ငါတို့ အကြွေးတွေကို ပြည်သူဆပ်လိမ့်မယ်လို့  ……
တိုင်းပြည်ပိုင် ကျောက်မျက်ရတနာတွေကို ငန်းငန်းတက်နေခဲ့ကြတဲ့ အာဏာရူးကြီး သန်းရွှေနှင့် ဗိုလ်ချူပ်များဟာ အမိမြန်မာပြည်ရဲ့  အမွေအနှစ် ရတနာပစ္စည်းတွေကို မောင်ပိုင်စီးခဲ့ကြပါတယ်။
အလေးချိန် (၃၅) တန် ကျောက်စိမ်းတုံးကြီးလည်း ရောင်းစားခံခဲ့ရပါတယ်။
တရုတ်ပြည်ကို ရောင်းစားခဲ့တဲ့ မြန်မာပြည်ကျောက်စိမ်းတုံး ဒီတစ်တုံးတင် (၆၈၀ ) ကီလိုဂရမ်အလေးချိန် ရှိခဲ့ပါတယ်။ ထို့ အတူ မြန်မာပြည်က ထွက်တဲ့ ပတ္တမြားလည်း အရည်အသွေး အလေးချိန် အင်မတန် မြင့်မားပါတယ်။ ဒီလို ကျောက်စိမ်းတုံးတွေ ပတ္တမြားတွေ မြန်မာပြည်ကနေ ထွက်ရှိနေတာ နှစ်စဉ်နှစ်တိုင်းလိုလိုပါဘဲ။
မကြာခင်က ကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာရောင်းပွဲမှာ တိုင်းပြည်ပိုင် မြန်မာကျောက်မျက်ရတနာတွေကို ဘုံးဘောလအော ရောင်းချခဲ့ရုံတင်မက ၀ယ်ဖို့ လာကြသူတွေကို အဆစ်အနေနဲ့ ဒေါ်လာငွေတွေနဲ့  ၀င်ကြေးတွေကောက်ခဲ့လို့  ရတဲ့ငွေတွေလည်း မနည်းပါဖူး။
ကချင်ပြည်နယ်ကနေ ထွက်ရှိတဲ့ ကျောက်စိမ်းတုံးကြီးတွေကို နိုင်ငံခြားကို ရောင်းချဖို့  လျှို့ ဝှက်မြေအောက်ပြခန်းကို တည်ဆောက်ထားပါတယ်။ ဒီ လျှို့ ဝှက်မြေအောက်ပြခန်းမှာ မြန်မာပြည် ကချင်ပြည်နယ် ဖားကန့် ဒေသက ၂၀၀၀ ခုနှစ်မှာ တွေ့ ရှိတူးဖေါ်ရရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံး (အလေးချိန် - တန်ချိန် ၃၀၀၀ ခန့် ၊ အရှည် ၂၁ မီတာ၊ လုံးပါတ် ၅ မီတာခန့် နဲ့  အမြင့် ၁၀ မီတာခွဲရှိ) ဟာ ယခုအချိန်မှာတော့ ရောင်းချခံခဲ့ရလို့  ဘယ်နိုင်ငံကို ရောက်ရှိနေပြီလည်းဆိုတာ တိုင်းသူပြည်သားတွေ မသိရှိရပါဖူး။ ဒီလို ကျောက်စိမ်းတုံးတွေနဲ့  အခြားသော ကျောက်မျက်ရတနာတွေကို ရောင်းချရရှိခဲ့ငွေဟာ ၁၉၉၂ ခုနှစ်တစ်နှစ်ထဲမှာတင် အနည်းဆုံး အမေရိကန်ဒေါ်လာငွေ ၄၅၃ သန်းကျော် ရရှိခဲ့ပါတယ်။
ဒီလို တိုင်းပြည်ပိုင် ပြည်သူပိုင် ကျောက်မျက်ရတနာတွေကို တူးဖေါ်ရရှိသမျှ ရောင်းတုတ်ရရှိနေတဲ့ ၀င်ငွေတွေဟာ နေ၀င်း သန်းရွှေနဲ့  အပေါင်းအပါတွေ လက်ထဲကိုသာ စာရင်းမရှိ စစ်ဆေးမဲ့သူမရှိနဲ့  ရောက်ရှိနေတာမို့  နောက်ဆုံး တိုင်းပြည်ကတော့ ချွတ်ချုံကျနေပေမယ့် အာဏာရူးတွေနဲ့  မိသားစုဆွေမျိုးအပေါင်းကတော့ မတရားကြွယ်ဝချမ်းသာနေပါတော့တယ်။
မြန်မာပြည်ရဲ့ ကျောက်သံပတ္တမြားတွေ သဘာဝ သယံဇာတတွေကို ရောင်းတုတ်လို့  ရရှိတဲ့ သန်းပေါင်းမြောက်မြားစွာသော ဒေါ်လာငွေတွေ ဘယ်ရောက်ကုန်ပါသလည်း။
တိုင်းပြည်နဲ့  လူမျိုးကတော့ အကြွေးတင်နေတဲ့ နိုင်ငံခြားကြွေးမြီ အမေရိကန် (၁၁) ဘီလီယံကို ဆပ်ပေးရတော့မှာလား။ ဒါမှမဟုတ် နေ၀င်းမိသားစု ဆွေမျိုးတစ်သိုက်၊ သန်းရွှေ မိသားစုဆွေမျိုးတစ်သိုက်နဲ့  အပေါင်းအပါ ဗိုလ်ချူပ် ဗိုလ်မှူးတို့ တိုင်းပြည်ဘဏ္ဍာခိုးယူခဲ့ကြသူ ခိုးသားများရဲ့  ပိုင်ဆိုင်မှုတွေနဲ့  ပြန်ပေးဆပ်ကြမှာလားဆိုတာ …..
No comments:
Post a Comment