Thursday, February 2, 2012

“မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး” စာတမ်းဖတ်ပွဲတွင် ကိုမင်းကိုနိုင်မှ “မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကား” ပြောကြားပါမည်။

“မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး” စာတမ်းဖတ်ပွဲအား ဖိတ်ကြားအပ်ပါသည်။ ကိုမင်းကိုနိုင်မှ “မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကား” ပြောကြားမည် ဖြစ်ပါသည်။

“မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရားကင်းဝေးရေး” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲနှင့် နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတွင် လာမည့် (၅.၂.၂၀၁၂) ရက်နေ့  နေ့လည် (၁း၀၀) နာရီ မှ ညနေ (၄း၀၀) နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကျင်းပပြုလုပ်မည့် နေရာမှာ အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၉၇၃၀၉၆၈၈၇ - ဖြစ်ပါသည်။




























စာတမ်းဖတ်ကြားကြမည့် အဖွဲ့အစည်းများမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့နှင့် မြန်မာနိုင်ငံလူငယ်များအစည်းအရုံးတို့ ဖြစ်ပါသည်။

စာတမ်းဖတ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ- မျိုးဆက်သစ်ကျောင်းသားလူငယ်များ အနာဂတ်နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံရေးဖြစ်စဉ်များတွင် နိုင်ငံရေးအကြောက်တရားကင်းဝေးစေပြီး မိမိတို့ယုံကြည်ရာကို ပြောဆိုဝန့် လုပ်ကိုင်ဝန့်  ရှိလာရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်လိုသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

စာတမ်းဖတ်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ “မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းစကား” ပြောကြားမည် ဖြစ်ပါသည်။

စာတမ်းဖတ်ပွဲသို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံး

အမှတ်(၁၅၁)၊ ၆လွှာ(ညာ)၊ အထက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့။

ဖုန်း- ၀၉၇၃၀၉၆၈၈၇။

No comments: