Sunday, March 25, 2012

ကလေးငယ်ကို လစ်လျူရှူကြတဲ့ တာဝန်မဲ့တဲ့ ဗဟန်းရဲစခန်းက ရဲတွေကို အရေးယူပေးပါ။


































တာဝန်မဲ့တဲ့ ဗဟန်းရဲစခန်းက ရဲတွေကို အရေးယူပေးပါ။

ယနေ့  (၂၅.၃.၂၀၁၂) ရက်နေ့  တနင်္ဂနွေ နေ့ တွင် ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်းအနီး၌ အသက် (၈) နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင် ပြန်လည်စွန့် ပစ်ထားရစဉ် ဥပေက္ခာ မပြုနိုင်သော လမ်းသွားလမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။

ကလေးငယ်အား ထိန်းသိမ်းစောင့်ရှောက်ပြီး ကလေးရှင်များနှင့် အဆက်အသွယ်ရရှိရေး ဆောင်ရွက်ရမည့် တာဝန်မှာ ပြည်သူ့ ထံမှ လစာရိက္ခာ ခံစားနေသော ရဲတပ်ဖွဲ့ ဝင်များတွင် တာဝန်ရှိပါလျှက် ၄င်းတို့ ၏ တာဝန်မသိမှုကြောင့် ကယ်သူမဲ့နေသော ကလေးငယ်မှာ လမ်းသွားလမ်းလာများ၏ ကြင်နာမှုကြောင့်သာ မဟုတ်ပါလျှင် အခြေအနေဆိုးနှင့် ရင်ဆိုင်ရရန်သာ ရှိပါသည်။

သို့ ဖြစ်ပါသောကြာင့် တာဝန်ရှိသူများဖြစ်ကြလျက် တာဝန်မဲ့နေသော ရဲတပ်ဖွဲ့ ဝင်အချို့ ၏ ဆိုးရွား ယုတ်မာသော စိတ်ထားအား အများပြည်သူ သိရှိနိုင်ရေးအတွက် အသိပေးဖေါ်ပြလိုက်ရပါသည်။

(သတ္တိခဲ)။

No comments: