Saturday, March 10, 2012

အကြံဦးသော ကြံ့ ဖွတ်။

မြန်မာပြည်ရဲ့  အခက်အခဲရင်ဆိုင်ကြပ်တည်းနေမှုတွေကို ယာယီဆေးမြီးတိုနဲ့  ကုဖို့  ကြိုးစားနေသော ကြံ့ ဖွတ်အမတ်တစ်ဦးရဲ့  အကြံဦးမှုပါ။

ကျန်ခဲ့သည့် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ က ကချင်ပြည်နယ် မိုးကောင်းမြို့ နယ် လစ်လပ်မဲဆန္ဒနယ်အတွက် မဲဆွယ်စည်းရုံးလှုပ်ရှားမှု အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အတွက် ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှလည်းကောင်း၊ တသီးပုဂ္ဂလအဖြစ် ဒေါက်တာမနမ်းတူးဂျာ (ယခင် KIO) ဥက္ကဌဟောင်းမှလည်းကောင်း၊ ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ ဦးထွန်းထွန်းအောင်အတွက် မိုးညှင်းအမတ် ဦးကျော်စိုးလေးမှလည်းကောင်း တချိန် တည်း အပြိုင်ဆောင်ရွက်ခဲ့ကြကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

"ဒီနေ့ကျွန်တော်တို့  မိုးကောင်းမြို့ နယ်တ၀ိုက်ကို ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာပါတယ်။ ကျွန်တော်တို့ တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ ဒေါက်တာမနမ်းတူးဂျာက ကချင်ပြည်နယ်သားလည်းဖြစ်တော့ လူမျိုးရေးအရ ကချင်မျိုးစုရှိတဲ့ ပင်းဘောဒေသ၊ မင်းကုန်း၊ နမ္မနရွာ တွေကို လာရောက်စည်းရုံးပါတယ်။

ဒီဒေသက တိုင်းလျှံ (ရှမ်းနီ) မျိုးနွယ်စုများပါတယ်။ ဗုဒ္ဒဘာသာဝင်လည်းများတာကို အခွင့်ကောင်းယူပြီး ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီက မိုးညှင်းအမတ်ကျော်စိုးလေးက ဘာသာရေးကို အကြောင်းပြုပြီး "ဓမ္မကုန်း" မှာ အိန္ဒိယနိင်ငံ ရာဇဂြိုလ်က ပင့်ဆောင်လာတဲ့ ဗုဒ္ဒဓါတ်တော်နဲ့  "ဓမ္မရာဇိက" စေတီတည်ထားရန်အတွက်ဆိုပြီး ကျပ်သိန်း (၅၀) အကုန်အကျခံကာ လှုဒါန်းပွဲလုပ်ခဲ့ပါတယ်။ ဒေသခံတွေအပေါ် ငွေအားကို အသုံးပြုပြီး လက်တွေ့ လိုအပ်ချက်တွေအပေါ် အသုံးချကာ ယခုလို ပြည်သူလူထုရဲ့  လိုအပ်မှု မျှော်လင့်မှုတွေကို ယာယီဆေးမြီးတိုနဲ့  ကုသလိုက်တာ ဖြစ်ပါတယ်။

ထို့ အတူ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမနမ်းတူးဂျာတို့ ဟာ စည်းရုံးရေးစကားများသာပြောကြားပြီး ဒေသခံလူထုအတွက် လက်တွေ့  လုပ်ဆောင်ပေးမှု မရှိဖူးလို့  ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများအကြား သွေးခွဲထိုးနှက်သွားတဲ့ လုပ်ရပ်ဖြစ်ကြောင်း သိရှိရပါတယ်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် တိုင်းပြည်အတွက် အဓိကကျသော တရားမျှတမှု ဥပဒေစိုးမိုးမှု၊ ဘ၀ဖူလုံ အေးချမ်းသာယာ လုံခြုံမှု အစရှိတဲ့ အခြေခံအရင်းစစ်များအတွက် အဓိကထားဆောင်ရွက်နေကြသော ပြည်သူ့ ခေါင်းဆောင်များ၏ လုပ်ရပ်မှန်များကို ပြည်သူလူထုတစ်ရပ်လုံးမှ သိရှိနားလည်ကြရန် ယခုလို အချိန်ကာလတွင် အထူး အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါသည်။

မိုးညှင်းသား။

No comments: