Wednesday, February 22, 2012

(၂၄) နှစ်ထိတိုင် အသက်သွေးချွေးများ ပေးဆပ်ကာ တိုင်းပြည်အကျိုးအတွက် ယုံကြည်ချက်အား ဦးထိပ်ထားလျက်ရှိကြသော မကဒတ တပ်ဖွဲ့ ဝင်များအတွက် ကူညီဆောင်ရွက်။

ယခုအချိန်ကာလ (၂၄) နှစ်ထိတိုင် အသက်သွေးချွေးများ ပေးဆပ်ကာ တိုင်းပြည်အကျိုးအတွက် ယုံကြည်ချက်အား ဦးထိပ်ထား၍ ပင်ပန်းဆင်းရဲစွာဖြင့် နေထိုင်ရပ်တည်နေကြသော ကျောင်းသားလူငယ် (မကဒတ တပ်ဖွဲ့ ဝင်များ) အတွက် ကူညီဆောင်ရွက်။

မြန်မာပြည် လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံး လှုပ်ရှားပါဝင်ခဲ့သည့် ၁၉၈၈ ခုနှစ် (၈၈၈၈) ပြည်သူ့ အရေးတော်ပုံကြီးမှ အခြေခံ မွေးဖွားပေါ်ပေါက်လာခဲ့သည့် သမိုင်းဝင် ကျောင်းသားတပ်မတော် (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - မကဒတ ABSDF) ၏ ၁၉၈၈ ခုနှစ်မှ ယခုအချိန်ကာလ (၂၄) နှစ်ထိတိုင် မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးရှိ ခက်ခဲကြမ်းတမ်းလှသည့် နေရာအရပ်ဒေသများတွင် အကြပ်အတည်းပေါင်းများစွာအား ကြံ့ ကြံ့ ခံ ရင်ဆိုင်ရင်း အသက်သွေးချွေးများ ပေးဆပ်ကာ တိုင်းပြည်အကျိုးအတွက် ယုံကြည်ချက်အား ဦးထိပ်ထား၍ ပင်ပန်းဆင်းရဲစွာဖြင့် နေထိုင်ရပ်တည်နေကြသော ကျောင်းသားလူငယ် (မကဒတ တပ်ဖွဲ့ ဝင်များ) အား ကူညီထောက်ပံ့သည့်အနေဖြင့် ရံပုံငွေ ဈေးရောင်းပွဲတစ်ခုအား သြစတြေလျနိုင်ငံ မဲဘန်းမြို့ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။



(ပေးပို့ လာသော KM အား ကျေးဇူးတင်ရှိပါသည်)။

No comments: