Friday, March 2, 2012

“ဒီမိုကရေစီရရှိုဖို့ အမေစုကို မဲထည့်စို့ ”

“ဒီမိုကရေစီရရှိုဖို့ အမေစုကို မဲထည့်စို့ ” လှုပ်ရှားဆောင်ရွက်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်၏ မဲဆွယ်ဘုဒ်တွင် အမှတ်တရ လက်မှတ် ရေးထိုးမှု။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် မဲဆွယ်ဘုဒ်တွင် အမှတ်တရ လက်မှတ် ရေးထိုးခဲ့ကြပါသည်။

ထို့ အတူ အကောင်းဆုံးမြေသြဇာအဖွဲ့မှ တိုင်းဒေသကြီး တာဝန်ခံများဖြစ်ကြသော ကိုတင်ထွဋ်ပိုင်၊ ကိုရှိုင်းအောင်ဂျာတို့မှ “ဒီမိုကရေစီ ရရှိဖို့ အမေစုကို မဲပေးစို့” လှုပ်ရှားမှုဆောင်ရွက်မှုများ လိုက်လံပြုလုပ်လျှက်ရှိပါသည်။

ယနေ့ တွင်လည်း မြေသြဇာအဖွဲ့ မှ တာဝန်ခံများနှင့် အဖွဲ့ သားများမှ ပြည်သူလူထုထံသို့  “ဒီမိုကရေစီရရှိုဖို့ အမေစုကို မဲထည့်စို့ ” စာတန်းများ လိုက်ဝေငှခဲ့ပါသည်။

No comments: