ချင်းတွင်းမြစ်ရေ တိုက်စားခဲ့မှုကြောင့် ကျွန်းမြေနုများ ဆုံးရှုံးခဲ့သည့်အတွက် အလုပ်အကိုင် ခက်ခဲနေကြသော ရွာသားများ အချင်းချင်း ပဋိပက္ခ ဖြစ်ပွားလျက်ရှိ။
မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ဖူးရွာနှင့် ကျွဲကုန်းရွာတို့တွင် ချင်းတွင်းမြစ်ရေ တိုက်စားခဲ့မှုကြောင့် ကျွန်းမြေနုများ ဆုံးရှုံးခဲ့ရာ ကျောက်ဖူးရွာမှ လုပ်သားများက ကျွဲကုန်းရွာဘက်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်ခဲ့ကြသဖြင့် ထိုနှစ်ရွာတွင် ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေပါသည်။
၂၄.၁၂.၁၁ နေ့ညနေက ကျွဲကုန်းရွာသား ကျောင်းဆရာ ဦးမြင့်စိန်၏ သတင်းပေးပို့ချက်အရ သူတို့နှစ်ရွာတွင် အချင်းချင်းစကားများကာ ချိန်းရိုက်ပွဲများဖြစ်ကြတော့မည့်အခြေအနေသို့ ရောက်နေကြောင်း သိရသည်။
သူ့ကို ဆက်သွယ်လိုပါက( ၀၉၄၇၁၁၁၅၉၈)သို့ ဆက်သွယ်မေးမြန်းဖို့လည်း ပန်ကြားထားပါသည်။ ချင်းတွင်းမြစ်ရေတက်စဉ်က အဆိုပါ ကျေးရွာနှစ်ခုကြားရှိ ချောင်းရိုးသည် ကမ်းပါးပြိုတိုက်စားခဲ့သဖြင့် ဖြုံဘူး၊ ကျောက်ဖူး စသည့်ကျေးရွာများမှ ယာမြေများ များ စွာဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
အကျိုးဆောင်၊ရေစကြို။
ဖုန်း- ၀၉ ၆၅၇၀၉၅၇
No comments:
Post a Comment