ကလေးငယ်ကို စစ်တပ်ထဲလည်း သွတ်သွင်းခဲ့တယ်၊ နောက် စစ်ထောင်မှာ တစ်နှစ် ထောင်ချလိုက်တယ်၊ စစ်ထောင်က လွတ်လာရင်လည်း စစ်တပ်ထဲ ပြန်ပို့ ဦးမယ်ဆိုတာ လွန်လွန်းတယ်
အသက် (၁၅) နှစ်အရွယ်ကလေးငယ်ကို စစ်တပ်ထဲလည်း သွတ်သွင်းခဲ့တယ်၊ နောက် စစ်ထောင်မှာ တစ်နှစ် ထောင်ချလိုက်တယ်၊ စစ်ထောင်က လွတ်လာရင်လည်း စစ်တပ်ထဲ ပြန်ပို့ ဦးမယ်ဆိုတာ လွန်လွန်းပါတယ်။
ကလေးစစ်သား အောင်မျိုးဦးကိစ္စ အိုင်အယ်အိုရုံး (ILO) ကို တိုင်ထားစဉ်မှာဘဲ ထောင် (၁) နှစ်ကျပြီး ပြန်ထွက်လာမယ့်အချိန်မှာ စစ်တပ်ထဲကို ပြန်အသွင်းခံရမှာဖြစ်လို့ ကလေး၏ မိဘများ စိုးရိမ်သောကရောက်ရှိနေကြရကြောင်း သိရှိရပါတယ်။
မောင်အောင်မျိုးဦးဟာ အသက်မပြည့်ပါဘဲလျက် စစ်တပ်ထဲသွတ်သွင်းခြင်းခံခဲ့ရကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြခဲ့သော်လည်း စစ်ပြေးဟုဆိုကာ စစ်ပြေးအမှုနဲ့  စစ်ထောင် (လှော်ကား)သို့ ထောင်ချမှတ်ခဲ့ခြင်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ စစ်ပြေးလို့  တရားဝင်ဥပဒေအရလည်း သတ်မှတ်လို့  မရနိုင်တာဖြစ်ပါတယ်။ စစ်ပြေးဆိုတာ စစ်တပ်ထဲကို အသက်အရွယ်ပြည့်ပြီး ၀င်ရောက်ကာ စစ်တပ်ထဲ မနေလိုဘဲ ထွက်ပြေးသော စစ်သားများကိုသာ စစ်ပြေးလို့  သတ်မှတ်တာ ဖြစ်ပါတယ်။ မောင်အောင်မျိုးဦးဟာ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးသာဖြစ်ပြီး စစ်တပ်ထဲကို သွတ်သွင်းခံရသူ ဖြစ်ပါတယ်။
ထိုကဲ့သို့  လှော်ကား စစ်ထောင်သို့ ပို့ ကာ ထောင်ချခဲ့ခြင်းသည် ကလေးတစ်ယောက်ရဲ့  စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို များစွာထိခိုက်စေပါသည်။
ထို့ အပြင် စစ်ထောင်ချရုံမျှမပြီးသေး တစ်နှစ်ပြည့်ပြီးနောက် စစ်ထောင်ကလွှတ်ပေးတဲ့အခါမှာ စစ်တပ်ထဲ (ခန္တီးတပ်) သို့  ပြန်လည်ပို့ဆောင်ကာ စစ်ထဲသို့ ဝင်ရောက်ပြန်လည်အမူ့ထမ်းခိုင်းခြင်းကို ခံရမည့်အခြေအနေကြောင့် မိဘများမှ ယခုလို စိတ်ပူပန်သောကရောက်နေရခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
ဒီလို အသက်အရွယ် မပြည့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်တပ်ထဲ သွတ်သွင်းတာတွေ၊ မတန်မရာ အလုပ်ခိုင်းစေတာတွေ၊ လိင်ကျွန်အဖြစ် အဓမ္မပြုကျင့်တာတွေ၊ ဖိနှိပ်ညဉ်းပမ်း နှိပ်စက်တာတွေဟာ ဥပဒေအရ ပြစ်မှုကျူးလွန်ရာ ရောက်သလို၊ ဥပဒေရေးအရတင်မက လှုမှုအသိုင်းအ၀ိုင်းကပါ လုံးဝလက်မခံပါဖူး။ ဒီလို အသက်အရွယ်မပြည့်တဲ့ ကလေးတွေအပေါ် မမှန်ကန်သော ဆောင်ရွက်မှုများကို ရပ်တန့် ရန်နဲ့  ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့  အနာဂတ် ကလေးသူငယ်တွေ ဘ၀တွေ လုံခြုံဖို့  အကာအကွယ် အစောင့်အရှောက် ရရှိဖို့  ၀ိုင်းဝန်းဖေးမ ကူညီမှု ပေးဖို့ တွေအတွက် လူတိုင်းမှာ တာဝန်ဝတ္တရား ရှိပါတယ်။
No comments:
Post a Comment