ဒေါ်အောင်ဆန်းစုကြည်နဲ့  အနုပညာရှင်တွေ ကောင်းကောင်းမွန်မွန် လက်တွဲပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် ဆောင်ရွက်တာကို သိန်းစိန်တို့  လက်မခံရဲဖူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့  အနုပညာရှင်တွေ ကောင်းကောင်းမွန်မွန် လက်တွဲပြီး တိုင်းပြည်နဲ့  လူမျိုးအတွက် ဆောင်ရွက်တာကို သိန်းစိန်တို့  လက်မခံရဲဖူး၊ ကျော်ဆန်းတို့  မနာလို ဖြစ်နေကြတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရံပုံငွေအဖြစ် ဂီတဖြော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ (၁၅) ရက်နေ့ မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရံပုံငွေပွဲတော်ကို သိန်းစိန်တို့ က ခွင့်မပြုတာ သိန်းစိန်တို့ ရဲ့  အတွင်းစိတ်တွေကို ဖေါ်ပြလိုက်တာဘဲ။
Letting People to Know the Situation
ဒီရံပုံငွေပွဲမှာ The Trees, Emperor, Metal Zone, Plus 3, Spectrum, Lazy Club, Vertical Vibration, Hip-Hop (ACID, Cyclone, Snare, Blue Berry)၊ Young Rock Bands – Big Bag, Reason, Wanted ဂီတအနုပညာရှင်အဖွဲ့ များတွေက - Rဇာနည်၊ ဟဲလေး၊ ဥာဏ်လင်းအောင်၊ အေသင်ချိုဆွေ၊ ၀ိုင်းစုခိုင်သိန်း၊ ချမ်းချမ်း၊ ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ ဘိုဖြူ၊ ဖြိုးကြီး၊ သျှီ၊ အိမ့်ချစ်၊ ဟယ်ရီလင်း၊ မာရဇ္ဇ၊ ဟန်ထွန်း၊ လင်းလင်း၊ ဂျီလတ်၊ သအို၊ အောင်ခန့် ၊ ချစ်သုဝေ၊ N ကိုင်ရာ၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလှိုင်၊ စည်သူလွင်၊ မိုးမိုး၊ မေခလာ၊ ရှင်ဘုန်း၊ နီနီဇော်၊ ခင်ဘုန်း၊ ထူးအယ်လင်း၊ Sကဲနက်၊ လင်းနစ်၊ နွဲ့ ယဉ်ဝင်း၊ ကဗျာဘွဲ့ မှူး၊ မီးမီးခဲ၊ သံသာဝင်း၊ ဇော်ပိုင်၊ Lလွန်းဝါ၊ ဖိုးကာ၊ အ၀ိုင်း၊ ထက်နေကြည်၊ ထွန်းအိန္ဒြာဗို၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ သားထွေး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ ရင်ဂို၊ စံလင်း၊ တိုးလွင်၊ အောင်အောင်၊ အုပ်ကြီး၊ ညီညီလွင်၊ ကိုထွဋ်၊ စိုးထက်၊ ဂျေညီမလေး၊ ကောင်းမြတ်၊ ကြက်ဖ၊ ရသ၊ ဘိုလေး၊ ယုန်လေး၊ ငယ်ငယ်၊ စန္ဒီမြင့်လွင်၊ Jenny တို့  ပါဝင်သီဆိုဖြော်ဖြေကြဖို့  စီစဉ်ထားတာပါ။
သိန်းစိန်တို့  ဒီဟာကိုတောင် ခွင့်မပြုရဲဖူး ခွင့်ပြုလိုစိတ် မရှိဖူးဆိုတာ ဘယ်လိုသဘောထားလည်းဆိုတာ ပေါ်လွင်စေတာပါဘဲ။
No comments:
Post a Comment