Thursday, December 15, 2011

“နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” အား ပြည်သူလူထုနှင့် သံဃာထုတစ်ရပ်လုံးမှ မတရားသံဃာအသင်းအဖြစ် ထုတ်ပြန်သတ်မှတ် ဆောင်ရွက်ကာ အရေးယူကြဖို့  လိုအပ်ပါတယ်။

ရွှေည၀ါဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ဆိုပြီး ထုန်ပြန်ကြေညာသော စာပါ မတရားအမိန့် များကတော့ -

(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်။

(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။

(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။ - တို့  ဖြစ်ပါတယ်။


သာသနာတော်အကျိုးနှင့် တိုင်းကျိုးပြည်ကျိုးကို ရှေ့ ရှုထားဆောင်ရွက်ကြသော သံဃာတော်ရှင်သူမြတ် ရဟန်းတော်အစစ်များအား ယခုလို မကြာခဏ မတရားအမိန့် များထုတ်ပြန်ကာ အစဉ်အဆက် တားဆီးပိတ်ပင် မတရားအရေးယူဆောင်ရွက်လျက်ရှိနေသည့် အဆိုပါ “နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ” အား ပြည်သူလူထုနှင့် သံဃာထုတစ်ရပ်လုံးမှ မတရားသံဃာအသင်းအဖြစ် ထုတ်ပြန်သတ်မှတ် ဆောင်ရွက်ကာ အရေးယူကြဖို့  လိုအပ်ပါတယ်။

No comments: