Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ရဲ့  ခေါင်းဆောင်ဖြစ်သူ ကိုဇေယျာသော် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ရဲ့  ခေါင်းဆောင်ဖြစ်သူ ကိုဇေယျာသော်ဟာ နေပြည်တော် ပှုဗ္ဗသီရိ မြို့နယ် မဲဆန္ဒနယ်မြေကနေ လာမဲ့ ဧပြီလ (၁) ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့  သိရှိရပါတယ်။
ကိုဇေယျာသော်ဟာ တစ်ချိန်က အက်ဆစ်အဖွဲ့နဲ့ သီချင်းတွေဆိုခဲ့ပြီး၊ ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Generation Wave အဖွဲ့ရဲ့ ဖွဲ့စည်းတည်ထောင်သူတစ်ဦးအဖြစ် နိုင်ငံရေး ယုံကြည်ချက်များကို အကျဉ်းစံမြေမှ လွတ်မြောက်လာသည့်အချိန်နှင့် ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသူ တိုင်းပြည်အကျိုးအတွက် စိတ်ဓါတ်တက်ကြွစွာနဲ့  လုပ်ဆောင်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။
နေပြည်တော် ပှုဗ္ဗသီရိ မြို့နယ် မဲဆန္ဒနယ်မြေဟာ ယခင် ၂၀၁၀ ခုနှစ် နအဖတို့ ရဲ့  ရွေးကောက်ပွဲတုန်းက သန်းရွှေကိုယ်တိုင်လာရောက်ပြီး သူရဲ့ မဲဆန္ဒကို ပေးခဲ့တဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။
ယခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဘက်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုဇေယျာသော် အောင်မြင်မှု သရဖူကို အပြည့်အ၀ ဆောင်းနိုင်ပါစေလို့  လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
No comments:
Post a Comment