Wednesday, November 30, 2011

“ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ” ဟု ပြောဆိုလေ့ရှိသော ကိုမောင်မောင်စိုး။

“ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ” ဟု ပြောဆိုလေ့ရှိသော ကိုမောင်မောင်စိုး ကွယ်လွန်သွားခြင်းဟာ ရှစ်ဆယ့်ရှစ်တော်လှန်ရေးကြယ်တစ်ပွင့် ကြွေသွားရခြင်း ဖြစ်ပါတယ်။



































မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်ခဲ့သူ၊ ABSDF စောထစခန်းအမှတ်တရအဖြစ် ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ စောထဖောင်ဒေးရှင်း တည်ထောင်ခဲ့သူတစ်ဦး၊ နိုင်ငံတကာရောက် ရှစ်ဆယ့်ရှစ် (၈၈၈၈) တိုက်ပွဲဝင် ကျောင်းသားများထဲမှ တစ်ဦးဖြစ်သူ၊ Civil Society of Burma ၏ အမှုဆောင်အဖွဲ့  အဖွဲ့ ဝင် တစ်ဦးဖြစ်သူ ကိုမောင်မောင်စိုး ကွယ်လွန်သွားခြင်းအတွက် များစွာ ကြေကွဲဝမ်းနည်းရပါကြောင်းနဲ့  ရှစ်ဆယ့်ရှစ်တော်လှန်ရေးကြယ်တစ်ပွင့် ကြွေသွားရခြင်း ဖြစ်ပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်။

ABSDF သမိုင်းကြောင်းမှာ အရေးပါတဲ့၊ မြန်မာပြည် ဝေးသီခေါင်ဖျားတဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသ တောတောင်ကြားက “စောထ” ဆိုတဲ့ ရွာလေးတစ်ရွာမှာ ABSDF တပ်ရင်း အမှတ် (၂၁၀) စောထစခန်းဆိုတာ သမိုင်းမှတ်တမ်း တည်ခဲ့ပါတယ်။

ကွယ်လွန်သွားရှာတဲ့ ကိုမောင်မောင်စိုးရဲ့  ကြိုးပမ်းဆောင်ရွက်မှုများ မှတ်တမ်းအချို့ အား ပြန်လည်ဖေါ်ပြအပ်ပါတယ်။

စောထဖောင်ဒေးရှင်းရဲ့  “စောထဒဏ္ဍာရီ” တေးသီချင်းစီးရီးထဲမှ “ငြိမ်းချမ်းရေးမိုးရေ” သီချင်းလေး ဖြစ်ပါတယ်။






































“ငြိမ်းချမ်းရေး မိုးရေ”

စွေလာတဲ့ မိုး' . ကလေးလို . . လေပြေသာ အနုးညံ့ ဆုံးမို့  . .
ကမ္ဘာမြေပြင်ကို သွန်းဖြိုးပေးပါ . . ထာဝစဉ်သူသာ ပြိမ်းချမ်းရေးရှာဖွေ' . . ဘို့ လေ .

အချိန်လွန်ကာ နုတ်ဆက်ပြီးမှ . . မှာ'ချင်တာ မပြီး "သေးလို့ လေ . .
တဖန်ပြန်လာကာ . . ငြိမ်းချမ်းရေးရှာ ဖွေ' . .တဲ့နေ့  . .

အိုလူသား . . ဒီ . အလွမ်းမျက် ရည် . တွေကိုဆေးကြောပေးပါ . .
နေရာတကာမှာ တရားမျှတစွာ . . . ပျော်ကာရွှင်ကာ သောကမရှိတာ . .

ဘယ်သူဘယ်မှာ . . ဘယ်မနေချင်မလဲလေ . .

ဘယ်သူဘယ်မှာ . . ဘယ်မနေချင်မလဲလေ . .

ယုံကြည်တဲ့ ငြိမ်း' ချမ်းရေးကို . . ညီညီညာညာ ခရီးဆက်ကြစို့  . .
ရန်ကိုရန်က ခြိမ်းခြောက်ခြင်းတွေ. . ရာဇ၀င်ပြင်ကာ အမုန်းလက်နက်တွေ ရုပ်သိမ်းစေ . .
ငိုသံတွေအားလုံးတိတ်ဆိတ် . . ရယ်သံတွေကို အစားထိုးဘို့ လေ . . .
ဒီသံသရာရဲ့  . . လွတ်မြောက်ရေးးရှာ ဖွေ ' . . ကြစေ . .
အိုလူသား . . ဒီအဆိုး အညစ် တွေကို' ဆေးကြောလိုက်ပါ . .
အချိန်မှီပြင်ကာ . . လောကကြီးမှာ . . မပြေလည်နိုင်တာ . . မရှိတော့တဲ့အခါ . .
း (ဘယ်အခါမှာမဆို . . ကမ္ဘာမှာစစ်ငြိမ်းစေ . . )း

စွေလာတဲ့ မိုး' . ကလေးလို . . လေပြေသာ အနှုးညံ့ ဆုံးမို့
ကမ္ဘာမြေပြင်ကို သွန်းဖြိုးပေးပါ . . ထာဝစဉ် သူသာ ပြိမ်းချမ်းရေးရှာဖွေ... . ဖို့ လေ ..
အချိန်လွန်ကာ နုတ်ဆက်ပြီးမှ . . မှာ'ချင်တာ မပြီး "သေးလို့ လေ
ဒီသံသရာရဲ့  . . လွတ်မြောက်ရေးးရှာ ဖွေ ' . . ကြစေ . .
အိုလူသား . . ဒီအဆိုး အညစ် တွေကို' ဆေးကြောလိုက်ပါ . .
အချိန်မှီပြင်ကာ . . လောကကြီးမှာ . . မပြေလည်နိုင်တာ . . မရှိတော့တဲ့အခါ . .
(ဘယ်အခါမှာမဆို . . ကမ္ဘာမှာ စစ်ငြိမ်းစေ . . ) ၎
























၂၀၁၀ ခုနှစ် အချိန်ကာလ၌ ကိုမောင်မောင်စိုး ရေးသားဖေါ်ပြခဲ့သော “ရှစ်လေးလုံးစိတ်ဓါတ်” ဆောင်းပါးအား ပြန်လည်ဖေါ်ပြအပ်ပါသည်၊ ဟစ်တိုင်အင်တာနက်စာမျက်နှာမှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်။

8888 Spirit

ကွယ်လွန်သွားရှာတဲ့ ကိုမောင်မောင်စိုးအတွက် ကဗျာလေး ဖြစ်ပါတယ်။

ခွပ်ဒေါင်းမျိုး သေရိုးမရှိ။

ပန်းတိုင်မရောက် ခရီးမပေါက်ခင်
ဘ၀တစ်ပါး ရောက်သွားတဲ့
ရဲရဲတောက် ဇာနည်မျိုး
ဒေါင်းမာန်မညှိုးတဲ့ ကိုမောင်မောင်စိုး။

အာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့ မာန်တင်း ရန်မျိုးစုံခွင်းတဲ့ သင့်လုပ်ရပ်
သမိုင်းမှတ်တိုင်မှာ ခတ်ခိုင်ခိုင်
ရပ်နိုင်ပြီး မော်ကွန်းရေး
ဖေါ်ညွှန်းပေးကြမှာ မလွဲပါ။

သင့်ဘ၀စခန်း လျှောက်ရာလမ်းမှာ
ကြမ်းတမ်းကွေ့ကောက် ဆူးညှောက်အသွယ်သွယ်
အန္တရာယ် ရန်စွယ်အမျိုးမျိုးကို
မစိုးမရွံ့ နောက်မတွန့်ဘဲ
သက်စွန့်ကြိုးပမ်း လျှောက်ခဲ့တဲ့လမ်းကို
ဆက်လှမ်းမယ့် ခွပ်ဒေါင်း
ထောင်သောင်းမက
အတောင်မညောင်းကြသေး။

တော်လှန်ရေး မအောင်မချင်း
အမှောင်ခွင်းပြီး အလင်းဆောင်
အလင်းရောင်မြင်လာတဲ့အထိ
သတ္တိဇွဲ ရဲရဲဆောင် တောင်ပံဆန့်
မြန်ပြည်အနှံ့ ခွပ်သွားမဲ့
လွတ်ကြောင်းအမှန်ကြံတဲ့
ခွပ်ဒေါင်းမာန်။

အာဏာရှင်စစ်ဖိနပ်အောက်
လက်မမြှောက် ဒူးမထောက်
ပန်းတိုင်ပိုင်ပိုင်ရောက်တဲ့ထိ
သတ္တိရှိရှိ တာဝန်သိသိနဲ့
တုံးဖိတဲ့ဖါး ငုံးမိတဲ့ငါးလို
မပိမပြား သတိထားပြီး
ကြိုးစားသွားမဲ့ စိတ်ဓါတ်
ဘယ်တော့မှ ရပ်မသွားဖူး။

ရဲဘော်ကိုမောင်မောင်စိုး
အကြောင်းအကျိုးမခေတဲ့
ဒေါင်းအိုးဝေ သေရိုးမရှိ။

သင့်ခန္ဓာကိုယ် သေပေသော်ငြား
သင်ထားခဲ့တဲ့ စိတ်ဓါတ်
သင်မှတ်ခဲ့တဲ့ဖြစ်ရပ်တွေဟာ
ဇာတ်ကြောင်းအဖန်ဖန်တပ်
ရဟပ်ပေါင်းအတန်တန်ခတ်သလို
မရပ်မနား တသွားထဲသွား
တကြွားထဲကြွားနေရအုံးမှာပါ။

သင့်ကို ဆုံးရှုံးရတဲ့အတွက်
မျက်ရည်စက်လက်နဲ့
စိတ်မှာတသက်သက်ဖြစ်နေတဲ့ကြားက
သင့်လုပ်ကွက်တွေကိုကျုံးပြီး
အပြုံးနဲ့ ဂုဏ်ယူနေမဲ့အကြောင်း
ရဲဘော်ဟောင်း ဘ၀အပြောင်း
ကောင်းပါစေ အကြောင်းသာပါစေဗျာ။
သင့်ကိုရှေးရှု အလေးပြုလိုက်ပါတယ်။

သင့်ရဲဘော် -
ကိုကိုအောင် (ဆန်ဖရန်စစ္စကို)၊ ၂၉-၁၁-၂၀၁၁။

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်စိုး၏ ဈာပနအခမ်းအနား အစီအစဉ်။

သင်္ဂြိုလ်မည့် အစီအစဉ် အသေးစိတ်။

အချိန်။ ဒီဇင်ဘာလ (၃) ရက်နေ့၊ စနေနေ့ နေ့ခင်း (၁) နာရီ။

နေရာ။ D O McComb & Sons Funeral Homes
1140 Lake Avenue Fort Wayne, IN 46805 USA (260) 426-9494

ဆွမ်းကျွေးမည့် အစီအစဉ်။

ဒီဇင်ဘာလ (၄) ရက်နေ့တွင် ကွယ်လွန်သူ ကိုမောင်မောင်စိုး၏ နေအိမ်တွင် နေ့ဆွမ်းအား နေ့ လည် (၁၁)နာရီ တွင် ကျွေးမွေးမည် ဖြစ်ပါသည်။ လိပ်စာမှာ - 1009 Inwood Ave Fort Wayne, IN 46818 USA ဖြစ်ပြီး၊ ဆက်သွယ်ရန်မှာ - ပြည်ကြီး (ဖုန်း - 260-385-8900)၊ ကိုမောင်မောင်ဝင်း (ဖုန်း - 260-415-7377)၊ ကိုကိုဦး (ဖုန်း - 260-755-3450)။


ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေ ….

ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေ ….

ကိုမောင်မောင်စိုး ကောင်းရာသုဂတိလားပါစေ ….

No comments: