကျောက်ပန်းတောင်မှ တရားခံ မင်းသိုက်အား တရားရုံးမှ သေဒဏ်ချမှတ်ခဲ့သော်လည်း ယခုလို ကျောက်ပန်းတောင်းမြို့ တွင် ဒုဗိုလ်ဝေယံလင်းကိုမူ စစ်တပ်မှ တရားဥပဒေအား လစ်လျူရှူ၍ အကာအကွယ်ပေးထားခြင်းသည် မမှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း မြို့ သူမြို့ သားများမှ ပြောဆိုလျက် ရှိပါသည်။

(ကျောက်ပန်းတောင်းသား)။

No comments: