ပြည်တွင်းစစ်။
ပြည်တွင်းစစ်။
တိုင်းရင်းသားချင်း
ရန်ညိုးတင်း
ခင်းနေရတဲ့ ပြည်တွင်းစစ်
ဖြစ်ချင်လို့ဖြစ်နေရတာမဟုတ်
အယုတ်တမာစစ်အစိုးရ၊
အာဏာလက်မလွှတ်ချင်လို့
ပျိုးထားတဲ့မီးစ။
အပေါ်ရံသကာဖုံး
ဟန်ဆောင်ပြုံးပြီး
ဒီစစ်မီးငြိမ်းချင်သယောင်
ငြိမ်းချမ်းရေးဖေါ်ဆောင်ဖို့ဖွဲ့၊
ဒပရင်းလူသတ်သမား
အောင်သောင်းကခေါင်းဆောင်တဲ့။
မီးစတဖက်ရေမှုတ်တဖက်
ဟုတ်တာလည်းမဟုတ်
ကာချုပ်က ဆက်တိုက်
သမတက ရပ်စဲ..တဲ့
ဒုက္ခသည်ကူညီဖို့ကျ၊
စေတနာရှင်လူမှုအဖွဲ့တွေ
ဝင်ခွင့်တောင်မရ။
ပြည်တွင်းစစ်ရုပ်သိမ်းတာဟာ
စစ်အစိုးရချုပ်ငြိမ်းတာပဲမို့
ဆန်စင်ရာကျည်ပွေ့လိုက်
ကြိုးရှည်ရှည်နဲ့လှန်
တဖွဲ့ချင်းစီကိုလှဲ့ခွေ၊
တိုက်ပွဲတွေအဆုံးသတ်ဖို့ကို
“သုံးနှစ်တောင်ကြာ”မတဲ့လေ။
သူတို့စိုက်တဲ့အပင်
မသေစေချင်တဲ့ဆန္ဒ၊
သူတို့ရဲ့အစ္ဈတ္တ
အမြစ်ကနှုတ်ပစ်ကြ။
မောင်မြင့်သိန်း ဒီဇင်ဘာ၂၀၊ ၂၀၁၁။
No comments:
Post a Comment