Saturday, March 17, 2012

အဘိုးအိုတဦးကို ကြံ့ဖွံ့ ဦးအောင်သောင်း ယာဉ်တန်းကားနှင့် တိုက်၍ သေ။

ဒီကနေ့ နေ့လည် ၁း၀၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့သည် ဝက်လက်ရွာကို စည်းရုံးရေးဆင်းရာမှာ နတ်နွားတော်ပို့ရွာအနီးတွင် ဦးကံစိန်ဆိုသည့် အဘိုးအိုတဦးကို စည်းရုံးရေးခရီးထွက်လာသည့် ယာဉ်တန်းမှ ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် ညွှန်ကြားပြီး ဝက်လူးရွာကို ဆက်လက်ထွက်ခွာတယ်လို့ သိရပါသည်။

သေဆုံးသူမှာ နတ်နွားတော်ပို့ရွာအနီးမှ ပြရာကျေးရွာက ဖြစ်ပါသည်။ တိုက်မိသည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာဖြစ်တယ်လို့ သတင်းရရှိပါသည်။

(Guiding Stars of Burma မှ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်)။

No comments: