Wednesday, March 14, 2012

ခံစားမှုများဖြင့် ရင်ဖွင့်လာသော တပ်မတော်မှ သာမန်အဆင့်ရှိ တပ်သားလေးတစ်ဦး၏ ပြောကြားချက်များ။

ခံစားမှုများဖြင့် ရင်ဖွင့်လာသော တပ်မတော်မှ သာမန်အဆင့်ရှိ တပ်သားလေးတစ်ဦး၏ ပြောကြားချက်များ။



တပ်မတော်အတွင်းမှ တပ်မတော်သားတွေ အထူးသဖြင့် သာမန်အဆင့် အကြပ်တပ်သားတွေရဲ့  ဘ၀မှန်တွေကို သိကြဖို့ လိုသလို ထုတ်ဖေါ်ပြောဆိုကြဖို့ လည်း လိုပါတယ်။
တိုင်းပြည်အကျိုးအတွက် တိုင်းပြည်တစ်ပြည်ရဲ့  ကာကွယ်ရေးအလုပ်တွေမှာ မှန်ကန်စွာနဲ့  ဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက် တိုင်းပြည်နဲ့  လူမျိုးကို ချစ်တဲ့စိတ်နဲ့  တပ်မတော်အတွင်း ၀င်ရောက်အမှုထမ်းကြသော တပ်မတော်သားများကို လေးစားပါတယ်။

တပ်မတော်အတွင်းမှာ အထက်အရာရှိတွေဘက်က အောက်လက်သားတွေအပေါ် အာဏာကို ပြပြီး မတရား နိုင်ထက်စီးနင်းလုပ်ကြတယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့  အခြေခံဖွဲ့ စည်းပုံနဲ့ လည်း မညီ၊ တရားဥပဒေအရလည်း မညီ၊ တပ်မတော်ရဲ့  စည်းမျဉ်းစည်းကမ်းများနဲ့ လည်း မညီသော လုပ်ရပ်ဖြစ်ပါတယ်။

ယခုလို ရင်တွင်းခံစားချက်တွေကို ဖေါ်ထုတ်လာတဲ့ တပ်မတော်သားတွေ ရှိသလို၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မြိုသိပ်နေကြရတဲ့ တပ်မတော်သားတွေလည်း ရှိကြပါတယ်။

တိုင်းပြည်ရဲ့  ကောင်းကျိုး ဦးတည်ချင်တယ်၊ တပ်မတော်ရဲ့  ဂုဏ်သိက္ခာ မြင့်မားစေချင်ရင်တယ်ဆိုရင် တပ်မတော်အတွင်းက အထက်အရာရှိအဆင့်ကအစ အောက်ခြေတပ်သားအဆင့်အထိ မည်သူမဆို တရားမျှတမှုနဲ့  မှန်ကန်စွာ ကျင့်ကြံဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါမှသာ တိုင်းပြည်ကို တကယ်ချစ်သလို တပ်မတော်ကိုလည်း တကယ်ချစ်ရာရောက်ပါတယ်။
ယနေ့ ယခု ရင်ဖွင့်ပြောကြားလာတဲ့ တပ်မတော်သားလေးရဲ့  ရင်တွင်းခံစားမှုတွေနဲ့  ကြုံတွေ့ ရင်ဆိုင်ရမှုကို နားလည်စာနာရပါတယ်။ ဒီလို ပြောကြားလာတဲ့ တပ်မတော်သားလေးကိုလည်း လေးစားရပါတယ်။ ထို့ အတူ ဒီလို ရင်တွင်းခံစားမှုတွေကို ပြောကြားလာတဲ့ တပ်မတော်သားလေးအပေါ် တန်ဖိုးထားပြီး တိုင်းပြည်ကို အုပ်ချူပ်နေသူများကလည်း တပ်မတော်အတွင်းမှာ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ကို ကြိုးစားဆောင်ရွက်သင့်ကြပါတယ်။ ဒီ တပ်မတော်သားလေးကို ဒီလိုပြောရသလားဆိုပြီး တစ်လွှဲအရေးယူဆောင်ရွက်တာမျိုးလုပ်မယ်ဆိုရင်တော့ လုံးဝ မသင့်တော်ဖူးဆိုတာကိုလည်း ပြောကြားလိုပါတယ်။

တိုင်းပြည်ကို တကယ်ချစ်ရင် တိုင်းပြည်ကောင်းအောင် မှန်ကန်စွာ ကြိုးစားကြပါ။

တပ်မတော်ကို တကယ်ချစ်ရင် တပ်မတော်ရဲ့  ဂုဏ်သိက္ခာ မြင့်မားအောင် မှန်ကန်စွာ ဆောင်ရွက်ကြပါလို့  ပြောကြားလိုပါတယ်။

No comments: