Sunday, March 4, 2012

မြန်မာပြည်အနှံ့  ခရီးသွားနေရင်း ပင်ပန်းနွမ်းနယ်နေတဲ့ အမေစုအတွက် “ပျို့ လက်ရုံး” သီချင်းဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။

မြန်မာပြည်အနှံ့  ခရီးသွားနေရင်း ပင်ပန်းနွမ်းနယ်နေတဲ့ အမေစုအတွက် အားဆေးတစ်ခွက်အဖြစ် ၁၉၄၀ ခုနှစ်တုန်းက သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ပျို့ လက်ရုံး” သီချင်းဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။



ပျို့ လက်ရုံး

(အဆိုတော် - မေသန်း)။

* ပညာပါရမီ ပြည့်ဝစုံလင်သည် ကမ္ဘာတွင်စေမည် မိန်းမအာဇာနည်
တိုင်းပြည်အတွင်းမှာ လင်းပေသည် လုံ့လညီ ၀ီရိယညီ တိုးပွားမည်
ပညာပါရမီ ပြည့်ဝစုံလင်သည် ကြီးပွားစေရန်လမ်းပြမည်
ကြိုးစားသည် တိုးပွားမည် ခေတ်သစ်ပြောင်းခဲ့ပြီ
မိန်းမဂုဏ်ရည် စွမ်းအားပြစေမည် ....

* ကမ္ဘာ မိုးအောက်မြေသေလာမဟီ ရှေးခေတ်ဟောင်းလည်းပြောင်းပြီ အတည်ဇာတိသွေးလည်း မွှေးသင့်ပြီ စွမ်းဆောင်နိုင်စေရာ ကုမ္မာရီ
ကမ္ဘာ မိုးအောက်မြေသေလာမဟီ ရှေးခေတ်ဟောင်းလည်းပြောင်းပြီအညီ
ပညာဥာဏ်ရောင်ဖြိုးသည် အမျိုးသမီးဂုဏ်ရည်တိုးတက်ပြီ

(ကြံစည်..အမျိုးသမီးတွေ စည်းလုံးညီ မြန်ပြည် စွမ်းအားသတ္တိရှိရမည်)၂

ကမ္ဘာ မိုးအောက်မြေသေလာမဟီ ရှေးခေတ်ဟောင်းလည်းပြောင်းပြီ အညီ
ပညာဥာဏ်ရောင်ဖြိုးသည် အမျိုးသမီးဂုဏ်ရည်တိုးတက်ပြီ…။

*ကမ္ဘာ သိစေရန် သိစေရန် ကြံပါသည် တိုင်းမြန်ပြည် တိုးပွားတော့မည်
အမှန်စွဲကာသာ မြဲကာသာ ချိန်ခါမီ ကျန်းမာအောင်လေ့ကျင့်ရမည်
များကုမ္မာရီ တက်ခေတ်ရောက်လာပြီ
အားခွန်စုံအောင် ကျင့်ဆောင်ရပေမည်…။

ကမ္ဘာ သိစေရန် သိစေရန် ကြံပါသည် မျိုးဂုဏ်ရည် တိုးပွားတော့မည် ..

(ကမ္ဘာ မိုးအောက်မြေသေလာမဟီ – တိုးတက်ပြီ)

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မြန်မာပြည်ရဲ့  အမျိုးသမီးကောင်းအပေါင်းအား ဤသီချင်းဖြင့် ဂုဏ်ပြုအပ်ပါသည်။

(အဆိုတော် မေသန်း * အမည်ရင်း - မသန်းတင် * မှ ယခု “ပျို့ လက်ရုံး” သီချင်အား ၁၉၄၀ ခုနှစ်တွင် ကိုလံဘီယာဓါတ်ပြားဖြင့် သီဆိုခဲ့ပါသည်။ အဆိုတော် မေသန်းသည် အခြားသော နာမည်ကျော်သီချင်းများဖြစ်သည့် အင်္ကျီပါး၊ ရွှေဂျိုးဖြူ၊ ဆီမီးပွဲတော်၊ ဖိုးရွှေလ အစရှိတဲ့ သီချင်းများကို သီဆိုခဲ့ပါတယ်။ အဆိုတော် မေသန်းဟာ အေ၀မ်းရုပ်ရှင်ကုမ္ပဏီကို ပထမဆုံးရောက်ခဲ့တဲ့ မင်းသမီး ဖြစ်ပါတယ်။ မြင်းခြံသူ မေသန်းက မိခင်ဘက်က ရှမ်းသွေးစပ်သူဖြစ်ပါတယ်။ ခေတ်ဟောင်းအဆိုတော်၊ ရုပ်ရှင်မင်းသမီးကြီး၊ မြို့ မအမျိုးသားအထက်တန်းကျောင်း ဂီတဆရာမကြီး၊ ကွင်းကောက်ယောဂီ မေသန်း ဟာ အသက် (၈၄) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်)။

No comments: