ရဲတွေက အမှုဆင်ဖမ်းတယ်၊ တရားသူကြီးက ငွေတောင်းတယ်၊ သမတထံပို့ တဲ့စာ ဘာမှ မဆောင်ရွက်ပေးဖူး။
ပန်းတနော်မြို့  နယ်တွင်းရှိ မိရိုးဖလာ လယ်လုပ်ငန်းဖြင့်အသက်မွေးနေသူဦးသန်းထွန်းအား လွန်ခဲ့သည့် (၁၃.၇.၂၀၁၁) ရက်နေ့တွင် ပန်းတနော်မြို့ နယ် ရဲဝန်ထမ်းများမှ မတရားအမှုဆင်ဖမ်းဆီးခဲ့ပြီး မနက်ဖြန်တွင် ပန်းတနော်မြို့ နယ်တရားရုံးတွင် မြို့ နယ် တရားသူကြီး ဦးစိန်ကြည်မှ မိန့်ချမှတ်မည်ဖြစ်သည်။
သို့ သော် ယခုညနေပိုင်းတွင် စွပ်စွဲခံရသူ ဦးသန်းထွန်း ၏ရှေ့ နေ ဖြစ်သူအား မြို့နယ်တရားသူကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် 25 သိန်း ပေးမည်ဆိုပါက ထောင်ဒါဏ် တနှစ်ခွဲသာချမှတ်မည်ဖြစ်ကြောင်း အကယ်၍ မပေးနိုင်ပါက ၂ နှစ်မှ ၃ နှစ်အထိ ချမည် ပြောဆိုခဲ့သည်ဟုသိရပါသည်။
ထို့ သို့ ရှေ့နေမှတဆင့် အကြောင်းကြားလာသည့်အတွက် ဦးသန်းထွန်း၏ အကိုဖြစ်သူ ဦးကျော်ဆန်းနှင့် ဦးသန်းထွန်းဇနီး ဒေါ်အုန်းမြင့်တို့ မှ ရှေ့နေဖြစ်သူ ဦးကျော်အောင်နှင့် သွားရောက် တွေ့ ဆုံခဲ့ရာ (6.12.2011) ရက်နေ့ ယနေ့ တွင် အမိန့်ချမည့် နံနက် ( ၇ ) နာရီတွင် အမိန့်မချမှီ တရားသူကြီး ဦးစိန်ကြည်နှင့် တွေ့ဆုံရမည်ဖြစ်ကြောင်းကို ထပ်မံပြောဆိုခဲ့ ပါသည်။
ယခုအမှုဖြစ်စဉ်သည် မတရားအမှုဆင်ဖမ်းဆီးခံခဲ့ရသည်အတွက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် ပူးတွဲပါ အမှုဖြစ်စဉ်အကျဉ်းနှင့် အသနားခံစာကို နိုင်ငံတော်သမတကြီးထံ အသနားခံစာပေးပို့ ခဲ့သော်လဲ မည်သို့ မှ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဟု သိရပါသည်။
Letter (for U Than Tun)
သို့ ပါသောကြောင့် အများပြည်သူများသိရှိ ကူညီနိုင်ရန်အတွက် သတင်းပေးပို့ လာပါသည်။
အသေးစိတ်သိရှိလိုပါက တရားစွဲဆိုခြင်းခံရသည်မိသားစုများအား အောက်ပါဖုန်းနံပါတ်များဆို့  ဆက်သွယ်မေးမြန်းပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဦးသန်းထွန်း အိမ်ဖုန်း ( 0949719453 )။
မှတ်ချက် - (6.12.2011) ရက်နေ့ တွင် တရားရုံးသို့  မိသားစုဝင်များ သွားရောက်မည်ဖြစ်သောကြောင့် ညနေပိုင်းတွင်သာ ဆက်သွယ်နိုင်မည်ဖြစ်သည်။
ရဲတွေက အမှုဆင်ဖမ်းတယ်၊ တရားသူကြီးက ငွေတောင်းတယ်၊ သမတထံပို့ တဲ့စာ ဘာမှ မဆောင်ရွက်ပေးဖူး၊ မဖြစ်သင့်တဲ့ကိစ္စတွေမို့  စွပ်စွဲခံရသူ ဦးသန်းထွန်းအတွက် အမှုပိတ်ပေးသင့်ပါတယ်။
No comments:
Post a Comment