Saturday, November 5, 2011

တွံတေးမြို့ နယ် အာဏာပိုင်များ၏ ဥပဒေမဲ့ လုပ်ရပ်ကို ထိရောက်စွာ အရေးယူမှု မရှိဖူးဆိုရင် တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးနေတယ်လို့  သတ်မှတ်လို့ မရပါဖူး။














တွံတေးမြို့ နယ် အာဏာပိုင်အဖွဲ့အစည်းများသည် အာဏာ အလွဲသုံးစားပြုလုပ်၍ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းများအား ဥပဒေမဲ့ တိုက်ခိုက် ချောက်ချမှုများ ပြုလုပ်နေကြကြောင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များထံမှ သိရှိရပါသည်။

ယမန့်နေည (၃.၁၁.၁၁) တွင် တွံတေးမြို့ နယ် NLD လူငယ်အစည်းအဝေးအတွက် တွံတေး NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင်နှင့် ကိုအောင်ကျော်ဇောတို့ နှစ်ဦးမှာ အစည်းအဝေးလိုက်
လံဖိတ်ကြားပြီး အပြန် ည (၁၀) နာရီခန့်တွင် တွံတေးမြို့ နယ်မှ စွမ်းအားရှင်တစ်ဖြစ်လဲ ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင်သော အဖွဲ့က လမ်းမှ စောင့်ဆိုင်းပြီး ချောင်းမြောင်းကာ ၀ိုင်းဝန်ရိုက်နက်ခဲ့ကြသဖြင့် NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင်မှာ ခေါင်းကွဲပြီး နုတ်ခမ်းနှင့် ကျောကုန်းတွင် ရိုက်နှက်ခံရသော ဒဏ်ရာများရရှိခဲ့၍ တွံတေးမြို့ နယ် ပြည်သူဆေးရုံကြီးသို့  ညတွင်းချင်း တင်ပိုခဲ့ရပြီး၊ အခြား NLD လူငယ်တစ်ဦး
ဖြစ်သူ ကိုအောင်ကျော်ဇောမှာလည်း ဖူးယောင်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့် ပက်သက်၍ တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်မှ ကျော်တင့်နှင့် ၀င်းနိုင်တို့ အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၂၅) အရ တွံတေးမြို့ နယ် ရဲစခန်းတွင် အမှု ဖွင့်ထားသော်လည်း သက်ဆိုင်ရာအာဏာပိုင်းများက ယခုအချိန်ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရှိရပါသည်။

ယခင်လကလည်း တွံတေး NLD တာဝန်ခံနှင့် တွံတေးရဲစခန်းမှ အရာရှိများ ယခုကဲ့သို့ ပြသနာ ဖြစ်ပွားခဲ့သည့်အတွက် အပြန်အလှန် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ယခုအထိ အမှုပြီးပြတ်ခြင်း မရှိသေးပါ။

ယခုညနေပိုင်းတွင် အဆိုပါ စွမ်းအားရှင်များက NLD လူငယ်နှစ်ဦးအား လူငှား၍ သတ်ပစ်မည်ဟု ထပ်မံခြိမ်းခြောက်ပြန်သဖြင့် ရဲစခန်းသို့ တိုင်တန်းထားပါသည်။

ဤကဲ့သို့  ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ လူတစ်ဦးအား ရိုက်နှက်သည့်အပြင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းသည် တရားဥပဒေအရ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုဖြစ်သဖြင့် အဆိုပါ ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင်သော အဖွဲ့အား သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူသင့်ကြောင်း အသိပေးအပ်ပါသည်။

ရဲထွဋ်ခေါင်
တွံ့ တေးမြို့ နယ် NLD လူငယ်တာဝန်ခံ
0973133594

No comments: