Wednesday, January 25, 2012

ဗမာမွတ်စလင်လူငယ်များကွန်ယက်မှ ဆီးချိုသွေးချိုဝေဒနာရှင်များအား ကူညီဆောင်ရွက်ပေးခြင်း။

ဗမာမွတ်စလင်လူငယ်များကွန်ယက်မှ လူငယ်များသည် လူသားချင်းစာနာထောက်ထားသော ကူညီဆောင်ရွက်ခြင်း အစီစဉ်တစ်ရပ်အနေဖြင့် (၁၈.၁၂ .၂၀၁၁) ရက်နေ့မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒေသအတွင်းရှိ ဆီးချို သွေးချို ဝေဒနာရှင်များအား နွေးထွေးပျူငှာစွာဖြင့် တိုင်းတာစစ်ဆေးပေးလျှက်ရှိပါသည်။ ယခုအခါ ဝေဒနာရှင်ပေါင်း ငါဆယ်ကျော်တို့အား တိုင်းတာစစ်ဆေးပေးခဲ့ပြီးဖြစ်ပါသည်။

ဗမာမွတ်စလင်လူငယ်များကွန်ယက် (BMY) အဖွဲ့ဝင်လူငယ်များသည် အရပ်ဘက်လူအဖွဲ့ အစည်းတရပ်အနေဖြင့် ရပ်တည်ဆောင်ရွက်လျှက်ရှိပြီး ရှေ့ဆက်၍ လူသားချင်း စာနာထောက်ထားသောအကူညီပေးရေးလုပ်ငန်းစဉ်များကို တက်အားသ၍ ဆက်လျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ စိတ်ပါဝင်စားသူသောလူငယ်များအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

ဗမာမွတ်စလင်လူငယ်များကွန်ယက်
BURMA MUSLIM YOUTH NETWORK (BMY)

No comments: