အဆင့်မြင့်  မင်္ဂလာမွန်ဈေးကို ဆက်ဆောက်မယ့်ကိစ္စနဲ့  ပတ်သက်ပြီး ကြံ့ခိုင်ရေး (ကြံ့ ဖွတ်) ပါတီတွင်းရော အောင်သိန်းလင်းရော ပါဝင်မှုမှာ ရှုတ်ထွေးနေကြတယ်။
အဆင့်မြင့် မင်္ဂလာမွန်ဈေးရှေ့ က ယာဉ်ရပ်နားစခန်း မြေနေရာကို လုပ်ငန်းရှင်တစ်ဦးက ဈေးသစ်ဆောက်လုပ်နေမှုကို ဈေးသူဈေးသားများက ကန့် ကွက်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံ တင်ပြရာ ပူးတွဲပါအတိုင်း အကြောင်းပြန်စာ ပေးပို့ ခဲ့ပါတယ်။ ထို့ အတူ ယင်းဈေးသစ်ဆောက်လုပ်မှုအတွက် ကြံ့ခိုင်ရေး (ကြံ့ ဖွတ်) ပါတီမှ ဦးအောင်သိန်းလင်းက သူ ပြောဆိုဆောင်ရွက်ပေးခဲ့လို့ ဈေးသစ်ဆောက်လုပ်မှု ရပ်ဆိုင်းသွားပြီလို့  ဈေးသူဈေးသားများကို တွေ့ ဆုံ ပြောကြားခဲ့ပါသေးတယ်။
ဒီတော့ ဒီအခြေအနေတွေကို ကြည့်ပြီး ကြံ့ခိုင်ရေး (ကြံ့ ဖွတ်) ပါတီရဲ့  ဗဟိုအလုပ်အမှုဆောင် ပြောစကားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လက်မခံ အလေးမထားကြောင်း သက်သေပြလိုက်တာကြောင့် ကြံ့ခိုင်ရေး (ကြံ့ ဖွတ်) ပါတီတွင်း မကျေနပ်မှများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
No comments:
Post a Comment