ပညာရှင်ကျွမ်းကျင်သူများကို မတိုင်ပင် မညှိနှိုင်းဘဲ အလွယ်တကူ နှုတ်မိန့် ဖြင့် ညွှန်ကြားတဲ့ စည်ပင်သာယာဝန်ကြီး ဦးလှမြင့်။
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာဝန်ကြီး ဦးလှမြင့်က ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနသို့ ဆောက်လုပ်ရန် လျှောက်ထားသည့် ကန်ထရိုက်တိုက်များကို မြေညီထပ်တွင် ကားပါကင်ပြုလုပ်ရန် နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။
ယခုလို ဆောက်လုပ်ရေးလုပ်ငန်းများရဲ့  အတတ်ပညာများကို မလေ့လာ မတတ်မြောက်ဘဲနဲ့  လက်တွေ့ မှာ အဆင်မပြေနိုင်တဲ့ ညွှန်ကြားမှုကို အလွယ်တကူ နှုတ်နဲ့  အမိန့် ပေးခဲ့တဲ့ ၀န်ကြီး ဦးလှမြင့်ကြောင့် ကန်ထရိုက်တာများအနေနဲ့  ဆောက်လုပ်ဆဲ လျောက်ထားဆဲ လုပ်ငန်းများ ရပ်နားခဲ့ကြရပါတယ်။
ကန်ထရိုက်တာလုပ်ငန်းရှင်များနှင့် တိုင်ပင်ခြင်းမရှိပဲ နှုတ်မိန့် ဖြင့် အင်ဂျင်နီယာဌာနသို့  ညွှန် ကြားနေမှုကြောင့် နည်းစနစ်မှားယွင်းနေသလို၊ လုပ်ထုံးလုပ်နည်းလည်း မှားယွင်းနေကြောင်း၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများနဲ့  ကန်ထရိုက်တာများကနေ ပြန်လည်၍ အကျိုးအကြောင်းရှင်းပြစာကို ယခုလို ပေးပို့ ခဲ့ကြကြောင်း သိရှိရပါတယ်။
ပေးပို့ ခဲ့တဲ့ ဌာနမှူးအင်ဂျင်နီယာ ( အဆောက်အအုံ ) ထံသို့  အကြံပြုစာ ပေးပို့ ထားမှုကို အများသိရှိစေနိုင်ရန်နဲ့  ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာဝန်ကြီး ဦးလှမြင့် သိရှိစေရန်ကိုပါ ဖေါ်ပြလိုက်ပါတယ်။
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာဝန်ကြီး ဦးလှမြင့်အနေနဲ့  အတတ်ပိုင်းပညာရပ်များ ကျွမ်းကျင်သူများရဲ့  အကြံပြု သုံးသပ်တင်ပြမှုတွေကို အလေးထားဖို့ နဲ့  အလွယ်တကူ အမိန့် ပေး ညွှန်ကြားမှုများကို ရာထူးအာဏာနဲ့  မလုပ်ဆောင်သင့်ကြောင်း ပြောကြားအပ်ပါတယ်။
No comments:
Post a Comment